လွန်ခဲ့တဲ့ 9 နှစ်ကျော် ကျောင်းသားဘဝမှာ
ကြုံခဲ့ဖူးတဲ့
အမှတ်တရ လေးကို ပြန်ပြောပြမယ်သူငယ်ချင်း 6 ယောက်
စရိုက်မတူကြပေမယ့် ခင်ဖို့ မင်ဖို့ ကောင်းတယ်
ဒီအထဲ သောက်တက်စားတက်ကြပေမယ့်
ခန့်သူရကျော် က အမြဲမူးနေတက်တဲ့ သူ
သူက မူးသာ မူးတာ မမူး တဲ့ အချိန်ဆို
စာတွေ ဘာတွေ ကျက်တယ်ဒီလိုနဲ့ပေါ့ဗျာ
စာမေးပွဲနီးမှ စာမရလို့ မအောင်ဖြူသွင်းခဲ့တုန်းကပေါ့
ဘယ်အခန်း ဘယ်နှစ်မှတ်ဖိုးမေးချင်တာ
သူများတွေ ပြောတာ မှန်တယ်ပြောလို့
မအောင်ဖြူဆိုတာ ယောက်ျားလေး ခေါ်ရင် မလာဘူး
ပြောကြတာ သိပေမယ့် မစမ်းဖူးရင် မယုံလို့
စမ်းကြည့်တဲ့ အနေနဲ့ လုပ်ကြတာဖျာလိပ်မှာ အင်္ကျီထမိန်ဝတ်ပေးဖို့ ထမိန် နဲ့ အင်္ကျီက
လိုနေတော့ အစက အဆောင်တွေမှာ လှန်းထားတာ
လိုက်ယူဖို့ စဥ်းစားကြသေးတယ်
ခိုးရှူတဲ့ ကောင်တွေ တော့ မဟုတ်ပါဘူး
တကယ်ပါ ဖျာလိပ်မှာ ပတ်ရုံပဲ
နောက်တော့ မင်းတို့ဟာက မဟုတ်သေးဘူးနော်
တွေ့သွားရင် ကျောင်းမပီးမချင်း ထမိန်သူခိုး ဆိုပြီး
အရှက်တွေ ကွဲနေပါမယ်ကွာအဲ့တော့
ရည်းစားရှိတဲ့ သူရဲ့ ကောင်မလေး ဆီက
တောင်းခိုင်းရတယ်
ဟိုက မေးရင် အမှတ်တရ သိမ်းထားချင်လို့လို့
ပြောလိုက်ကွာဆိုပြီး တောင်းခိုင်းလိုက်တာ
သူကလည်း တောင်းတော့တောင်းတာပဲ
အမှတ်တရ ဆို အင်္ကျီလောက်တော့ ယူပါကိုရယ်
ထမိန်ဆို ဘုန်းနိမ့်နေပါမယ် ဆိုပြီး အင်္ကျီပဲ ပေးလိုက်လို့
ထမိန်က မရခဲ့ဘူးအဲ့တော့လည်း မရှိရှိတာလေးနဲ့ ပဲ အဆင်ပြေအောင်
လုပ်ရတာ ပေါ့ ရလာတဲ့ အင်္ကျီပဲ ဝတ်ပေးပြီး
အောက်ကတော့ ယောက်ျားလေး ပုဆိုးပဲ
ဝတ်ပေးလိုက်တယ်
ဖားတစ်ပိုင်း ငါးတစ်ပိုင်းပေါ့ဗျာခင်ဗျားတို့ကတော့ ထင်မှာပဲ
မိန်းကလေးအင်္ကျီပဲ ဆိုင်ကဝယ်လိုက်
ပြောကောင်းပြောမှာမလား
ဒီစာဖတ်နေရင်းတောင် တွေးကောင်းတွေနေကြမှာ
စာမေးပွဲ ဆိုတာမျိုးက လကုန်ခါနီးလောက်မှ
ဖြေကြရတာ လေမအောင်ဖြူလာရင် စားဖို့ လက်ဖက်ဘာညာကလည်း
ဝယ်ရသေးတယ်ဗျ
ယောက်ျားလေး 6 ယောက် စုနေတဲ့
အဖွဲ့မှာ လဝက်လောက်ဆို
ရှိသမျှ ပိုက်ဆံ အကုန်ကုန် နေပြီ
Calculator တို့ Guitar တို့ဆိုတာ
အဲ့အချိန်လောက်ဆို အပေါင်ဆိုင်ရောက်နေပြီ
ထားပါ ကျွန်တော်တို့က ဗရုတ်သုတ်ခ
ဂျလုံး ပလုံးတွေဆိုတော့ မဝယ်နိုင်ဘူးဗျာ

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်