9

777 18 0
                                        

ဟိုးအရင်က ကျနော်နဲ့အလုပ်အတူတူလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ကောင်လေးတယောက်ရှိတယ်ဗျ သူနဲ့ကိုယ်နဲ့နောက်တယောက်ရယ်က အလုပ်ထဲမှာ အတွဲများဆုံးပေါ့ ထမင်းစားလဲအတူတူ လက်ဖက်ရည်ဆိုင်သွားလဲအတူတူ အဲ့လိုပေါင်းလာတာ စပေါင်းခါစကတော့ရည်ရည်မွန်မွန်လေးပါ နောက်ပိုင်းကျ ရပ်ကွက်ထဲမှာ သူ့ရင်ဘတ်ပေါ် တက်တူးလေးစထိုးပီးထဲက ဂျစ်ကန်ကန် မြှောက်‌ကြွမြှောက်ကြွလေး ဖြစ်လာတာဘဲ ရပ်ကွက်စကားနဲ့ဆို လူမိုက်ရူးလေးရူးလာတာပေါ့ ကိုယ်တွေနဲ့တော့အေးဆေးပါ တခြားလုပ်ဖော်ကိုင်ဖက်တွေဆို ထစ်ခနဲရှိ စကားပြောလေးတွေ ရင့်သီးလာတယ်  နည်းနည်းခက်ထန်လာတယ်ဆိုပါတော့ အဲ့သူမှာ အပေါ်ထပ်အောက်ထပ် အတူနေတဲ့ ညီ၀မ်းကွဲတယောက်ရှိတယ်ဗျ အဲ့ကောင်လေးကတော့ လူအေးလေးပေါ့ ခပ်သန့်သန့်ဘဲ သူတို့ညီအကိုချင်းဆို အရုပ်နဲ့ကောင်က ငယ်နိုင်ဆိုပါတော့ တည့်လိုက်မတည့်လိုက်ပါဘဲ ညီအကိုချင်း ဖြစ်တိုင်းလဲ သူကဘဲ စော်တာ ဟိုကောင်လေးက ပြန်မလုပ်ရဲဘူး အငယ်ဆိုတော့ အဲ့လိုတွေနေလာရင်း တနှစ်မှာ သူတို့ရပ်ကွက်ထဲက ပိုက်ဆံနည်းနည်းရှိတဲ့သူက လူငယ်တွေကို သင်္ကြန်တွင်း ကရင်ပြည်နယ်က ဇွဲကပင်တောင်ပေါ်မှာ သင်္ဃန်းစည်းပေးမယ် လိုက်ကြမလားဆိုတော့ လုပ်ဖော်ကိုက်ဖက်ကောင်လေးက လိုက်သွားရော အဲ့ကောင်လေးက မိန်းမနဲ့သမီးလေးတယောက်ရှိတယ် အဲ့လိုဘုန်းကြီး၀တ်ပီး ‌နှစ်ဆန်းတရက်နေ့ လူထွက်မယ် ပြန်မယ်ပေါ့ အိမ်က မိသားစုတွေကလဲ သွားကြိုကြပေါ့  ဆရာတော်က တားသေးတယ် မပြန်နဲ့ပေါ့နော် မနက်မှ ထပြန်ကြပါပေါ့ ဒီနေ့တော့ ဒီမှာဘဲ အိပ်လိုက်ကြပေါ့ အဲ့မှာ အကုန်လုံးက လက်ခံတယ် ဒီကောင်က မရဘူး ပြန်မယ်ဆိုတာကြီးဘဲ ထဖြစ်တာပေါ့ အကုန်လုံးကလဲ တားကြသေးတယ် မရဘူး ပြန်မယ်ဘဲ လုပ်တာ နောက်ဆုံးဘယ်လိုမှတားမရတာနဲ့ဆရာတော်ကလဲ ပြန်ကြပေါ့နော် ဒါပေမဲ့ ဒီတောင်ပေါ်ကဆင်းရင် လမ်းမှာ ဗလွှတ်ရွှတ်တတွေ မပြောသွားကြနဲ့လို့ မှာလိုက်သေးတယ် အဲ့လိုနဲ့ ပြန်လာကြတာ ညနေစောင်းမှာ ရန်ကုန်ထဲပြန်ရောက်လာကြတယ်ဆိုပါတော့ ပြန်လဲရောက်တော့ လမ်းထဲမှာ နှစ်ဆန်းတရက်နေ့ဆိုတော့ ဘုန်းကြီးတွေ ပရိတ်ရွတ်နေကြပီ သူကလဲ အိမ်ရှေ့လေးထွက်ထိုင်တော့ မိန်းမလုပ်သူက ယောကျား ဘရိတ်ဓားသွားဝယ် ခေါင်းပြန်ရိတ်ရမယ် ဆ်ုလို့ ဘရိတ်ဓားသွားအဝယ်ပြန်အလာ မိန်းမက တရားနာတဲ့ဆီ ပရိတ်အိုးသွားအယူကို အိမ်ရှေ့က မြောင်းကိုခွပီး ဆောက်ထားတဲ့ ခုံလေးပေါ် ထိုင်စောင့်နေရင်း COCဆော့နေတာပေါ့ အဲ့အချိန် သူညီဆိုတဲ့ကောင်လေးကလဲ အပြင်ကပြန်အလာပီး သူနားထိုင်ပီး သူwarတိုက်တာ ထိုင်ကြည့်နေတာပေါ့ ဖြစ်ချင်တော့ သူဆော့တဲ့ warမှာ သူတိုက်တာ ကြယ်မရတော့ သူ့ညီက စောက်သုံးမကျဘူး ညံ့လိုက်တာ ပြောရင်း တ‌ယောက်တခွန်းစကားများကြရင်း သူညီကို ပါးရိုက်လိုက်တာ ဟိုကောင်လေးလဲ တသက်လူံး ငြိမ်ခံလာရင်း အဲ့နေ့ကျမှ ဘာဖြစ်သွားလဲမသိဘူး အိမ်ထဲပြေး၀င်ပီး ဓားဆွဲပြန်အထွက် အဲ့ကောင်ကလဲ တုတ်ဆွဲပီး ခုံပေါ်တက်ရိုက်မယ်လုပ်တုန်း ထိုင်နေတုန်းကကောင်းနေတဲ့ခုံက တတ်လိုက်ခါမှ ကျိုးအကျ အောက်က ဓားဆွဲထွက်လာတဲ့ကောင်လေးကလဲ အမှတ်တမဲ့ဓားကိုင်တဲ့လက်ကို အမြှောက် အဲ့ဓားပေါ်ကို ဘယ်ဘက်ရင်အုံနဲ့အကျ နှလုံးကို ထိုးမိပီး လဲကျသွားတာ ပွဲချင်းပီးတော့မဟုတ်ဘူး ဆေးရုံသွား ကားပေါ်မှာဘဲ ဆုံးသွားတာ လျှပ်တပြက် ခဏလေးအတွင်းမှာဖစ်သွားတာ အိမ်သားတွေတောင် မသိလိုက်ဘူး တရားနာအပီး သံပုန်းတီးချိန်နဲ့တိုက်ဆိုင်စွာဖြစ်သွားတာ အဲ့ဒီအဖြစ်ပျက်က ဂျာနယ်တွေ သတင်းစာထဲတွေတောင် ပါခဲ့တာ သေရမယ့်နေ့စေ့တော့လဲ သေရမယ့်နေရာကို ပြန်လာရတာဘဲ ဆရာတော်တားတာကိုသာ လက်ခံပီး ဆက်နေလိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး အခုတော့ ညီအကိုတွေ တယောက်ကထောင်ကျ တယောက်ကသေ
ဘယ်သူအတွတ်မှမကောင်း သေချိန်တန်တော့လဲ ဘယ်လိုမှတားမရခဲ့ဘူး

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now