51. နန်းတော်၌ တစ်ညတာ ကုန်ဆုံးခြင်း

1.6K 192 5
                                    

"စောနေပါသေးတယ်၊ ဧကရီမှာ အစီအစဥ်တစ်ခုခုတော့ ရှိကောင်းရှိနိုင်ဦးမှာပေါ့။ ခဏလောက်စောင့်လိုက်ဦး။ တို့လို အရပ်သားတွေက ဧကရီရဲ့ အမိန့်မပါဘဲ ပြန်ပြီး အခြေအနေကို ကမောက်ကမဖြစ်အောင် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ "

မို့ရွှမ်မင်သည် ဒေါသတကြီး ထွက်လာသည်။ သူမ၏ ကြံစည်မှုမှာ တစ်နေ့လုံး အချည်းနှီးပင်ဖြစ်သွားရသည် ။ ဒီအတိုင်း ထွက်သွားဖို့ သူမ ဘယ်လို ဆန္ဒရှိမှာလဲ။ အထူးသဖြင့် ဘုရင်ချူ၏ ချောမောသော မျက်လုံးများက သူမကို အာရုံစိုက်နေချိန်ဖြစ်သည်။

မင်းသားချူသည် သူမကို စိတ်ဝင်စားတယ်ဆိုတာ ထင်ရှားပါတယ်။ မင်းသားချူ သည် သူမက လှပနေသောကြောင့် သူမကို သဘောမကျမည်ကို သူမယုံကြည်ခဲ့ပေ။

"အစ်မကြီး၊ ဖေဖေက ပွဲပြီးရင် ပြန်လာရမယ်လို့ ပြောတယ်။ အကယ်လို့ အမက နန်းတော်ထဲမှာနေချင်သေးရင် ဖေဖေ စိတ်မပူဖို့ တို့အရင်ထွက်သွားမှရမယ်။"

မို့ရွှီတုန်း သည် ပေါ့ပေါ့တန်တန် မျက်မှောင်ကြုတ်ကာ သူမ၏အမူအရာသည် ခက်ခဲသောနေရာတွင် ထားရသကဲ့သို့ ဖြစ်နေပြီး သူမ၏မျက်လုံးများ တောက်ပနေခဲ့သည်။ ဘေးနားက ကောင်မလေးတွေ စိတ်ဝင်တစား ကြည့်လာကြသည်။ ။ ပြတ်ပြတ်သားသားပြောတတ်တဲ့ အမျိုးသမီးက ဝင်ပြောလေသည် ။

"တတိယသခင်မလေးမို ၊ ပထမသခင်မလေးမိုက မင်းနဲ့ နန်းတော်ထဲကို အတူမလာခဲ့ဘူးလား၊ သူမက သခင်မိုရဲ့ အမိန့်ကိုတောင် မကြားလိုက်ဘူး။ သူက တခြားသူနဲ့အတူ နန်းတော်ထဲကို ဝင်သွားတာ ဖြစ်နိုင်လား"

ကိုယ်လုပ်တော်၏သမီးသည် ပန်းလေးမြတ်ပွဲသို့ တက်ရောက်နိုင်သည်မှာ ထူးဆန်းနေပြီဖြစ်သည်။ တခြားသူနဲ့ နန်းတော်ထဲကို ဝင်ခဲ့မယ်ဆိုရင် ပိုတောင် ထူးဆန်းနေပြီဖြစ်သည် ။

မို့ရွှမ်မင်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး သူမ၏ မျက်နှာသည် ရုတ်တရက် နီရဲသွားသည်။ မင်းသားချူရှေ့တွင် မေးလိုက်သောမေးခွန်းက သူမဟာ တော်ဝင်မိသားစုနဲ့ လက်ထပ်ဖို့ စိတ်ဝင်စားကြောင်း သိသာထင်ရှားစေခဲ့ပါတယ်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now