အပိုင်း (၂) (ဇာတ်သိမ်း) ဟိုတယ်သရဲ
အမျိုးသားနဲ့ ကလေးက ရောက်ရောက်ချင်း ရေချိုးမယ် ဆိုပြီး bath tub ထဲမှာ သွားဆော့နေတော့
ကိုယ်လည်း သိမ်းစရာရှိတာသိမ်း ထားစရာရှိတာ ထားနေတုန်းမှာ ကြမ်းပြင်ပေါ်ကျနေတဲ့ ကျွတ်ကျွတ်အိတ်က မျက်လုံးထောင့်မှာ ရွေ့သွားတာ လှမ်းမြင်လိုက်ရတယ် .. စိတ်ထဲ ထင့်ခနဲ ဖြစ်သွားပေမဲ့ အဲကွန်းလေကြောင့် နေမှာပါ လို့တွေးပီး လုပ်စရာရှိတာ ဆက်လုပ်တာပေါ့ ..
အဲ့အချိန် အမျိုးသားက ရေချိုးနေရင်း ရေချိုးခန်းထောင့်မှာ အရိပ်တရိပ် ဖြတ်သွားတာကို မြင်လိုက်ရပြန်ရော (ဒါက check out လုပ်ပြီး အပြင်ရောက်မှ သူ ပြန်ပြောပြတာပါ..)
သူလည်း သူ့ဘာသူ စိတ်ထင့် ကိုယ်လည်း ကိုယ့်ဘာသာ စိတ်ထင့်နေပေမဲ့ တယောက်နဲ့တယောက် အဲ့အကြောင်း မပြောကြဘူး ..အခန်းထဲမှာပဲ ဝယ်လာတဲ့ ညစာစား ..ကလေးနဲ့ ခဏဆော့ပြီး ကလေးလည်း အိပ်သွားတော့ ..ကိုယ်တွေလင်မယားက ဝါတွင်းသုံးလအဓိဌာန်ဝင်ထားတာမို့ ပုတီး စစိပ်ဖို့ လုပ်တယ် ..
ကိုယ်က ခြေထောက်နာနေတော့ ကြာကြာထိုင်လို့မရတာမို့ ကုတင်ပေါ်မှာ ကုတင်ခေါင်းရင်းကို မှီထိုင်ရင်း ခြေဆင်းချထားရတယ်..ခြေထောက်ကိုတော့ ပါလာတဲ့ကလေးစောင်လေးပတ်ထားတာပေါ့..
အမျိုးသားကတော့ ပုတီးမစိပ်ခင် ဘာလို့မှန်းမသိ အခန်းကို လျောက်ပတ်ကြည့်နေတာ .. ပြီးတော့ အခန်းထောင့်မှန်တင်ခုံကို ဘေးက လိုက်ကာစနဲ့ အတင်းအုပ်ကွယ်ပြီး မှန်တင်ခုံက မီးချောင်းကို သူက ပိတ်ရော .. သူ ဂဏာမငြိမ်ဖြစ်နေတော့ ကိုယ်က ဘာလုပ်နေတာလဲ လို့ မေးတာပေါ့ ..သူက သူမြင်တာ မပြောပြဘူး..မီးအရမ်းစူးပြီး အလင်းပြန်လို့ ပိတ်တာ ပဲ ဖြေတယ်..
ကိုယ်လည်း ဘာမှ မပြောတော့ပဲ ပုတီး စစိပ်တဲ့အချိန်မှာ ကိုယ့်ကုတင်ဘေးက ဖုန်းတင်တဲ့စားပွဲလေး အောက်ဘက်မှာ တယောက်ယောက်ရှိနေသလို စ ခံစားရတော့တာပဲ .. အဲ့ဒါနဲ့ ဖြတ်ခနဲငုံ့ကြည့်လိုက်တော့ မဲမဲကောင်ကြီး လှမ်းတွေ့ရော .. ကိုယ်လည်း မမြင်ချင်ယောင်ဆောင်ပြီး ငါ တွေ့တာ သေချာရဲ့လားလို့ တွေးနေတုန်း ပုတီးကလည်း စိတ်ထဲကပဲရွတ်နေတော့ မပျက်ချင်တာနဲ့ ဆက်ရွတ်နေတုန်း အဲ့အကောင်ကြီးက ကုတင်အောက် ကိုယ့်ပုခုံးဘေးနားကနေ ခြေထောက်နားထိ ရွေ့ရွေ့ပြီး ဆင်းသွားတာ ခံစားမိလိုက်တယ် ..
ပြီးတော့ စောင်အုပ်ထားတဲ့ ခြေထောက်ကို မထိတထိ စ ကိုင်ရော ..

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်