87. မနာလိုသော ဝမ်းကွဲ ရန်ယင်းကု

916 93 0
                                    

"သခင်မလေး ၊ မငိုပါနဲ့ ၊ သခင်စီမာက မမလေးကို လက်ထပ်မှာ သေချာပါတယ် ။ မမလေးက သခင်ရဲ့ အကြိုက်ဆုံးသူပဲ ၊ ဒါက သူပို့လိုက်တဲ့ အသုံးအဆောင်တွေနဲ့ အဝတ်အစားတွေပါ ၊ ဒါတွေကို မမလေး  ဝတ်ရင် သူ့ သေချာပေါက် အံသြသွားလိမ့်မယ် ။  မမလေးလို လှပတဲ့ တခြားမိန်းမတစ်ယောက်ကို ကျုပ်မမြင်ဖူးဘူး ၊ သခင်စီမာသာ သခင်မလေး ဝမ်းနည်းနေတာတွေ့ရင် သူဘယ်လို သည်းခံနိုင်မလဲ "

အိမ်ဖော်က သူ့ဘေးနားက လှပတဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကောက်ယူပြီး အရမ်းငိုနေတဲ့ ရန်ယင်းကု ကို ပြလိုက်တယ်။ 

"ဝမ်းကွဲက အဲဒီမိန်းမကို လက်ထပ်တော့မယ်။"

ရန်ယင်းကု၏ မျက်လုံးများသည် နီရဲလာသည်။  သူမမျက်ရည်တွေက ဘယ်လိုမှ သုတ်ပေးလို့ မရပ်နိုင်ဘူး ။ သူ့အစ်ကိုဝမ်းကွဲက အဲဒီမိန်းမကိုလက်ထပ်တော့မယ်ဆိုတာ သိထားပြီးသားဆိုပေမဲ့ အခုထိုအရာကို ထပ်ကြားလိုက်ရတော့ သူမ နှလုံးသားက အရမ်းနာကျင်သွားကာ ချစ်စရာကောင်းတဲ့ စကားတွေတောင် မပြောနိုင်တော့ဘူး ။အခု သူမ ငိုဖို့ အခန်းထဲမှာသာ ပုန်းနေရတယ်။ 

သူမ၏လှပသောမျက်နှာသည် မျက်ရည်များဖြင့် စွန်းထင်းနေပြီး အထူးသနားစရာကောင်းပုံရသည်။ အိမ်အကူသည် သူ့သခင်မကိုယ်စား အနည်းငယ်မျှမတရားဟု တွေးနေမိသည်။ 

“သခင်မလေး၊ မင်းနဲ့ သခင်စီမာတို့က အတူတူကြီးပြင်းလာတာ တခြားမိန်းမတွေက မမလေးနေရာကို ဘယ်လို အစားထိုးနိုင်မှာလဲ။ ထို့အပြင် သခင်က ထိုအမျိုးသမီးကို ထိမ်းမြားပြီးလျှင် မမလေး ကို လက်ထပ်ပေးမည်ဟု ကတိပြုပြီး မင်းကို သူမနှင့် တန်းတူညီတူသော မယားဖြစ်စေရန် ကတိပြုထားတယ်လေ ။ မမလေးက  ဒီနေရာ မှာကြီးပြင်းလာခဲ့တာ ၊ သခင်မကြီးက မင်းရဲ့ အဒေါ်ဖြစ်ပြီး ၊  အဲဒီမို့မိသားစုကအမျိုးသမီးက မင်းနဲ့ ဘယ်လိုယှဉ်နိုင်မလဲ။  ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမိန်းမက သူ့ဂုဏ်သတင်းကလွဲလို့ တခြားအရာအားလုံးမှာ မင်းကိုရှုံးတယ်။"

ရန်ယင်းကုက မရပ်မနား ငိုနေတာကိုတွေ့တော့ အိမ်အကူက လက်ထဲမှာ ပစ္စည်းတွေကို လှဲချလိုက်ပြီး သူမကို လက်ဖက်ရည်တစ်ခွက်တိုက်၍ ကူညီပေးကာ ပေါ့ပေါ့ပါးပါး နှစ်သိမ့်လိုက်မိသည် ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now