137 . မို့ရွီတုန်းသည် အမှောင်ထဲတွင် ခိုးကြောင်ခိုးဝှက်ကြည့်သည်

711 62 2
                                    

အခန်းတွင်းရှိလေနွေးနှင့် ပူသောလေထုကြောင့် လင်းဖန်ရန်သည် ပေါ့ပါးသောအဝတ်အစားကိုဝတ်ဆင်ထားသော်လည်း သူမ၏မျက်နှာက အလွန်နီမြန်းနေခဲ့တယ်။  မီးအိမ်အောက်တွင် ရင်သပ်ရှုမောဖွယ်အဝတ်အစားများက သူမ၏အလှကို တိုးဝင်စေသည်။ ဖန်ယုရှောင်၏ ရှုထောင့်မှကြည့်လျှင် သူမသည် နှင်းဆီတစ်ပွင့်ကဲ့သို့ လှပပြီး ဆွဲဆောင်မှု ရှိသည်။ 

"အလှတရားတစ်ခုက နှင်းဆီလို မျက်နှာရှိပြီး သူ့မျက်ခုံးတွေက မိုးမခအရွက်လိုပါပဲ။ ကျွန်တော့်မှာ အရင်က ဒီလိုအလှမျိုးကို စာအုပ်တွေထဲမှာပဲ တွေ့ဖူးပေမယ့် လက်တွေ့ကမ္ဘာမှာ တကယ်မြင်ဖူးတာကို တွေးကြည့်လို့တောင် မရဘူး။ ကျုပ်က အရမ်းကံကောင်းတယ်" ဖန်ယုရှောင်က သူမကို ညင်သာစွာ လှမ်းကြည့်သည်။ 

ဖန်ယုရှောင်၏ အပြုံးက နူးညံ့ပျော့ပျောင်းပေမယ့် သူ၏မျက်လုံးများက လင်းဖန်ရန်ကို အံ့သြတကြီး တောက်တောက်လောင်လောင် မျက်လုံးတွေနဲ့ ဂရုတစိုက်ကြည့်နေသည် ။ ဖန်ယုရှောင်၏ ရှင်းရှင်းလင်းလင်း မသိရသော်လည်း လင်းဖန်ရန်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ပြီး ဝမ်းသာသွားပါသည်။ 

"မင်းသားရဲ့ ဂုဏ်ကျေးဇူးနဲ့ လက်ဆောင်အတွက် တို့အရမ်း ကျေးဇူးတင်မိပါတယ်၊ မင်းသားပေးခဲ့တဲ့ မီးပုံး ပျက်သွားလို့ တို့နှာမြောလိုက်တာ ။ ဒီလိုလှပတဲ့ မီးပုံးမျိုး တို့တစ်ခါမှ မမြင်ဖူးသေးဘူး ။ ပြီးတော့ မင်းသားရဲ့ ချီးမြှောက်မှုကိုတောင် တို့ရခဲ့တယ် ၊ ဒီလို ခက်ခဲတဲ့ ပဟေဠိတစ်ခုအတွက် မင်းသားက အဖြေတစ်ခုရအောင် ပြောနိုင်ခဲ့တာမို့ နန်းတော်မှာရှိတဲ့ လူတိုင်းက မင်းသားဟာ အရည်အချင်းရှိတယ်ဆိုတာ သိပါလိမ့်မယ်။ မင်းသာ မင်းသားရှောင်ကို အလျှော့မပေးဘဲ နှစ်ခုစလုံးကို ဖြေခဲ့ရင် ငါတို့က ဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူး။ " လင်းဖန်ရန်က သူမခေါင်းကို မော့ပြီး ဖန်ယုရှောင်ကိုကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ပြောနေသည်။  သူမရင်ထဲမှာ ချိုမြိန်မှုနှင့် မြတ်နိုးမှုတို့ ရှိနေသည် ။

သူမ၏စကားများသည် ဖန်ယုရှောင်အပေါ် လေးစားမှုကို ပြသရုံသာမက ဖန်ယုရှောင် နှင့် ဖန်ယုလန်တို့သည် ပဟေဠိများကို မှန်းဆနေကြသောအခါတွင် ဖန်ယုရှောင် သည် သူ့ညီနှင့် ခင်မင်ရင်းနှီးစေရန် ကောင်းစွာအလျှော့ပေးခဲ့သည် ။ ထို့ကြောင့် သူသည် ညီငယ်ကို အနိုင်ရစေပြီး လက်ဆောင်ကို ဦးစွာရွေးချယ်ခွင့်ပေးသည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now