ဒီတိုင်း ညီမ 3 ရက်နေတုန်းက ကလော ၊ အောင်ပန်း သွားတုန်းက ညီမတို့ ကြုံခဲ့ရတာလေးပြောပြချင်လို့ပါ။
ညီမတို့ သွားတာက package နဲ့ဆိုတော့ agency က ရှာပေးတဲ့ hotel ပဲယူရပါတယ် အဲ့နေ့က မပြန်ခင် ရှေ့တစ်ရက်ပေါ့ ကလောမှာက တစ်ရက်စာပဲရလို့ အောင်ပန်းမှာ တစ်ညတည်းပါတယ်။
Hotel နာမည်တော့မပြောတော့ပါဘူး
ရေကူးကန်လည်းပါပါတယ် ၊ သူက ခြံဝင်းထဲ စစဝင်ဝင်ချင်းမှာဆို reception နဲ့ dinning room လိုမျိုး နှစ်ထပ်ဆောင် building ကြီးရှိပါတယ်။
ရေကူးကန်ဘေးမှာလည်း ဘန်ဂလိုတွေ ဆယ်လုံးကျော်လောက်စီတန်းနေတာပါ အဲ့ ဘန်ဂလိုတွေရဲ့ မျက်နှာချင်းဆိုင်မှာ နှစ်ထပ်ဆောင်တစ်ခုရှိပါသေးတယ် room တွေပါပဲ။ ညီမတို့က express 2+1 ကားနဲ့သွားတော့ တစ်ကားလုံးမှာ 29 ရောက်ပါပါတယ် အကုန်လုံး ကိုယ့်လူရင်းတွေကြီးပါပဲ။ ညီမတို့ မိန်းကလေး လူငယ်လေးယောက်က ဘန်ဂလိုတွေမျက်နှာချင်းဆိုင် နှစ်ထပ်ဆောင် building ရဲ့ အပေါ်ထပ်မှာနေပါတယ် ဘေးခန်းမှာတော့ ညီမတို့ အခန်းမှာတူတူနေတဲ့ အမရဲ့ အမေနဲ့အဖေနေပါတယ် ၊ ညီမတို့ မိန်းကလေးတွေကြီးပဲ စိတ်မချတာမို့။ပါ။ ညီမတို့ စစချင်းဝင်တော့ အခန်းက မသန့်တာဘာညာ မခံစားရပါဘူး ၊ ညီမတို့အခန်း twin bed ကိုမှ ကြားထဲမှာ extra ထပ်ထည့်ထားတာပါ ၊ အခန်းတိုင်းမှာလည်း ဝံရံတာသေးသေးလေးတစ်ခုစီပါပါတယ် ၊ အဲ့ဝံရံတာတံခါးကိုမဖွင့်ပဲနဲ့လည်း အပြင်ကို မြင်လို့ရအောင် မှန်အကြီးကြီးရှိပါတယ် ထူးဆန်းတာက လိုက်ကာမရှိပါဘူး။ ညီမတို့ စစရောက်ချင်း ညီမအမတွေက ခေါက်ဆွဲပြုတ်ဖို့လုပ်နေတုန်း ညီမ toilet ထဲဝင်ပြီး မျက်နှာသစ်ပါတယ် ၊ ဒါမယ့် မျက်နှာမသစ်ခင်ကွာ lighting ကောင်းလို့ ဓာတ်ပုံတောင်ရိုက်နေတာ ၊ ညီမရဲ့ မျက်နှာသစ်ဆေးဘူးက ကုန်ခါနီးဆိုတော့ ဆပ်ပြာဘူးအဖုံးကို ဖွင့်သူံးဖို့ ဖွင့်ထားတာပါ ဖွင့်ထားရင် ဓာတ်ပုံရိုက်နေတာပါ ၊ အဲ့ ဆပ်ပြာအဖုံးကလည်း ပုံထဲမှာ ပြထားတဲ့ မှန်စင်လေးပေါ်တင်ထားတာ ၊ အဲ့တာကိုကွာ လူတစ်ယောက်က ရိုက်ချလိုက်သလိုမျိုး ဘေစင်ထဲကို ပြုတ်ကျသွားတာ ညီမလည်း သိပ်စိတ်ထဲမရောက်ပဲ အဖုံးပိတ်ပြီး ပြန်ဓာတ်ပုံရိုက်နေတာ။ ပြီးတော့ ခေါက်ဆွဲပြုတ်စားဖို့ ကြမ်းပြင်မှာ ခင်းစရာရှိတာတွေခင်းတုန်း ညီမ makeup box က စားပွဲပေါ်ကနေ ပြုတ်ကျတာ ၊ ကြွတ်ကြွတ်အိတ်နဲ့ ဘူးတွေစုထည်းထားလည်းမဟုတ်ကွာ အောက်ခြေပြား pouch အိတ်လိုက်ကြီးပြုတ်ကျတာ ၊ အဲ့တာလည်း ကိုယ်တွေက နည်းနည်းကောင်းနေတော့ စိတ်မဝင်စားဘူး ၊ ပြီးတော့ မသောက်တတ်တဲ့ ညီမရဲ့ ညီမက ဝံရံတာကိုထွက်တဲ့တံခါးကိုကျောပေးပြီးထိုင်နေတာကွာ သူက ဖုန်းသုံးနေတာ အဲ့တာကို တံခါးလာခေါက်တယ်တဲ့ ညီမတို့ကို မနက်မှပြောပြတာ၊ ပြီးတော့ စားသောက်ပြီးအိပ်ကြရော ညီမတို့ မနက်မှ breakfast စားတော့ တစ်ခြားအခန်းက အန်တီတွေပြန်ပြောပြတာ ကိုယ်တွေအခန်းက ကံကောင်းအဆုံးဖြစ်နေတာ။ ညကတဲ့ ဆယ်နာရီခွဲလောက် ရေကူးကန်ဘေး ကပ်ရပ်က ဘန်ဂလိုမှာနေတဲ့အန်တီနှစ်ယောက်ထဲက တစ်ယောက်ကို တက်ဖိထားတာတဲ့ ဘေးမှာအိပ်နေတဲ့ သူ့အမကို ခေါ်တာ အသံထွက်မလာဘူးတဲ့ ပြီးတော့ အဲ့သူ့အမကိုလည်း ကုတင်ပေါ်ကနေဆွဲချပစ်တာတဲ့။ နောက်တစ်ခန်းကကျ ဖဲဝိုင်းကွာ သူတို့ဆော့နေတုန်း တံခါးလာခေါက်တယ်တဲ့ သူတို့က ယောကျာ်းတွေကြီးပဲဆိုတော့ ထဖွင့်မနေတော့ပဲ မသိချင်ယောင်ဆောင်လိုက်တာတဲ့ အဲ့မှာ အခန်းထဲက ဗီရိုထဲကနေ တံခါးခေါက်သံကြီးထွက်လာရော ၊ ပိတ်ထားတဲ့ aircon ကြီးကလည်း ထဖွင့်လာတာတဲ့ သူတို့လည်း ဝိုင်းတွေသိမ်းပြီး ဖုန်းတွေဆက်ရကော ၊ နောက်အန်တီကျ သူ့ယောကျာ်းက အဲ့စောနက ဖဲဆော့တဲ့အခန်းမှာသွားဆော့နေတော့ သူက ကျန်နေခဲ့တာ တံခါးလာခေါက်လို့ သူ့အမျိုးသားထင်ပြီးထွက်ကြည့်လိုက်တော့ ဝံရံတာမှာ ကောင်မလေးတစ်ယောက်အရိပ်ကြီးတဲ့ ဒါမယ့် လူမဟုတ်မှန်းသိသာတယ်တဲ့ ညီမတို့လည်း မနက်မှ ခြောက်ခံခဲ့ရမှန်းသိတော့တယ်

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်