18

499 7 0
                                        

2017လောက်ကကိုယ်တွေ့ကြုံဖူးတာလေးပြန်ပြောပြချင်လို့ပါ

အဲ့ညက သူငယ်ချင်းတွေက ၂လမ်းကျော်က
သူတို့ဖွင့်ထားတဲ့ဆိုင်လေးမှာစုပီး
အရက်သောက်နေတယ်ဖုန်းဆက်တော့
ကိုယ်တယောက်ထဲသွားတာပေါ့
ညဖက် ၁၁ ကျော်လောက် ပဲရှိသေးတယ်
အသွားတုံးကတော့ဘာမှမဖြစ်ဘူး
လမ်းမတန်းဖက်ကနေပတ်ပီးသွားတာဆိုတော့
အဲ့မှာ ကိုယ်လဲစကားပြော အမြည်းလေးစားပေါ့
အမြည်းကလဲ အမဲသားကြော်နဲ့
၁၂ ခွဲလောက်ကြတော့
အမေစိတ်ပူမှာစိုးပီး
ပြန်မယ်လုပ်တော့
သူငယ်ချင်းတွေကအတော်မူးနေပီ
အဲ့တာနဲ့ကိုယ့်ဟာကိုယ်တစ်ယောက်ထဲ
လမ်းလျှောက်ပြန်လာလိုက်တယ်
အဲ့မှာလျှာရှည်ပီး လမ်းမတန်းဖက်ကမပြန်ပဲ
မေ့ပီး လမ်းကြားလေးထဲ ပတ်ပြန်မိတယ်
အိမ်နားရောက်ဖို့နည်းနည်းလိုတဲ့
လမ်းကွေ့လဲရောက်ရော ဗံဒါပင်ပေါ်က
အသီးကြွေသလိုလိုနဲ့
ဖုတ်ကနဲအကျယ်ကြီးကြားလိုက်ရတာ
ကိုယ်လဲအမှုမဲ့အမှတ်မဲ့ဆက်လျှောက်လာတာ
နောက်ကနေ တဖတ်ဖတ်အသံကြီးက
ကပ်ပါလာတယ် ထင်တာက ဖိနပ်သံပဲထင်တာ
အောက်တွေဘာတွေငုံ့ကြည့်သေးတယ်
ကိုယ်ရပ်ရင်အသံကရပ်သွားတယ်
အသံကခပ်လှမ်းလှမ်းနောက်ကကပ်ပါလာတာ
အ့တာနဲ့ခြောက်ခံရတာသေချာပီဆိုပီး
အသားကုန်ပြေးတာနောက်ကအသံကလဲ
ဝရုန်းသုန်းကားပြေးလိုက်တဲ့အသံပဲ
အနောက်လဲလှည့်မကြည့်ရဲဘူး
ပြေးရင်းနဲ့ဆိုင်ကယ်တစီး ကိုယ့်ကိုမြင်လို့
ဟွန်းအကျယ်ကြီးတီးမှ
အသံကချက်ချင်းပျောက်သွားရော
အိမ်ထိမရပ်မနားပြေးပီး တံခါးကိုဝုန်းဒိုင်း ကြဲထုပီး အိမ်ထဲပြေးဝင်ရတာခုထိမမေ့နိုင်သေးဘူး
အမေကပရိတ်ရေဘာညာတိုက်ပီး
ဘုရားရှိခိုးပီးမှပဲ စိတ်နဲ့လူကပြန်ကပ်တယ်

နောက်မှသိရတာက အဲ့ဗံဒါပင်နောက်ကအိမ်က
သားအမိ၂ယောက်လုံး ရောဂါနဲ့ဆုံးထားတာ
ရက်တောင်မလည်သေးဘူးတဲ့

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now