ကိုယ့်အတွက် အသုံးဝင်နေဆဲဖြစ်တဲ့ ပစ္စည်းအထားမှားရင် ပြန်ရှာတွေ့တဲ့ ရှမ်းနည်း
အစချီရမယ်ဆို ကိုယ်တွေကလေးအရွယ် ၇နှစ်လောက်တုန်းက ကိုယ့်အောက် အငယ်လေးမွေးပြီးခါစပေါ့ အဖေကတော့ ကုန်ကူးတယ် အဲ့ခေတ်က ၁၉၉၉ဝန်းကျင်က လက်လှည့်ဖုန်းတောင် အိမ်တိုင်းမရှိဘူး ဘဏ်စနစ်လည်းမဖွံဖြိုးတဲ့အချိန်ပေါ့ ကားနဲ့အပြည့်ကုန်တွေတင် ပွဲရုံမှာသွင်းပြီး ငွေအကျေချေဖို့ထိ လူကိုယ်တ်ုင်လိုက်ရတယ် ရှမ်းပြည်ဘက်တက်ရင် နားနေကျထမင်းဆိုင်က အဒေါ်ကြီးက အိမ်မှာအမေက နောက်ကလေးမွေးထားတာလည်းသိတော့ ကလေးထိန်းရင်း လက်တိုလက်တောင်းများခိုင်းချင်ရင် သူ့ရွာကကလေးမလေးကို ခေါ်သွားပေးပေါ့ ပထွေးကအားနေမူးပြီးရိုက်တာဆိုတော့ သနားလို့ဆိုပြီး ပြောပြတယ် ကောင်မလေးအမေကိုယ်တိုင်ကလည်း တလဆန်၁အိတ်ဖိုးလောက်ရရင်ကျေနပ်တယ်ဆိုပြီး ထည့်ပေးလိုက်တာ အဲ့ကောင်မလေးနာမည်က မစန္ဒာတဲ့ အသက်က၁၄နှစ်လောက်ရှိပေမယ့် အတော်လေးပိန်ပြီး အာဟာရမဖွံဖြိုးလို့ထင်တယ် ၇နှစ်ကျော်ကိုယ့်ထက် ခေါင်း၁လုံးလောက်ပဲမြင့်တယ်
ကိုယ်ကတော့ အရမ်းပျော်တာပဲ အမေက နောက်ကလေးမွေးပြီးထဲက ဂရုမစိုက်သလိုဖြစ်တော့ မစန္ဒာက ကိုယ်နဲ့ကူဆော့ပေး ထမင်းကျွေး ရေချိုးပေး အကုန်လုပ်ပေးတော့ သူအိမ်သာတက်တောင် အဲ့ရှေ့ငုတ်တုတ်ထိုင်စောင့်လောက်တဲ့အထိ တအားခင်တွယ်တာ ၇နှစ်ကျော်အရွယ်က အရမ်းအဆော့မက်တော့ အရုပ်လေးတွေက ခနခနပျောက်တယ် ဒါပေမယ့် မစန္ဒာပြန်ရှာပေးရင် အကုန်တွေ့တာပဲ သူကတော့ရှမ်းနည်းလို့ပြောတယ် ပျောက်တဲ့ပစ္စည်းက အိမ်တံစက်မှိတ်အောက် မကျော်ရင်ချက်ချင်းကိုပြန်တွေ့တယ် လုပ်ပုံက ရိုးရိုးလေး ကိုယ့်ခေါင်းထက်(အရပ်)မြင့်တဲ့နေရာမှာ ကြက်သွန်ဖြူ၁ဥကို လူမသိအောင်ယူပြီး ပန်းကန်နဲ့အုပ်ထားရုံပဲ (အဲ့လိုလုပ်တာတာ ကိုယ်ပဲသိပါစေနော်)သူများခိုးထားတာ မဟုတ်ရင် ပြန်ကိုတွေ့တယ် သူပြောပြတဲ့အထဲမှာ ကိုယ်မှတ်မိတာဆိုလို့ အဲ့နည်းရယ် နောက်တခုက ငွေ၁၀ပြားစေ့နဲ့ ကိုယ်ကြည့်မရတဲ့သူ့ရဲ့ဓာတ်ပုံကို ကိုယ်မုန်းတဲ့သူရဲ့အိမ်လှေကားအောက်ခုံတည့်တည့်မှာမြှပ်ရင် အဲ့လူကအလိုလိုနေ ကျက်သရေယုတ်ရောတဲ့ မျက်နှာမြင် အမြင်ကတ်ပါစေပေါ့ အဲ့လိုမျိုး သူသင်ပေးတာမှ အများကြီးပဲ ကလေးမှတ်ဥာဏ်နဲ့ဆိုတော့ အဲ့၂ခုပဲမှတ်မိတာ မစန္ဒာကတော့ အိမ်မှာ၄နှစ်လောက်လုပ်ပြီး ပြန်သွားထဲက အခုထိအဆက်သွယ်မရှိတော့ဘူး (ပစ္စည်းပျောက်တဲ့နည်းက ခနခနသုံးတယ် ကျပ်ပြားစေ့ကတော့ ဝဠ်လည်မှာကြောက်လို့တခါမှမသုံးဖူးဘူး လုပ်လို့ရမယ်လည်းမထင်ပါဘူး အရင်ခေတ်ကတော့ ရှည်တံရှည်အိမ်တွေဆိုတော့ တူးလို့ရမပေါ့ ဒီခေတ်ထဲမှာတော့ အဲ့လိုပေါ်တင်ကြီး သူများအိမ်ဝင်တူးလို့ရမယ်မထင်ဘူး 😁 ကိုယ့်အတွက်အသုံးဝင်လို့ shareပေးတာ 🙏)

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်