30

446 9 0
                                        

အရုပ်သရဲ

အရုပ်တွေမှာမကောင်းတဲ့ဝိညဥ်တွေရှိနေတတ်တယ်ဆိုတာ တော်တော်များများလက်ခံကြမှာပါ

ကျွန်တော်ကတော့မြိတ်မြို့နဲ့ မိုင်၂၀လောက်ဝေးတဲ့ရွာကပါ။အရိုးကင်ဆာဖြစ်လို့အမေနဲ့အတူရန်ကုန်တက်လာခဲ့တယ်။

ရန်ကုန်ရောက်တော့ ကျွန်တော်တို့နယ်က ဆရာတော်ရှိတဲ့ဘုန်းကြီးကျောင်းမှာတည်းပါတယ်။ ဒီကျောင်းမှာ ဆရာတော်နဲ့ဦးဇင်းတစ်ပါး ရယ်မြိတ်မြို့ကနေလာကုနေတဲ့လည်ချောင်းကင်ဆာနဲ့အဘိုးကြီးတစ်ယောက်ရယ် သူ့မိန်းမရယ် အားလုံးပေါင်း၄ယောကိရှိပါတယ်။

ဆရာတော်နဲ့ဦးဇင်းကတော့ဘုန်းကြီးကျောင်းရဲ့အပေါထပ်မှာနေတယ် အောက်ထပ်မှာကတော့ လည်ချောင်းကင်ဆာနဲ့အဘိုကြီးလင်မယားနေတာပေါ့ ဆရာတော်ကတော့အောက်ထပ်မှာ အဘိုးကြီးလင်မယားနဲ့အတူနေလို့ရတယ်ပြောပါတယ်။

တဂယ်လို့နေရတာကျဥ်းကြပ်နေရင် ဘုန်းကြီးကျောင်းရဲ့ထမင်းကျွေးတဲ့နေရာ ဇရပ် မှာသွားနေလို့ပြောပါတယ်။ဇရပ်ကြီးကနစ်ထပ်ဗျ အောက်ထပ်မှာအတော်ကိုကျယ်တယ် စတိုခန်းကတစ်ခုရှိတယ်အဲတာနဲ့အမေလည်းလွတ်လွတ်လပ်လပ်နေလို့ရအောင် ဇရပ်မှာဘဲ့နေမယ်ဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့နေလာတာ၃လကြာတဲ့အထိဘာမှမဖြစ်ခဲ့ဘူးအေးဆေးဘဲ့။ပြသနာကစတိုခန်းထဲကအရုပ်ကိုတွေ့တဲ့နေကစတာဘဲ့ဗျ ။ဘယ်လိုတွေ့တာလည်းဆိုတော့ ဦးဇင်းကစတိုးခန်းလာရှင်းတာအချိန်ကညနေ၃နာရီလောက်ပေါ့ကျွန်တော့ကုတင်နဲ့စတိုခန်းကမျက်နှာချင်းဆိုင်ဗျ ခြေလမ်းဆယ်လမ်းလောက်တော့လျောက်ရမယ်ထင်တယ် ဦးဇင်းစတိုးခန်းရှင်းနေတာတွေမြင်နေတာပေါ့

ကျွန်တော်ကပေါင်မှာအရိုးကင်ဆာဖြစ်ထားတော့ဘာမှလုပ်မနိုင်ဘူးဗျ လေးချောင်းထောက် နဲ့လမ်းလျောက်နေရတယ်။ဦးဇင်းစတိုးခန်းရှင်းနေတုန်း ခုံအောက်မှာ အနီရောင်အိပ်နဲ့အထုပ်တစ်ထုပ်ကိုတွေ့တယ် ဘာလည်းမသိဘူးဆိုပြီး ထုတ်ကြည့်တော့ မိန်းမပုံစံအရုပ်တစ်ရုပ်ဖြစ်နေတယ်ဗျ။ ဦးဇင်းလည်း ဒီအထုပ်က ငါအရင်လကရှင်းတုန်းကမတွေ့ဘူးတဲ့ ခလေးတွေကျောင်းကိုလာပြီး မေ့ကျန်ခဲ့တာထင်တယ်ဆိုပြီး အရုပ်ကို ခုံပေါကောင်တင်ထားလိုက်တယ်
ပြီးတော့သူအလုပ်သူဆက်လုပ်ပြီး ပြန်သွားတယ်
ပြီးတော့ဦးဇင်းကပြောသွားတယ် ဒီစတိုခန်းကတံခါးပျက်နေတယ်တဲ့ လော့ချလို့မရဘူးတဲ့ အဲကြောင့်ခလေးတွေဝင်ထားသွားတာနေမှာဆိုပြီး ပြောပြီးပြန်သွားတယ်။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now