115. ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု

681 80 0
                                    

မနေ့က ဖြစ်ပျက်ပြီးတဲ့ နောက်မှာ ယုစီလုံကို ပြောင်ပြောင်တင်းတင်း ခေါ်ထုတ်ဖို့အထိ သခင်မချန်က မတုံးအပါဘူး ။  ထို့ကြောင့် သူတို့ လူစုလူဝေး အပြင်ဘက်မှာ တိတ်တိတ်လေးရပ်နေခဲ့ပြီး သူတို့အား လူအများက သိပ်အာရုံမစိုက်နိုင်ခဲ့ကြဘူး ။  သို့ဖြစ်၍ ဝမ်ရင်းသည် မို့လန်ကို မို့ရွှီတုန်းဟု ထင်မြင်ပြီး မို့ရွှီတုန်းကို တိုက်ခိုက်ရန် ကြံစည်သောအခါ သူတို့သည် မှားသွားမှန်းသိသော်လည်း မထွက်ပေါ်လာရဲပေ ။

ဝမ်ရင်းသည် ထပ်မံ၍ယုစီလုံးနာမည်ကို ရုတ်​တရက်​ဆွဲထုတ်​သွား​သောအခါ အသုံးမဝင်​​သော ဝမ်ရင်းကို သူမ ပိုမုန်းတီးခဲ့ကြသည်​။  သူမ ဘယ်လိုငြိမ်ငြိမ်နေနိုင်တော့မလဲ ။ 

သူမသည် သခင်မချန်၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်ပြီး သူမပတ်ဝန်းကျင်မှ လူများကို ဘေးသို့ တွန်းထုတ်ကာ လူအုပ်ထဲသို့ တိုးဝင်လိုက်သည် ။  သူမက ဝမ်ရင်းကို လက်ညှိုးထိုးပြပြီး ရူးသွပ်စွာ ဆူပူကြိမ်းမောင်းလေသည် ။

"တို့ကို ဒီလိုအပုပ်ချဖို့ မင်းကို လမ်းညွှန်ပေးတဲ့သူက ဘယ်သူလဲ။" 

သူမ၏မျက်နှာည် ဒဏ်ရာတွေနဲ့အတူ ဆံပင်များက ညစ်ပတ်နေတယ်။ သူမ ဒေါသအရမ်းထွက်ပြီး အသိတေစိတ်တွေ လွတ်သွားခဲ့တယ် ။  သူမ၏မျက်လုံးများသည် ရိုင်းစိုင်းနေပြီး ဝမ်ရင်းကို ထရိုက်ပစ်မည့်ပုံပေါက်နေသည်။  ဒါက သခင်မကြီးများနဲ့ မိန်းမပျိုတချို့ကို ကြောက်လန့်စေတယ်။ 

တော်တော်များများက သူမကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ နောက်ဆုတ်သွားကြသည်။  ဘာပဲဖြစ်ဖြစ် ယုစီလုံကို ​​မြင့်မြတ်တဲ့ မိန်းမတစ်ယောက်လို သူတို့ လုံးဝမမြင်နိုင်တော့ဘူး ။

"ဒါက အမှန်တရားဖြစ်သလိုပဲ၊ သူမ ဘယ်လောက်တောင် စိတ်ပူနေလဲ ကြည့်စမ်း..."

"ဒါက အမှန်ဖြစ်နိုင်ပါတယ်။ မဟုတ်ရင် ဘာလို့ သူ့လက်ထဲမှာ ထိုကြိုး ရှိနေရတာလဲ!" 

"ယုမိသားစုမှာ ဒီလိုမျိုး သမီးတစ်ယောက်ရခဲ့တာ တကယ်ကို ဆိုးရွားတဲ့ မျိုးပွားမှုတစ်ခုပဲ!" 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now