180. မြို့စားကတော်သည် အိမ်သို့ ရှက်စိတ်ဖြင့် ပြန်သွားရသည်

413 37 1
                                    

မို့ဟွားဝမ်သည် တံခါးအဝတွင် ရပ်နေခဲ့ကာ မြို့စားကတော်သည် အစေခံများနှင့် ခြံရံပြီး သခင်မအိုကြီးထွက်လာမည်ဟု မျှော်လင့်ထားသော်လည်း မို့ဟွာဝမ် ထွက်ပေါ်လာမည်ကို လုံးဝ မထင်မှတ်ထားပေ ။ မြို့စားက​တော်သည် မို့ဟွာဝမ်၏ မလျော်ကန်သော အပြုအမူကြောင့် အံ့သြသွားခဲ့သည်။ မို့ဟွာဝမ်သည် ယောက်ျားတစ်ယောက်ဖြစ်ပြီး တံခါးဝတွင် သူမကို မနှုတ်ဆက်သင့်ပေ။

အမှန်တရားကို မသိတဲ့သူတွေက မို့ဟွာဝမ်က သူမကို လူချင်း လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ဖို့အထိ ခင်မင်ရင်းနှီးနေကြတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။

မို့ဟွာဝမ်၏ ဇနီးသည် ကွယ်လွန်သွားခဲ့ပြီး သူသည်နောက်တစ်ကြိမ် လက်ထပ်နိုင်သော်လည်း မြို့စားကတော်ကတော့ နောက်ထပ်အိမ်ထောင်မပြုနိုင်တော့ပေ။  ဒါ့အပြင် သူမသည် သားဖြစ်သူကို မြို့စားဖြစ်လာအောင် ကူညီပေးဖို့အတွက် သူမဟာ အိမ်ထောင်မပြုနိုင်ရုံသာမက သစ္စာရှိရှိ လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။  သူမသည် ချန်မြို့စား၏အိမ်အပြင်ဘက်တွင် မှားယွင်းသောဆက်ဆံရေးမျိုးမရှိသင့်သည်မှာ သေချာပါသည်။

မို့ဟွာဝမ်က သူမကို လူယုတ်မာတစ်ယောက်လို အရှက်ရလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။  ဒါကို တတိယတန်းစားအရာရှိက လုပ်သင့်သလား။

"ငါတို့ရဲ့ အိမ်တော်ကို ပြန်ကြရအောင် " သူမသည် သွားများကို အံကြိတ်ကာပြောလိုက်သည် ။ သူမသည် နို့ထိန်း၏လက်ကို ဆုပ်ကိုင်ထားပြီး အနည်းငယ်ပြုံးနေသော မို့ဟွာဝမ်ကို မနှုတ်ဆက်ရဲဘဲ ရထားထဲသို့ အမြန်ပြေးသွားခဲ့သည်။  ရထားက နောက်ပြန်လှည့်လာပြီး ချန်မြို့စားရဲ့ အိမ်တော်က ကျွန်တွေနဲ့အတူ အိမ်တော်ဆီကို အမြန်ပြန်သွားခဲ့တယ်။

ရထားပေါ်မှာ ထိုင်နေတဲ့ မြို့စားကတော်က ဒေါသတွေ ထွက်ပြီး လက်ဖက်ရည်ခွက် ပြုတ်ကျတဲ့အထိ စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တယ်။

မြို့စားကတော်၏လူယုံတော် နန်နိထင် သည် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ကျန်လက်ဖက်ရည်ကို စားပွဲအောက်ရှိ စည်ထဲသို့ လောင်းထည့်လိုက်သည်။  ထို့နောက် တစ်ဖက်က ပြုတ်ထားသောရေကို ရုတ်သိမ်းကာ လက်ဖက်ရည်တစ်ခွက်ထပ်လုပ်ကာ မြို့စားကတော်ရှေ့တွင် ထားလိုက်သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now