111. တော်ဝင်မင်းသမီး ရုတ်တရက် ပေါ်လာပြီး ကူညီပေးသည်

794 102 0
                                    

မို့ရွှီတုန်း၏ မျက်လုံးများသည် အေးစက်သွားသည်။  သူမ ခေါင်းကို မြင့်မြင့်မော့ထားကာ ယုစီလုံကို တိတ်တဆိတ်ကြည့်ရင်း ဘယ်သူ့မျက်လုံးကိုမှ ရှောင်မသွားဘဲ စိုက်ကြည့်လေသည် ။ သူမ၏အမူအရာသည် ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်း ဖြစ်နေပြီး သူမ၏အားနည်းပြီး သူရဲဘောကြောင်သောပုံနှင့် လုံးဝကွဲပြားသည်။ 

သူမရဲ့ ထက်မြက်မှုကို လူတိုင်းရှေ့မှာ ပထမဆုံးအကြိမ် ပြသခဲ့တာပဲ ။  ဒါဟာ သူမ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသတဲ့ ပထမဆုံး အကြိမ်ပါပဲ။  လူတချို့က မင်းရဲ့ရန်သူဖြစ်ဖို့ ရည်မှန်းထားတယ်ဆိုရင် ထိုလူတစ်ချို့ကို  ရှောင်ရန် မလိုအပ်ပါဘူး ။ 

အတိတ်၏ရန်ငြိုးဖွဲ့မှုနှင့် ယနေ့အမုန်းတရားများကြောင့် သူမကို နားလည်သဘောပေါက်စေခဲ့သော အရာတစ်ခုရှိသည် ။  အဲဒါက၊ မင်း သူတို့ကို လမ်းလွှဲပြီးခွင့်လွတ်ပေးရင်တောင် တခြားသူတွေက မင်းကို အသက်ရှင်ခွင့်ပြုမှာ မဟုတ်ဘူး ။

သူမပြောပြီးအခါတွင် အားလုံး တိတ်ဆိတ်သွားကြသည်။  အားလုံးက သူမကိုကြည့်ကာ သူမသည်  ဖြောင့်မတ်စွာ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ 

ယုစီလုံကို အေးစက်စွာကြည့်ရင်း သူမ၏မျက်လုံးများသည် ရေကန်များကဲ့သို့ ကြည်လင်နေပြီး အသက်ဝင်အောင် လင်းလက်နေပါသည်။  သူမသည် အေးဆေးတည်ငြိမ်ပြီး မြင့်မြတ်သော မိန်းမတစ်ယောက်လို ဖွဲ့စည်းထားသည်။

လူတွေအားလုံးက ယုစီလုံကို သံသယ၊ အထင်အမြင်သေးပြီး ကဲ့ရဲ့လှောင်ပြောင်ကြပြီး သူ့မကို ရယ်မောကြရင်း အကြောင်းပြချက်တစ်ခုခုကြောင့် မို့ရွှီတုန်းပြောသမျှကို ယုံသွားကြပါတယ်။

မို့ရွှီတုန်းသည် အရာအားလုံးကို ပြတ်ပြတ်သားသား မပြောသော်လည်း အတွင်းခန်းအတွင်း၌ အချိန်အတန်ကြာ နေထိုင်ခဲ့ကြသူများအားလုံးသည် ထက်မြက်ကြသည်။ မို့ရွှီတုန်းကသာ မရှောင်နိုင်ခဲ့ရင် သူမဟာ ထိခိုက်မည့်သူဖြစ်သည် ။ ဆိုတော့ ယုစီလုံကသာ သူမအား ကြံစည်ခဲ့သည်မှာ ပေါ်လွင်နေသည် ။

မို့ရွှီတုန်းသည် ယုစီလုံ၏ကြံစည်မှုမှ ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ယုစီလုံသည် တိတ်တဆိတ် မနေနိုင်ပဲ မို့ရွှီတုန်းကို မုန်းတီးကာ ထပ်မံအပြစ်တင်ခဲ့သည် ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now