114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား

723 94 1
                                    

"ဒါက တို့အိမ်က အုပ်ချုပ်ရေးသမားလား?"  .

လူအုပ်ကြီး၏ အပြင်ဘက်တွင် အေးစက်ပြီး ထူးခြားသည့်​အသံကို ကြားလိုက်ရကာ အသံပိုင်ရှင် အမျိုးသမီးတစ်ဦးသည်ဖြည်းဖြည်းချင်းချဉ်းကပ်ခဲ့သည်။ 

သူမသည် ရိုးရှင်းစွာ ၀တ်ဆင်ထားပြီး ထူးထူးခြားခြား အလှတရားဟူ၍ မရှိပေ။  တကယ်တော့ သူမရဲ့အဝတ်အစားတွေက လက်ရှိအမျိုးသမီးတွေထက်တောင် ပိုဆိုးပါတယ်။ သို့သော် သူမသည် လှပစွာ ၀တ်ဆင်ထားကာ ဘေးနားတွင် ရပ်နေသော အိမ်အကူ အချို့နှင့်လည်း မတူပေ။

အခြားသူ၏အမိုးအောက်တွင်နေထိုင်သော မြင့်မြတ်သောအမျိုးသမီးသည်သာ ဤကဲ့သို့သောပုံစံရှိသင့်သည်။

မိုဟွာဝမ်က ဝမ်ရင်းကို နှင်ထုတ်ခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။  မို့ရွှိတုန်းသည် ထိုအချိန်က အသက် 10 နှစ်သာရှိသေးပြီး အရွယ်အစားနှင့် အသွင်အပြင်အရ လုံးဝကွဲပြားနေပုံရသည်။  ထိုကောင်မလေးက အနည်းငယ်ရင်းနှီးပုံရပြီး ဝမ်ရင်းက ချက်ချင်းဆိုသလို သူမဘက်လှည့်ကာ ချစ်ခင်တွယ်တာမှုဖြင့်ပြောသည် ။

"တုန်းအာ ၊ ကိုယ် စိတ်မကောင်းပါဘူး။ ကိုယ်တို့ကြားမှာဖြစ်ပျက်ခဲ့တာတွေအကြောင်း ကိုယ် သူတို့ကို တမင်တကာ ပြောပြခဲ့တာ မဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက မင်းကိုယ့်​ကို ဒါပေးတုန်းက မင်းကို ဒုက္ခမပေးဘူးဆိုပြီး ကတိပေးခဲ့တယ်၊ ဒါပေမယ့် ကိုယ်မလုပ်နိုင်ဘူး။ ကိုယ် မင်းကို နှိမ့်ချစွာ ထားမှာ မဟုတ်ဘူး။  အနာဂတ်မှာ မင်းကို ကိုယ်ပိုင်ဆိုင်သမျှအားလုံး ပေးမယ်။ မင်းကို ကိိုယ်သိပ်ချစ်မယ်။  နောက်မှ ကိုယ်တို့ မြို့တော်ကို အတူတူပြန်ပြီး မင်းအဖေကို လက်ထပ်ခွင့်တောင်းကြမယ် "

"မင်းက တို့အကြောင်းပြောနေတာလား" အဆိုပါ မိန်းကလေးက မျက်မှောင်ကြုတ်ပြီး သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

သူမသည် ခေါင်းကို မော့ထားပြီး သူမ၏ အထင်အမြင်သေးသည့် လေသံက ဝမ်ရင်းကို ဒေါသထွက်စေခဲ့သည်။

မို့ဟွာဝမ်က သူ့ကို နှင်ထုတ်ပြီးနောက် လူတိုင်းက သူ့ကို ဘယ်လို ရှုတ်ချသလဲ ဆိုတာကို သူ တွေးနေမိသည်။ သူသည် အကြိမ်ပေါင်းများစွာ အရှက်ကွဲခဲ့ရပြီး မိုဟွာဝမ်ကို အလွန်မုန်းတီးခဲ့သည်။  သူဘာပဲလုပ်လုပ် ဒီကောင်မလေးကို နာမည်ပျက်သွားအောင် ဖျက်ဆီးပစ်မည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now