1

3.4K 42 0
                                        

2017ညီမဆယ်တန်းကျောင်းသူဘဝတုန်းက
ဖြစ်ခဲ့တာပါ

ဆယ်တန်းဆိုတော့ကျူရှင်ကညဘက်
အထိတက်ရတယ်

ပုံမှန်ကျူရှင်ချိန်က9နာရီခွဲဆိုပြီးပေမဲ့

ညီမကguideထပ်တက်တော့ ည12အထိ
ညဥ့်နက်မှအိမ်ပြန်ရပါတယ်

အိမ်ပြန်ရောက်ရင်အချိန်က 12ခွဲပါပြီ
အိမ်နဲ့ကျူရှင်ကစက်ဘီးနဲ့ဆိုတော့
နာရီဝက်လောက်တော့နင်းရပါတယ်

အိမ်ပြန်ချိန်ဆိုညီမအကိုကစက်ဘီးနဲ့
လာကြိုပါတယ်

နေ့တိုင်းမောင်နှမနှစ်ယောက်
ပြန်လာနေကြပါ

အိမ်ပြန်ရောက်လို့
အိမ်ထဲဝင်တော့မယ်ဆိုတာနဲ့

ဖက်ဖက်ဖက် လုပ်ပြီးမှဝင်ပါတယ်
ဘာအဓိပ္ပါယ်လဲတော့မသိပေမဲ့

အမေကအဲ့လိုလုပ်ပြီးမှအိမ်ထဲဝင်
ရတယ်လို့ပြောလိို့ပါ

တနေ့ကျတော့ ည12နာရီကျူရှင်ကလွှတ်ပြီး

အိမ်ပြန်ရောက်တော့ ခြေလက်ဆေး

အိပ်ယာဝင်မလို့အလုပ် ညီမခြေထောက်ပေါ်ကို

အကောင်ကြီးတစ်ကောင်
တက်လာသလိုခံစားရတာပါ

အဲ့တုန်းကပက်လက်အနေအထားနဲ့
အိပ်ယာထဲလှဲနေတုန်း အိပ်မပျော်သေးဘူး

ခြေထောက်တွေလေးလာပြီး တဖြည်းဖြည်းခြေထောက်ကနေ ဗိုက်နားအထိ တက်ဖိထားတာ

မျက်လုံးဖွင့်ကြည့်လိုက်တော့မဲမဲကြီး ခါးရိုးကျိူးနေသလိုကုန်းကုန်းကွကွကြီးနဲ့

လှုပ်လိို့လည်းမရ ကြောက်လို့ငိုကလည်းငို
ခဏကြာတော့

အိမ်သားတစ်ယောက်ယောက်သေးထပေါက်တယ်

ထင်တယ် နောက်ဖေးမီးကို တောက်ခနဲဆိုဖွင်လိုက်တဲ့အချိန်မှ ခန္ဓာကိုယ်က ပြန်လှုပ်လို့ရတာ

အဲ့အချိန်ပါးစပ်ကနေ အမေရေ ဆိုပြီး
ငိုကြီးချက်မနဲ့ အော်ငိုတော့တာပဲ

ကြောက်လွန်းလို့အိပ်ယာထဲမှာလည်း
သေးတွေစိုရွှဲ.....

အမေတို့ကလည်း ညီမအော်တော့လန့်ဖျန့်ပြီးအကုန်ထလာကြတာပေါ့
အကြောက်လွန်ပြီးအသက်ရှုရပ်မလိုပါဖြစ်ခဲ့တာ

အကုန်လုံးထလာပြီးမီးတွေတစ်အိမ်လုံး
ဖွင့်ချလိုက်တော့မှ

အဲ့မဲမဲကြီးက ညီမအခန်းဘေးကပါးတင်းပေါက်

ကနေ ထမိန်ကြီးခြုံပြီး ဌက်လိုပဲပျံသွားတာ
အဲ့တုန်းကမှတ်မှတ်ရရ မဲမဲအကောင်ကြီးက
ဗလာထမိန်အနက်ရောင်ကြီးခေါင်းမှာခြုံထားတာ

အကိုတွေနဲ့ဦးလေးတွေက လူထင်လို့
တုတ်တွေဓားတွေဆွဲ ပြီးလိုက်မလို့လုပ်ပေမဲ့ ဘာအစနမှတောင်မတွေ့ရတော့ဘူး

ညီမကိုဘာလုပ်မလို့ ကပ်လာလဲတော့မသိဘူး
ပြန်တွေးတိုင်းအိမ်မက်ဆိုးကြီးလိုပဲ

အမေနဲ့အဖွားပြောတာတော့ ညဥ့်နက်မှအိမ်ပြန်လာရတော့ တစ်ခါတစ်လေအိမ်စောင့်နတ်မရှိတဲ့အချိန် ကံနိမ့်နေတဲ့အချိန်

နာနာဘာဝတွေကကပ်ပါလာတာလို့တော့ပြောပါတယ်

ညဥ့်နက်အိမ် အပြင်ထွက်ရတာကိုအဲ့အချိန်ထဲက
လန့်သွားတာပဲ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now