109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း

798 97 2
                                    

နောက်တစ်နေ့တွင် မိုရွှီတုန်းသည် အစောကြီးထ၍ မိုလန်နှင့် မိုရီတို့နှင့်အတူ သခင်မကြီးချင်း ၏အခန်းသို့ သွားခဲ့သည်။ 

ဆောင်းရာသီဖြစ်သောကြောင့် လည်ပိတ်များဝတ်ဆင်ထားရ၍ လည်ပင်းရှိ သူမ၏ ဒဏ်ရာများကို ဖုံးကွယ်ထားနိုင်ခဲ့သည်။  ဒါ့အပြင် လက်မောင်းမှ ပတ်တီးနဲ့ ပတ်ထားခဲ့သည့် ဒဏ်ရာကလည်း မနေ့တနေ့ကမှ ဖြုတ်လိုက်၍ သူမတွင် ပြဿနာ ကြီးကြီးမားမား သိပ်မရှိတော့ပေ ။  သို့ဖြစ်၍ သူမသည် ဤဒဏ်ရာများကြောင့် အဒေါ်များအား မလေးစားခဲ့လျှင် သူမကို ဟန်ဆောင်သည်ဟု ထင်သွားနိုင်သည် ။ 

သူမသည် နံနက်ခင်းတွင် ဆရာတော်ဘုရားကြီး၏ တရားတော်ကို နာယူရန် သခင်မကြီးချင်း နှင့်အတူ ကျောင်းတော်သို့ လိုက်ပါခဲ့သည်။  ထို့နောက် သခင်မကြီးချင်း ၏ နေရာတွင် နေ့လည်စာ အတူတူစားကြသည်။ နောက်ဆုံးတွင် သခင်မကြီးချင်း သည် အနားယူရန် လိုအပ်နေသော လူငယ်များကို နောက်ပြောင်ရင်း နှင်ထုတ်ခဲ့သည်။ 

ထို့ကြောင့် ချင်းယွီရှောင်သည် ချင်းလျံဘုရားကျောင်းတွင် သူမအား လိုက်လံပြသပြီးနောက် သိပ်မကြာခင်တွင် သခင်မယု၏ ဖိတ်ခေါ်မှုကြောင့် သူ ထွက်ခွာသွားခဲ့တယ် ။ 

မို့ရွှီတုန်းသည် သစ်ပင်တစ်ပင်အောက်မှာ ရပ်ရင်း ခေါင်းကို မြှောက်လိုက်တယ်။  တောင်ပေါ်ရှိ အပူချိန်သည် အောက်ဘက်ရှ် အပူချိန်ထက် ပိုနည်းသည်။  ဆောင်းဦးနှောင်းပိုင်းသို့ မရောက်သေးသော်လည်း အရွက်များ ကြွေကျနေခဲ့သည် ။ သူမသူတို့ကို လှမ်းကြည့်လိုက်တော့ သူတို့ဟာ နူးညံ့ပြီး ပျော့ပျောင်းနေသလို ခံစားရတယ်။  ထို့အပြင် သူမသည် ၎င်းတို့ကို နင်းလိုက်သည့် အသံကို နားထောင်လိုက်သောအခါတွင် အနည်းငယ် ငြိမ်သက်အေးချမ်းမှုကို ခံစားခဲ့ရတယ် ။ 

သူမသည် ထပ်မံ၍ မြွေပွေးနှင့်တူသော သန်မာသော အကိုင်းအခက်များကို ကြည့်လိုက်တော့ အရွက်မရှိသည့်တိုင်အောင် ကောင်းကင်ယံသို့ ထိုးတက်နေသည်ကို သူမ တွေ့လိုက်ရသည်။ သစ်ပင်တစ်ပင်တောင်မှ ဒီလိုမျိုး မြဲနေနိုင်ရင် လူတွေလည်း ပိုမြဲနိုင်သေးတယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now