44

342 9 0
                                        

ကျနော်က ငယ်ငယ်ထဲက သရဲမကြောက်တတ်ဘူး
ကြုံလဲကြုံဖူးခဲ့တာတွေ အများကြီးပါ
ကိုယ့်ကိုလာခြောက်နေရင်‌တောင် ပြန်အော်ပြီး နေတတ်တဲ့သူမျိုးပါ

ဒါပေမဲ့
သား ကို မွေးပြီးတော့ .................

သား ကို မွေးပြီး 5 ရက်မြှောက်နေ့မှာ ဆေးရုံဆင်းတယ်
ကလေးကို ကိုယ်တွေလင်မယားနှစ်ယောက်ပဲ ကြည့်ရတာမို့
ပင်ပန်းတယ်
အမျိုးသားက နေ့ခင်းတွေ အဝတ်လျော်၊ စားဖို့ လုပ်ရတာနဲ့
ညဆို သူလဲ ပင်ပန်းပြီ
ကိုယ်လဲ ဆေးရုံဆင်းခါစဆိုတော့ ကလေးနား နေတာကလွဲရင် ဘာမှ မလုပ်နိုင်ဘူး

ပြီးတော့ သားက ည ဘက်တွေဆို မငိုဘူး
သူ နို့ဆာရင်တောင် "အဲ့ အဲ့" ဆို‌တဲ့အသံလေးပဲ ထွက်တာ
ညဆို ကိုယ်တွေက ပင်ပန်းလို့ အိပ်ပျော်နေပြီ
ကလေး  က မငိုပဲ  "အဲ့ အဲ့" ဆိုတဲ့ အသံပဲထွက်တော့ မနိုးဘူးပေါ့

မှတ်မှတ်ရရ 3ရက်ဆက်တိုက်ပဲ ကိုယ့် ပုခုံးကို အားကြီးနဲ့ ရိုက်ပီး နိုးတာ
ကိုယ်လဲ လန့်ပြီးနိုးလာရင် သား က နို့ဆာလို့ တ အဲ့အဲ့ လုပ်နေတဲ့ အချိန်တွေကြီးပဲ
အဲ့လောက်က ဘာမှ မဖြစ်သေးဘူး

သား 1 လပြည့်တော့
သား က ဂျီကျ ပြီးတော့ အိပ်သွားတာ
ကိုယ်လဲ သားနားမှာပဲ ခွေခွေလဲ အိပ်လိုက်တာပေါ့

အဲ့မှာ ဇာတ်လမ်းက စပြီ
မနက် 3နာရီလောက်ထင်တာပဲ
ကိုယ်အိပ်နေတာကို လာဖက်တာ
ဘီလူးစီးတာမျိုး မဟုတ်ဘူး
ဒီတိုင်းလှုပ်မရအောင်လာဖက်ထားတာ
ဘေးနားမှာလဲ လမ်းလျှောက်နေကြသေးတယ်
ဖယ် လို့ ပြောတော့လဲ မဖယ်ဘူး
အဲ့တာနဲ့ ကိုယ်လဲ ဘုရားစာရွတ်မယ်ဆို‌ပြီး စ ရွတ်တော့
ရွတ်မနေနဲ့ ငါတို့လဲရွတ်တတ်တယ် တဲ့ 🥲
ကိုယ်ရွတ်တဲ့ ဘုရားစာမှန်သမျှ လိုက်ရွတ်တာတော့ 🥹

အဲ့တာနဲ့ ကိုယ်လဲ သဘောပေါက်လိုက်ပါတယ်
ဒီတိုင်းလာစပြီး ရှိနေကြောင်းပြတာနေမှာပေါ့ဆိုပြီး

"အင်းအင်း ရွတ်
ရွတ်ပြီးရင်လဲ သွားတော့နော်" ဆိုပြီးပဲ ပြောလိုက်‌တော့တာ

နောက် မနက် သား နိုးလာတဲ့အခါမှ
"သားရေ မင်းအစောင့်အရှောက်တွေကို အိမ်ထဲ မခေါ်စမ်းနဲ့ကွာ မေမေ အဆင်‌မပြေဘူးလို့" ပြောလိုက်ရတယ်

အဲ့နောက်ပိုင်းတော့ ဘာမှထပ်မဖြစ်တော့ဘူး

ဘဝ မှာ သရဲ အကောင်လိုက်မြင်ဖူးခဲ့တယ်
မကြောက်ခဲ့ပေမဲ့
အဲ့ညကတော့ တကယ်ကို ကြောက်ခဲ့တာ 🥹
ကိုယ်က ကြောက်လို့ ဘုရားစာရွတ်ပါတယ်ဆို
ကိုယ်ရွတ်သမျှကို လိုက်ရွတ်နေတာ
ရွဲ့နေသလိုပဲ 🥲

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now