121. ချင်ဝေ့ဥယျာဥ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း

753 74 1
                                    

သူတို့တွေ့ပြီးကတည်းက မို့ယုဖန်က သူမရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို အေးစက်စွာ ကြည့်ပြီး စိုးရိမ်စိတ်နဲ့ မေးတယ် ။

" တတိယညီမ ၊ မကြာသေးခင်က မင်းရဲ့ကျန်းမာရေးက ဘယ်လိုလဲ ၊ မင်း ဆေးသောက်နေရတုန်းလား ? ဆေးက အနံ့မွှေးပြီး လန်းဆန်းနေတယ်။ ဆေးမှာ တစ်ခုခုတော့ ထူးထူးခြားခြား ပါဝင်နေတာလား။"

"မင်းရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းအတွင်း တို့ကျန်းမာရေးက ဘာမှပြဿနာမရှိလို့ ဘာမှမသောက်ဘူး ။ဒါကအပူကိုရှင်းဖို့ သုံးတဲ့ထင်ရှားတဲ့ပစ္စည်းတစ်ခုပါပဲ။  တို့က လန်းဆန်းတဲ့ရနံ့ကိုကြိုက်လို့ ဒါကိုအမြဲတမ်းယူသွားခဲ့တယ် ။ တို့ ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်နိုင်ဖြစ်ပြီး နေထိုင်မကောင်းသလို ခံစားရတဲ့အတွက် လုအိမ်တော် မှာရှိတဲ့ တို့ဝမ်းကွဲက ဆရာပိုင်ဆီမှာ တို့အတွက် ဆေးတောင်းခဲ့တယ်။ တို့ကလည်း အခန်းကို လန်းဆန်းစေမယ့် အမွှေးနံ့သာတွေကို အမြဲထွန်းထားဖြစ်တယ် ။ ဒါက ဆေးနံ့နဲ့ ဆင်တူတယ်လို့ တို့ထင်ပါတယ်။  ဒါကြောင့် တို့ ဆက်သုံးဖြစ်တယ် " မို့ရွှီတုန်းက မိုယု ပေးသော လက်ဖက်ရည်ကို ယူပြီး အနည်းငယ် မြည်းစမ်းပြီး ရှင်းပြသည်။ 

"အိုး၊ အနံ့မွှေးရုံတင်မက ဆေးဖက်လည်းဝင်တယ် ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီနေရာကို ပို့ပေးဖို့ လုဗိုလ်ချုပ်ကို လာမေးရဦးမယ်။ အဖွားက အသက်ကြီးပြီး အမြဲတမ်း ကောင်းကောင်းမအိပ်နိုင်ဘူး။ " မိုယုဖန်သည် အခြားရည်ရွယ်ချက်များဖြင့် ပြုံးပြုံးရွှင်ရွှင် မေးလိုက်ရာ သူ့မျက်လုံးထဲတွင် မှုန်ကုပ်ကုပ် ပေါ်လာသည်။

ချင်းယွီဖန်က ဘာမှပြန်မပြောဘဲ ခွက်ကိုယူကာ ဝိုင်သောက်လိုက်သည်။  သူသည် ခွက်အလွတ်နှင့် တိတ်တိတ်ဆိတ်ဆိတ် ကစားခဲ့ပြီး အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။  သူ့ခွက်ကို ဆက်ဆော့နေသော ချင်းယွီဖန်ကြောင့် ဝိုင်း ထပ်ဖြည့်ချင်သော အိမ်အကူကို ရပ်တန်းလိုက်သည် ။ ချင်းယွီဖန်သည် မည်သည့်အရာကိုမျှ မကြည့်ဘဲ ခွက်ပေါ်တွင် ခြားနားသော အရာတစ်ခုကိုသာ ကြည့်နေပုံရသည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now