70

329 4 0
                                        

ကျမရဲ့ကြုံခဲ့ထဲက အဖြစ်အပျက်လေးတစ်ခုပြောပြပါရစေ တစ်ချို့သောမမြင်အပ်တဲ့အရာတွေကိုပြောပြရင် ယုံကြမယ်လို့မထင်ပါဘူး ကိုယ်တွေ့ကြုံဖူးမှသာ ယုံကြမှာပါ.....

အဖစျကဒီလိုပါ.......

အဲ့အကြောင်းမပြောခင်ကျမအကြောင်းကိုအရင်ပြောရပါ့လိမ့်မယ် ကျမတို့အမေ အဖွားတို့က ရှေးလူကြီးတွေမို့ သားချင်းတွေများပါတယ် ကျမအဖွားကအဖိုးလေဖြတ်တော့ မန္တလေးကိုမိသားစုတစ်စုလုံးပြောင်းလာကြပါတယ် အဖွားကလည်းဆွေကြီးမျိုးကြီးထဲကဖစ်လို့ အမျိုးလည်းများပါတယ် မန္တလေးမြို့ ၁၅လမ်း အထက်အောက် အမျိုးတွေချည်းပါပဲ ကျမမှတ်မိသလောက်တော့ ကျမလေးတန်းအရွယ် အသက်၁၀နှစ်ပတ်ဝန်းကျင်ကပါပဲ အဲ့အချိန်က ကျမတို့ရပ်ကွက်တွေဟာ လူသူကင်း အိမ်ခြေအရမ်းနည်းပါတယ် အနောက်ဖက်လည်း အမျိုး အလယ်အမျိုး လမ်း၈၁လမ်းပေါ်ထိ အမျိုးတွေချည်းပါပဲ နှင်းဆီခြံဆို လူတိုင်းသိကြပါတယ် နှင်းဆီတွေစိူက်တဲ့ ပန်းတွေစိုက်တဲ့ ခြံတွေအများကြီးမို့ နှင်းဆီခြံအရပ်ရယ်လို့ လူသိများကြတယ် ခုတော့ရွှေနှင်းဆီရပ်ကွက်ရယ်လို့ပဲ သိကြပါတော့တယ် ငါးကန်ကြီးတွေလည်းရှိပါတယ်  လူသူအရမ်းကင်းတဲ့ရပ်ကွပ်မို့ အမှိုက်ကုန်းတွေလည်းရှိတယ် အဲ့ခြံကြီးတွေကို ညီအကိုနှစ်ယောက်က ခွဲရောင်းလို့ အဒေါ်ဖစ်တဲ့သူက အဲ့ခြံအကျယ်ကြီးရဲ့မြောက်ဖက်ခြမ်းတစ်ပိုင်းကိုရပါတယ် ကျန်တောင်ဖက်အခြမ်းကို အခြားသူတစ်ယောက်ရပါတယ် လူစည်ကားရာဖက်ကိုအဒေါ်ကရပါတယ် အိမ်ခြေရှိပြီးသားဖစ်တဲ့ ကျမတို့နေတဲ့အနောက်ဖက်ခြမ်းကနေစရတာမို့ အပိုင်းတွေခွဲပြီးရောင်းပါတယ် ကျမတို့လည်း ခွဲရောင်းတဲ့အသစ်ဖက်ခြမ်းရဲ့ ထိပ်ဆူံးနေရာကိုယူပြီးအိမ်အသစ်ဆောက်နေလိုက်ပါတယ် ယခုလက်ရှိနေတဲ့အိမ်ပါပဲရှင့် အဲ့အကွက်အကြီးကြီးထဲ ကျမတို့အိမ်ကထီးထီးကြီးဖစ်နေပါတယ် ေအာ်နောက်စည်လာမှာပါလေပေါ့ မြောက်ဖက်လမ်းကအရင်နေကျ လမ်းပေါ့လေ အဲ့လမ်းမှာက အကွက်ကိုဝယ်တဲ့အဒေါ်အိမ်ရှိပါတယ် သူ့ဆီရောက်ဖို့ ကျမတို့ကလမ်းကိုပတ်သွားမှရောက်တာပါ

ဇာတ်လမ်းကခုမှစမှာပါ အဲ့ခေါတ်ကအဒေါ်ကသူဌေးလေ TV ဘာညာကသူ့အိမ်မှာပဲရှိတာ လူတိုင်းမဝယ်နိုင်ဘူး ကျမတို့အိမ်က မိသားစုလေးစ ုနေတယ် ဦးလေးလင်မယားနဲ့ ကျမတို့မိသားစု အဒေါ်လေးမိသားစု ဦးလေးငယ်လင်မယားပေါ့ အိမ်ကအကြီးကြီးမို့အတူနေကြတာပါ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now