86. မို့ရွှီတုန်းကို ပြစ်ဒဏ်ပေးခြင်း

981 119 1
                                    

မိုစုသည် မို့ရွှမ်မင်ကို ပွေ့ဖက်ရင်း ငိုခဲ့သည်။  ယခုတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ၊ အပြင်မှ အိမ်ဖော်များ အားလုံးက သူမ၏အသံကို ကြားလိုက်ကြရသည်။  နာခံမှုရှိသောသူအချို့သည် ခြံဝင်းမှထွက်သွားပြီး အပြင်တွင် စောင့်ဆိုင်းနေကြသည်။ ကန့်လန့်ကာတွေရုတ်သိမ်းပြီး ခဏအကြာတွင် နန်နီတစ်ယောက် ပေါ်လာတယ်။ 

သူမသည် ခြံဝင်းထဲမှ ထွက်သွားသည်ကို မြင်သောအခါ ကျေနပ်စွာ လှည့်ကြည့်၍ အဘွားကြီး၏ နားထဲတွင် ရေရွတ်ရင်း ပြန်သွားခဲ့သည်။

"တော်လောက်ပြီ ၊ အားလုံးရပ်ကြတော့ ၊ မို့အိမ်တော်မှာ မှာ အရမ်းရှက်စရာကောင်းတဲ့ တစ်ခုခု ဖြစ်သွားတာကို တခြားသူတွေ မသိမှာကို စိုးလို့လား "

အဘွားအိုသည် ဒေါသနှင့် တောင့်တင်းနေပြီး သူမ၏ မျက်နှာပေါ်ရှိ သွေးကြောများ တုန်ယင်နေလေသည်။

ဒီလိုမျိုး ကြုံဖူးတဲ့ မိသားစုတိုင်းက အဲဒါကို သူတို့ရဲ့ဘဝနဲ့ ဖုံးကွယ်ဖို့ ကြိုးစားကြလိမ့်မယ်။  သို့သော် သူ့ရှေ့မှ မိန်းကလေး နှစ်ယောက် က ဟန်ထူးဆောင် လုပ်နေကြသည် ။ 

မို့ရွှမ်မင်သည် နာခံမှုရှိသော ကလေးတစ်ဦးဟု သူမထင်ခဲ့သော်လည်း ယခုတွင် မို့ရွှမ်မင်သည် ထိုသို့သော ဟန်ပန်များကို ဖန်တီးနေခဲ့သေးသည် ။ အဘွားကြီး ဒေါသတကြီး ဖြစ်နေတယ်။ 

မို့ရွှမ်မင်သည်လည်း အဘွားကြီး၏ ဒေါသကို ခံစားလိုက်ရသည်။  အစောပိုင်းက မို့ရွှီတုန်း၏ စကားများသည် သူမအတွက် အလွန်အမင်း ထိခိုက်စေခဲ့သည်၊ ထို့ကြောင့် သူမ၏ တုံ့ပြန်မှုသည် သူမ ပုံမှန်ပြုမူပုံနှင့် ကွာခြားလွန်းလှသည်။ 

သူမသည် အဘွားကြီး၏ ရှေ့တွင် ချက်ချင်း ဒူးထောက်ကာ သူမ၏ ၀တ်ရုံကို ဆွဲတင်လိုက်သည် ။

" အဖွား၊ အဲဒါ မင်အာရဲ့ အပြစ်ပါ။  တတိယညီမ က ဒီလိုပြောလို့ ဆိုတော့ .......ဒါကြောင့် မင်အာက ဆင်ခြင်တုံတရားမဲ့စွာ ပြုမူခဲ့မိပါတယ် ။ ကျေးဇူးပြုပြီး အပြစ်ပေးပါ အဖွား။  "

သူမက ညင်သာစွာပြောပြီး သူမရဲ့ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းပြီး ပြန်သွားလိုက်သည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now