30. မို့ရွှီတုန်းက ဝင်ရောက်နှောက်ယှက်သည် ။

1.9K 203 2
                                    

"ဒီည အိမ်မှာ တစ်ခုခုဖြစ်လိမ့်မယ် ၊ မနက်ဖြန်ရောက်ရင် ဖေဖေက သံသယဖြစ်နေလောက်ပြီ။ အဖေက ဒီကိစ္စကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရင် တို့မမက ဒဏ်ပေးခံရလောက်တယ် ။ဒီလိုဆို တို့နေပိုကောင်းသွားလိမ့်မယ်။ "

အဆိုပါအ​ကြောင်းအရာကို မိုမိသားစုမှ မိုရွမ်မင်သည် မငြင်းနိုင်လောက်တော့ပေ ။ မို့ရွှီတုန်းပြောတာကို သူမကြားတဲ့အခါ မိုလန် အံ့ဩသွားတယ်။  ခဏအကြာတွင် သူမ အသက်ပြင်းပြင်းရှူကာ

“သခင်မလေး ၊ ဒီလူနှစ်ယောက်က ပထမသခင်မလေး နဲ့တွေ့တာ သေချာရဲ့လား” လို့ ရေရွတ်လိုက်တယ်။ 

မို့ရွှီတုန်းသည် သူ့ကိုယ်သူ ထိုင်နေရာမှ ထရပ်လိုက်ပြီး မိုလန်က သူမကိုပေးသော လက်ဖက်ရည်ကို ယူလိုက်ပြီး တစ်ကျိုက်သောက်လိုက်သည် ။

"စီမာလင်းရန်နဲ့ ပေါင်းသင်းနေကြတဲ့ ချမ်းသာတဲ့မိသားစုကသားတွေအားလုံးက အများအားဖြင့်တော့ ဘာမှ သိပ်မလုပ်တတ်ဘူး၊ အချင်းချင်း ရန်တိုက်ရမယ်ဆိုတာပဲ သိတယ်။ ဒါကို ဒီအတိုင်း ဘယ်လို စွန့်လွှတ်နိုင်မလဲ"

သူတို့နှစ်ဦးသည် စီမာလင်းရန်ကို မကောင်းသော သူငယ်ချင်းအဖြစ် သတ်မှတ်လိုက်လောက်ပြီ ။  သူမ၏အတိတ်ဘ၀တွင် စီမာလင်းရန် သည် သူလုပ်ခဲ့သော ရက်စက်ကြမ်းကြုတ်သော အရာများစွာကို ပြန်ပြောပြသည်နှင့် ထိုသူများက သူ့အတွက် အလုပ်လုပ်ပေးခဲ့ရဖူးသည်။  သူတို့လိုလူတွေက အပြင်းအထန် တိုက်ခိုက်လေ့ရှိပြီး ဦးနှောက်မရှိပေ ။ 

စီမာလင်းရန်သည် ယခုအချိန်တွင် အာဏာမရရှိသေး၍ သူတို့သည် စီမာလင်းရန်ကို အလွယ်တကူ လက်လွှတ်အလျှော့ပေးလိုက်မည်မဟုတ်ပေ။ သူတို့သည် တောင်ပေါ်သို့ လှည့်စားခံရပြီး မို့ရွှမ်မင်အတွက် ရိုက်နှက်ခြင်း ခံခဲ့ရသည်။ မို့ရွှမ်မင် ကို လက်စားချေရန် မရှာလျှင် ထူးဆန်းပေလိမ့်မည်။ 

သို့သော် သူတို့ ဤမျှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ မို့ရွှမ်မင်ရဲ့ အိတ်ကိုတောင် ခိုးသွားကြတယ်။  ဒါအမှန်ပဲ ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now