67

374 5 0
                                        

လူ့လောကက မဟုတ်တော့တဲ့ ပရလောကသား အစုလိုက် အပြုံလိုက်ကြီးနဲ့ မြင် ကြား စကားပြောရတာမျိုး ကြုံဖူးကြလားဗျ ။

စကားတွေ ပြောပြီး “အကူအညီ”တွေပါ တောင်းသွားလို့ပါ ။

ကြုံခဲ့ရင်ရော ဘယ်လိုလုပ်ကြမှာလည်းဗျ ။ အဲဒီ အကူအညီကိုလည်း ဘယ်လို ဖြည့်ပေးကြရမှာလည်းဗျ ။

ကျွန်တော်ကြုံခဲ့ဖူးတဲ့အကြောင်း ရင်ဖွင့်ချင်တာလေး ရှိလို့ပါ ။
_____________________________________________

ကျွန်တော်တို့ ဘိုးဘွားဒေသကလေးဟာ  အညာဒေသကြီးရဲ့ အစိတ်အပိုင်းလေးတစ်ခုထဲက ရှားပါးတဲ့ ရွာကလေး တစ်ခုပါ ။ ရွာကလေးရဲ့ အရှေ့ဘက်ခြမ်းက တစ်ရွာလုံးမှာ အမြင့်ဆုံး ကုန်းပါ။ အဲဒီဘက်က မြေက မာကျစ်ပြီးတော့ မိုးရွာရင် ဗွက်လုံးဝမထတဲ့ ခြောက်လွယ်တဲ့ မြေမျိုးပါ ။ အဲဒီ အရှေ့ကုန်းက တောသွားတဲ့ လမ်းနဲ့ တဆက်တည်းပါ ။ လမ်းမှာ အပင်ကြီးတွေ ဖြစ်တဲ့ ‌ပိန္နဲသီးပင်၊ ယင်းမာပန်းပင် ၊ သရက်ပင်၊ ဥသျှစ်သီးပင်တွေဆိုတာလည်း အများကြီးပါ ။ နွေရာသီမှာတောင် နေပြောင်မထိုးအောင်အထိ အရိပ်ထူတယ်။

ရွာကလူတွေ အတော်များများ လုပ်ကိုင်ကြတဲ့ တောကို ထွက်ချင်ရင် အဲဒီ အရှေ့ကုန်းဘက်ကနေ ဖြတ်သွားလိုက်ရုံပါပဲ ။ လူလည်း နေရင်း ပြောင်း၊ နှမ်း ၊ မြေပဲ စတာတွေလည်း တဆက်တည်း စိုက်ကြပါတယ်။ အရှေ့ဘက်ခြမ်းက ဟိုး ရှေးလူကြီးတွေ လက်ထက်ကတည်းက တူးဖော်ခဲ့တဲ့ ရေကန်နဲ့လည်း နီးပါတယ်။ ရေကန်နဲ့ နီးလို့လည်း အဲနားက အပင်ကြီးတွေက ဖြစ်တာပါ။ ကျွန်တော်တို့ဒေသတွေက အရင်က စက်ရေတွင်းမတူးနိုင်ဘဲ ရေရှားလို့ ကန်ရေသာ သုံးခဲ့ကြရတဲ့ ဒေသတွေပါ ။

ဖြစ်စဉ်က လွန်ခဲ့တဲ့ လေးလလောက်က “အညာ”က ရွာပြန်တုန်း ရွာကို ရောက်ရောက်ပြီးချင်း သုံးရက်မြောက်မှာပါ ။

ကျွန်တော်တို့ ရွာဘက်တွေမှာ မီး ဆက်တိုက် မရတော့တာ ကြာပြီမို့ ရွာက စက်ရေတွင်းကန်လည်း ရေ သိပ်မတင်နိုင်တော့ ရွာထဲ အိမ်တွေ ရေ မလောက်ပါဘူး။ ထမင်း ချက်ဖို့ သုံးရေ သောက်ရေအတွက်သာ ရပါတယ် ။ ဒါကြောင့် အဲဒီ ကာလတွေတုန်းက ရေ ချိုးဖို့ဆို အရှေ့ကုန်းဘက်က ကန်‌ကြီးရှိရာဆီကိုပဲ သွားသွား ရေချိုးကြရတာက စပါတယ် ။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now