58

322 8 0
                                        

ဒီအကြောင်းက အမေ့စီကတစ်ဆင့်ပြန်နားထောင်ဖူးတဲ့အကြောင်းလေး နာမည်တွေ၊နေရာတွေကိုအကုန်လွှဲပြီးရေးထားပေမယ့်ဖြစ်ရပ်မှန်မို့ ကိုယ်တိုင်မကြုံဖူးပေမယ့်ဒီတိုင်းကိုယ့်လိုဘဲတစ်ခြားသူတွေနားထောင်စေချင်လို့ပြန်ပြောပြမယ်ရယ်။
မိသားစုတစ်စုရှိတယ် အဲ့မိသားစုကသာမန်လူလတ်တန်းစားတွေထဲကဆိုပေမယ့်သွားနိုင်လာနိုင်သုံးနိုင်ဖြုန်းနိုင်တဲ့အနေထားတစ်ခုမှာရှိနေတဲ့မိသားစု၊ တစ်နေ့သူတို့မိသားစု
ကိုယ်ပိုင်ကားနဲ့ပဲခူးဘက်ကိုခရီးထွက်ကြကော အသွားမှာဘာအန္တရာယ်၊ဘာအနှောက်ယှက်မှမရှိဘဲ အရာရာကအဆင်ပြေနေတယ်၊ဒီလိုဘဲအပြန်ခရီးမှာလဲအရာရာကအဆင်ပြေတယ် ဒါပေမယ့်ပဲခူးကပြန်ထွက်ခါစလမ်းတစ်ဝက်မှာသူတို့မိသားစု ခဏလမ်းဘေးကားရပ်ပြီးခဏတစ်ဖြုတ်နား နေ့လည်စာစားတဲ့ထိဘာမှမဖြစ်ပေမယ့် သူတို့နားနေတဲ့နေရာကနေပြန်မယ်လုပ်တဲ့အချိန်ကားသမားက အပေါ့စွန့်ချင်လို့အပင်အောက်သွားတဲ့ချိန်မှာ အဲ့ကားသမားကသစ်ပင်အောက်မှာလက်ဝါးလိုမျိုးတစ်ပုံစံတည်းတူတဲ့ ကျောက်ခဲကိုတွေ့တာဘဲ ကျောက်ခဲလို့ဆိုပေမယ့်မျက်စိထဲမင်အောင်ပြောရရင်လူ့လက်ဝါးစာတစ်ပြားရှိတဲ့ကျောက်ပြားကိုမှ လက်ဝါးပုံစံလိုဖြစ်နေတာ အဲ့မှာအဲ့ကားသမားကသူတို့အိမ်ကရေတိုင်ကီထဲမှာအလှထည့်ဖို့ဆိုပြီးသယ်လာတယ်အဲ့ကျောက်လက်ဝါးကြီးကို သူတို့မိသားစုအဲ့ကျောက်လက်ဝါးကိုအိမ်ကိုပြန်သယ်လာတဲ့တစ်လျှောက်မှာလဲ ညှီစို့စို့အနံကိုတစ်ကားလုံးရနေတယ်ဒါပေမယ့်သူတို့ပဲခူးကဝယ်လာတဲ့ငချဥ်တွေကြောင့်ဘဲထင်ပြီးဆက်မောင်းလာကော။ဒီလိုနဲ့ရန်ကုန်အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ အဲ့ကားမောင်းတဲ့ဦးလေးက အဲ့ကျောက်လက်ဝါးကိုရေသေချာဆေးပြီးသူတို့ရေချိုးတဲ့ရေတိုင်ကီထဲထည့်ထားလိုက်တယ် ရေတိုင်ကီဆိုပေမယ့်အရင်ခေတ်ကငါးတွေကိုကန်ဘောင်နဲ့မွေးတာထက်တိုင်ကီထဲမှာထည့်မွေးတက်ကြတယ်။ မကြာဘူး အဲ့လက်ဝါးကိုရေတိုင်ကီထဲထည့်ပြီးတစ်ပတ်အတွင်းအဲ့ရေတိုင်ကီထဲကငါးသုံးကောင်တန်း tay တာဘဲ။
အဲ့တာနဲ့ရေတိုင်ကီကိုလှည်ရင်း အဲ့ကျောက်လက်ဝါးကိုပါထုတ်ပြီးသူတို့ထမင်းဟင်းချက်တာတို့၊ရေအပိုလှောင်ထားတဲ့တိုင်ကီထဲမှာပြောင်းထည့်လိုက်ကော ရေချိုးတဲ့တိုင်ကီကိုဒီတိုင်းထားလိုက်တော့တယ်၊အဲ့မှာပြဿနာကစလာတာဘဲ အဲ့မိသားစုမှာအသက်အရမ်းကြီးနေပြီဖြစ်တဲ့အဘိုးကြီးရှိတယ် အသက်ကြီးပေမယ့်နေကောင်းနေတဲ့အဖိုးကရုတ်တရက်ကြီးထပြီးဆေးတွေချိတ်ရတဲ့အထိဖျားနာတဲ့အခြေနေတွေရောက်သွားကောနေ့ချင်းညချင်း အစကအသက်ကြီးရောဂါမို့ဖြစ်တာထင်ပေမယ့် အဖိုးကအစားစားနေပေမယ့်တစ်ဖြေးဖြေးပိန်ချုံးလာတာ အစကသိပ်မသိသာပေမယ့်အဖိုးက ညဘက်တွေဆိုကျောက်လက်ဝါးထည့်ထားတဲ့ရေတိုင်ကီရှိတဲ့နောက်ဖေးအပေါက်ကိုကြည့်ပြီးအရမ်းကြောက်နေတဲ့ပုံစံမျိုးဖြစ်နေတာ ဘာကြောင့်လဲမေးရင်ဘာမှမပြောဘဲ အိမ်နောက်ဖေးတံခါးကိုပိတ်ခိုင်းတာဘဲ အဲ့ကျေုက်လက်ဝါးရောက်လာပြီးတစ်ပတ်အတွင်းမှာငါးတွေအကုန်သေတယ် အဲ့တစ်ပတ်ကျော်အပြီးမှာအဖိုးကြီးကစဖျားတော့တာဘဲ ခြောက်လလောက်အကြာမှာအဖိုးကြီးရောဂါကအပေါ်မှာပြောသလိုဘယ်လောက်စားစားပိန်ချုံးလာတာဘဲ ဒါနဲ့အိမ်ကလူတွေကလဲဆရာဝန်တွေနဲ့ပြတာစုံနေပြီမို့ပရောဂကုတဲ့ဆရာတွေနဲ့ရမလားပြကြည့်မှအခြေနေမှန်သိရတော့တာ အဲ့ချိန်မှာအဖိုးကြီးကအတော်အခြေနေဆိုးနေပြီ။
သူတို့အထက်လမ်းဆရာကိုခေါ်ပြီးစစ်ဆေးတော့ သူတို့အိမ်မှာသက်တမ်းရင့်နေတဲ့မကျွတ်လွတ်တဲ့ပရလောကတစ်ကောင်ကပ်ပါလာတာတဲ့ သူကအရာဝတ္တုတစ်ခုမှာကပ်ပြီးလိုက်လာတာပြောတော့အစကဘယ်ဟာမှန်းအိမ်ကလူတွေကသတိမထားမိကြဘူး အထက်လမ်းဆရာကခုချိန်မှအဲ့ပစ္စည်းကိုဖယ်လဲအဖိုးကြီးအသက်ကမမှီတော့ဘူးအဲ့ကောင်ကအသက်ကိုတစ်ဖြည်းဖြည်းချင်းဖဲ့ယူနေတာတဲ့ ဒါနဲ့ဆရာကခရီးတွေဘာတွေသွားရင်အမှတ်တရပစ္စည်းဘာညာဝယ်လာသေးလားမေးတော့မှ ကားမောင်းတဲ့အဲ့အိမ်ကဦးလေးကသူကားလမ်းကနေ အဲ့ကျေုက်လက်ဝါးကိုလှလို့ယူလာခဲ့မိကြောင်းပြောပြီးအဲ့လက်ဝါးကိုထည့်ထားတဲ့တိုင်ကီကိုလိုက်ပြတဲ့ချိန်မှာ တစ်အိမ်သားလုံးအရမ်းအံ့သြပြီးကြောက်လန့်ကုန်ကြကော စဥ်းစားကြည့်လက်ဖဝါးနဲ့တူတဲ့ကျောက်ပြားကနေသက်ရှိ့လူ့လက်သည်းတွေလိုဖြည်းဖြည်းချင်းရှည်ထွက်နေတာကလုံးဝသွေးပျက်စရာကြီး အဲ့မှာအထက်ဆရာကနေဒီရေတိုင်ကီကဘာအတွက်သုံးတာလဲမေးတော့အိမ်ကလူတွေက အသားငါးဟင်းချက်စရာတွေဆေးကြောရင်သုံးတဲ့ရေတိုင်ကီလို့ပြောတဲ့ချိန်မှာ ဆရာကမင်းတို့ဟင်းချက်စရာအသားငါးတွေကသွေးညှီတွေကအဲ့ကျောက်လက်ဝါးကိုပိုပြီးအသက်ဝင်အောင်လုပ်လိုက်သလိုဖြစ်တာဆိုပြီးအဲ့ကျောက်လက်ဝါးကို ဆရာကြီးကယူပြီးမီးဖိုတည်ခိုင်းပြီးချက်ချင်းမီးပုံထဲပြစ်ထည့်တော့ သွေးညှီနံ့ကောအသားကိုကင်ပြီးထွက်လာတဲ့ညှော်အနံ့တွေပါရလာတာ။
ကျောက်ပြားကိုဒီတိုင်းမီးပုံထဲထည့်ရင်ဘာမှမဖြစ်တာကို အနံ့တွေပါထွက်လာတည်းကဆရာကြီးက အဲ့လက်ဖဝါးကိုယူလာခဲ့တဲ့နေရာပြန်ထားပေးဖို့ပြောတဲ့အချိန်မှာဘဲ
သူတို့အိမ်ကလူမမာအဖိုးကြီးလဲအသက်ထွက်တာဘဲ အကယ်၍သာအဲ့လက်ဝါးကိုသူ့နေရာသူမထားဘဲဒီတိုင်းဆက်ထားရင် မိသားစုတွေကကောင်း''ဒုက္ခရောက်ပြီဘဲ။
စာကအရမ်းရှည်နေပြီမို့ လိုရင်းတိုရှင်းချုပ်ပြီးပြောထားပေမယ့်ကြားထဲမှာအများကြီးကျန်သေးတယ်ဒီအကြောင်းက ကိုယ်တိုင်ကြုံဖူးတာမဟုတ်ဘဲအမေ့အသိထဲကမိသားစုဖြစ်ခဲ့တာမို့ ဒီတိုင်းလေးပြန်ပြီးsharingလုပ်ပေးတာ ပြောချင်တာလမ်းခရီးသွားရင်ပါးစပ်သရမ်းတာ၊လှလို့ဆိုပြီးအပင်ခူးတာ၊ကောက်ထည့်လာတာတွေမလုပ်ပါနဲ့ ဒီအကြောင်းရာမှာ နေရပ်လိပ်စာ၊နာမည်တွေဘာမှထည့်မထားသလိုကာယကံရှင်တွေကအခုထိသက်ရှိထင်ရှားရှိနေလို့ အတိအကျဖော်မပြနိုင်တာတော့
Sorry ပါဗျ။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now