139. စစ်ဝန်ကြီးအိမ်က မိုရွှမ်မင်ကို လက်ထပ်ဖို့ တောင်းရမ်းသည်

623 68 1
                                    

"မင်းသားနှစ်ယောက်က အိမ်ပြန်သွားတော့ ဒုတိယသခင်မလေးလင်းလည်း အိမ်ပြန်သွားခဲ့ပါတယ်။ ပြီးတော့ ဒီနေ့ နန်းတော်မှာ ကြွေထည်တွေအကုန်လုံးကို အစားထိုးလဲလှယ်လိုက်တယ်လို့ ကြားသိရပါတယ်။  အဲဒီနောက်မှာတော့ ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်မှာ နန်းတော်က မရိုမသေတဲ့ အစေအပါးတစ်ယောက်အကြောင်း ဟန်ချက်ညီညီနဲ့ ပြောခဲ့ပါတယ် ။ ဒီ အိမ်အကူကို ရိုက်နှက်ပြီး အပြစ်ပေးခဲ့တယ် " ဖန်ယွီသည် နန်းတော်တွင်းကိစ္စများကို တာဝန်ခံစောင့်ကြည့် ခြင်းမရှိပါ။  သို့သော် ရှန်းခန်က အလုပ်များနေသဖြင့် သူ့အား သခင်ထံ သတင်းပို့ရန် လာခိုင်းခဲ့သည်။ 

" မို့အိမ်တော်ကရော အခြေအနေ ဘယ်လိုလဲ " ဖန်ယုလန်က ကုတင်ပေါ်မှာ ငြိမ်ပြီးနားထောင်ရင်း ခဏကြာပြီးနောက် တိုးတိုးလေးသာ မေးခဲ့သည် ။

"တတိယမြောက်သခင်မလေးမိုက မို့အိမ်တော်ကို ပြန်ရောက်ပြီး မကြာခင် အိပ်ယာဝင်သွားခဲ့တယ် ၊ ပထမသခင်မလေးမိုရဲ အဖြစ်အပျက်ကို သူမ မသိနိုင်သေးဘူး ၊ မနက်ဖြန်ဆို သူမ သိနိုင်လိမ့်မယ် " ဖန်ယွီသည် သူ၏သခင်က တတိယသခင်မလေးမိုကို ကွဲပြားစွာ ဆက်ဆံခဲ့ကြောင်း သိရှိခဲ့သည် ။ထိုကြောင့် သူ့သခင်ရဲ့ မေးခွန်းတွေကို ပြည့်ပြည့်စုံစုံ ဖြေ ဖို့ သူအစွမ်းကုန်ကြိုးစားခဲ့တယ် ။ 

သူသခင်၏မေးမြန်းချက်များကို ဖြေကြားတော်မူပြီးနောက် “အရှင်မင်းသား ဖော်စပ်ထားတဲ့ ဆေးကို ကျုပ်ချက်ခြင်းပို့ပေးလိုက်ရမလား” ဟု စပ်စုမေးသည်။

"ပြင်ဆင်ပြီး ဒီကို အရင်ပို့ပါ။"

"ဟုတ်ကဲ့"

မို့ရွှီတုန်းသည် ညဘက်တွင် အနည်းငယ်သာ အိပ်ခဲ့သောကြောင့် နောက်နေ့မနက် နောက်ကျမှ နိုးလာခဲ့သည်။  အဘွားအိုက နေမကောင်းဖြစ်ပြီး မနက်စောစောမှာ နှုတ်ဆက်ဖို့မလိုဘူးလို့ အိမ်ကလူတိုင်းကို ပြောကြားခဲ့တယ် ။ ထို့ကြောင့် မို့ရွှီတုန်းသည် အလွန်ဂရုမစိုက်ဘဲ သူမအလိုရှိသလောက် အိပ်ခဲ့သည်။  သို့သော် မိုလန်က လာမနိုးခင်အထိ သူမ မနိုးသေးပေ ။

မို့ရွှီတုန်းသည် သူမ ခေါင်းကို ဆုပ်ကိုင်ထားရင်း မူးဝေသွားကာ ခဏအကြာတွင်ပင် တုံ့ပြန်လာသည်။  မိုလန်က မို့ရွှမ်မင်မှာ တစ်ခုခု ဖြစ်သွားတယ်ဟု ပြောလေသည် ! 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now