10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း

2.2K 286 7
                                    

မို့ရွမ်မင်သည် သူတို့ပတ်ဝန်းကျင်ရှိလူများ၏ သံသယအကြည့်များကို သူမမြင်လိုက်သောအခါ ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူမ လက်ကိုင်ပုဝါကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လိုက်ပြီး နှလုံးခုန်သံက ​မြန်လာခဲ့သည်။ 

သို့သော် အိမ်အစေခံများက ရထားကန့်လန့်ကာများကို ဆွဲဖွင့်နေခြင်းကိုသာ သူမကြည့်နေနိုင်ခဲ့သည်။ အိမ်အစေခံနှစ်ယောက်က အမြန်ပင် အပြာရောင် ကန့်လန့်ကာကို ဆွဲတက်လိုက်ကြတယ်။ အပြာရောင် ကန်လန်ကာက မြေပြင်ပေါ်သို့ လွင့်ကျသွားသောအခါ အထဲကအရာများကို ရှင်းလင်းစွာမြင်ရလေသည် ။

အားလုံးသည် မျက်လုံးပြူးကျယ်စွာဖြင့် လွတ်နေသော ရထားကို စိုက်ကြည့်နေကြသည်။ သူတို့အားလုံး မည်သည့် ပုတ်ခတ်သံမှမဆိုရဲကြပဲ တိတ်ဆိတ်သွားခဲ့သည် ။တကယ်ကိုပဲ ရထားထဲတွင် ဘာမှမရှိပေ ။ ရထားလွတ်ကြီး တစ်ခုသာဖြစ်သည်။

"ကျွန်မက အဝေးကဖြစ်တဲ့ တိမ်တိုက်မြို့က လာခဲ့တာပါ။ ဒါပေမယ့် ဒီအစေခံတွေက လိမ်လည်ပြီး နောက်ဆုံးရထားကိုပါ ပို့ပေးလိမ့်မယ်လို့မထင်ခဲ့ဘူး ။သူတို့အမြင်မှာ ကျွန်မက တုံးအလို့ အစေခံတွေတောင် လိမ်လည်ဝံ့တာ ဖြစ်မယ် "

မို့ရွှီတုန်း သည် ဤမြင်ကွင်းကို စောင့်မျှော်နေခဲ့သည်။  ပြီးတော့ သူက ဒေါသတကြီးနဲ့ ပြောလေသည် ။

" ဒါမှမဟုတ် ညီမက တစ်ယောက်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံဖို့ မြို့တော်ကို လာခဲ့တာလို့ အစ်မထင်တာလား။  အဲဒါကို ရှင်းရှင်း လင်းလင်း မပြောဘဲ ညီမက တယောက်ယောက်ကို လုပ်ကြံလိုက်တာလို့ ​အမပြောခဲ့တယ်လေ"

ထိုအခြေအနေနဲ့ ပတ်သက်ပြီး သေချာတွေးခေါ်ကြည့်မည်ဆိုလျှင် အရာအားလုံးက ရှင်းလင်းပါတယ် ။ ရထားမောင်းသူသည် တတိယသခင်မလေးကိုသာ ဦးတည်အပြစ်ဖို့နေတာ ထင်ရှားလေသည် ။ ထို့အပြင်  မိုမိသားစု၏ အကြီးဆုံးသော သခင်မလေး၏ လုပ်ရပ်မှာလည်း အထူးအဆန်းဖြစ်နေသည်။ 

အခြားမြင်းရထားများမှ အမျိုးသမီးများ အားလုံးသည် စေ့စေ့နားထောင်ပြီး လေးလေးနက်နက် တွေးတောနေကြသည်။  အချို့လူများက မိုရွှီတုန်းအား အပြစ်မပြောကြတော့ပေ ။ထိုအစား သူတို့အားလုံးက မိုရွမ်မင်ကို အံသြစွာ ကြည့်နေကြတယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now