35

394 8 0
                                        

၄တန်းနှစ်လောက်က သရဲအကူအညီတောင်းခံရတာ အက်တုန်းက ကိုယ်ကျောင်းကပြန်လာတုန်း အမေက ရွာ ဘုရားပွဲအလှူလိုက်မလားတဲ့ ကိုယ်က အက်ရွာကို သင်္ကြန်တိုင်းရောက်ဖူးပေမဲ့ ဘုရားပွဲကျတော့ မရောက်ဖူးဘူး အက်တာနဲ့ပျော်စရာကြီးထင်ပြီးလိုက်သွားတာပေါ့ ရွာက ဧရာ၀တီတိုင်း ကန်ကြီးထောင့်ဘက်နားမှာပါပဲ ရွာဘုရားပွဲက ၃ရက်ပေါ့ဗျာ ကျွန်တော်တို့စရောက်သွားတာ ပထမရက် ရွာဓလေ့ဆိုတော့သိတဲ့အတိုင်း အမေကလဲရွာခံဆိုတော့ သိပ်ဖော်ရွေတာပေါ့ဗျာ ပထမရက် ဒုတိယရက်ရောအတော်မြိုင်ပြီး ပျော်ရွှင်ခဲ့ရတာ ရွာမှာ လာဖျော်ဖြေတဲ့ လူတွေက စိမ့်နေခြည်တို့တစ်ဖွဲ့ ကျွန်တော်တို့ငယ်ငယ်တုန်းက သင်္ကြန်ကလေးသီချင်းတွေမှာပါခဲ့တဲ့ ဖြိုးသီဟတို့ ရဲသီဟတို့ရောပေါ့ တဂယ်ကိုမြိုင်တဲ့ပွဲပါ ဆိုင်၀ိုင်းတွေရော နဲ့ နောက်ဆုံးနေ့ထိ သာသာယာယာပဲပြီးသွားခဲ့တာပေါ့ ပွဲပြီးတာက ၁၁လောက်ဗျာ (ကျွန်တော်တည်းတာက ကျွန်တော့အရီးအိမ်မှာ သူ့အိမ်က တစ်အိမ်ထဲ ကွက်ရှိနေတာ သူ့အိမ်ညာဘက်မှာ လယ်ကွက်တွေပဲရှိတယ် ဘယ်ဘက်မှာက သုံးခွရွာကိုသွားတဲ့လမ်းလေးသူ့အရှေ့အတည့်ကလယ်ကွင်းတွေမှာပဲ ဘုရားပွဲက အနောက်အတည့်မှာကျ အုတ်ဂူ၂လုံးရှိတာပေါ့) အက်ညကဗျာ အားလုံးလဲပြီးပြီ ၁၁လောက်အကုန်လုံးလဲ အိမ်ပြန်ပြီး ၁၂လောက်ကျ လူရှင်းကုန်ပြီ ကျွန်တော်တို့မိသားစုလဲအရီးတို့နဲ့ စကားပြောပြီး အိပ်ယာထဲ၀င်ကုန်တယ် မနက်ဖြန်ကျွန်တော်တို့လဲပြန်တော့မှာမို့ ကျွန်တော်လဲ အိပ်ယာ၀င်ခဲ့တာပေါ့ အချိန်က မကြာဘူး ၁ကျော်လောက်ပဲ ရှိသေးတယ်ထင်တယ် အသံတွေညံလာတာလူတွေစကားပြောသံ လက်ခုပ်တီးလှမ်းခေါ်သံတွေရော ဘာမှန်းကိုမသိတာပါ ဘာမှလဲသဲသဲကွဲကွဲမကြားရဘူး အသံတွေကြားတော့ မျက်လုံးကထပွင့်လာသေးတယ် နောက် ဘာမှ ထပ်မကြားရလို့ ပြန်အိပ်မယ်လုပ်တုန်းမျက်လုံး မှိတ်ချိန်မှာ ပထမဆုံးဗုံသံကို စကြားရတာပါ ကြက်သီးပါ ဖြတ်ခနဲထသွားတာပေါ့ ဒီအသံက ဒီအချိန်ရှိမနေသင့်တာကို အက်တာကြီးထကြားတော့ စိတ်ထဲကဖြစ်တာလဲမဟုတ်နားထဲကို၀င်လာတာ အက်တာနဲ့ မျက်လုံးကောက်ဖွင့်တယ် ကိုယ်က ခြင်ထောင်သက်သက်ပေမဲ့ ကို့ခြင်ထောင်ဘေးမှာ အရီးသားတွေအိပ်နေတာတွေ့တယ် သူတို့မကြားဘူးလားမသိ ကျွန်တော်လဲ မထူးတော့ဘူးဆိုပြီး မျက်လုံးထပ်မှိတ်တော့ ဆိုင်းသံတွေက ထပ်ထလာပြန်ရော ပိုလန့်လာတာပေါ့ အက်လိုနဲ့ ကိုယ်မျက်လုံးမှိတ်မှကြားရတာဆိုပြီး တွေးမိလာတော့ ခေါင်းမူးခြုံနောက်တစ်ခေါက်ထပ်မှိတ်တယ် နောက်တူရိယာသံတစ်ခုနဲ့ ၇မျိုး၈မျိုးလောက်သွားခဲ့တာ အက်အသံတွေ အားလုံးပြီးတော့ ဘာမှဆက်မကြားတော့ဘူး အရီးသားတွေဘက်ကို နည်းနည်းကပ်လိုက်တယ် ပြီးတော့ နည်းနည်းလန့်လန့်နဲ့ပဲ ပြန်အိပ်လိုက်တယ် ဘယ်လောက်အိပ်ပျော်သွားလဲမသိဘူး အသံတွေ စူးပြီး ကြားရတာ လူတွေအများကြီး စုအော်တဲ့အသံကြီး ကူညီကြပါ ကူညီကြပါနဲ့ အသံကြီးက ခုထိ မှတ်မိသေးလောက်အောင် စူးစူးကြီးနဲ့ အော်နေကြတာ တဂယ်လန့်တာ သူတို့က ကူညီကြပါချည်းပြောနေတာ ကျန်တာလဲမပြော ကိုယ်ကလဲ ဘာမှမသိ ပိုပိုလန့်ပြီး မကူညီနိုင်ဘူးလို့အော်ပြောလိုက်တယ် အပြင်ကအသံကထွက်မလာဘဲ ရင်ထဲမှာတင် ဆို့နေတယ် စိတ်ထဲကပဲပြောထွက်သွားတာ အက်တာကို ကြားသွားတယ်လားတော့မသိ အသံတွေအကုန်ရပ်သွားတယ် ကိုယ်လဲ တော်"ကြောက်ပြီး အိပ်ရတာ ခပ်လန့်လန့် နောက်တော့လဲ မနက်ပြန်ရမှာမို့ ထပ်ပြီးကြိုးစားအိပ်ခဲ့ပါတယ် ဘေးကလူတွေကိုလဲ မနှိုးချင်တာမို့ သူတို့နားပဲ သွားကပ်အိပ်နေခဲ့တာ မနက်ကျမှ စတာ ကိုယ်နှိုးလာတော့ အဖေက ကားနားမှာ ရစ်သီ ရစ်သီနဲ့ အမေ့ကို မေးတော့ အမေကပြောတာ နင့်အဖေ ကားဘီး ဘယ်သူဖောက်လို့ဖောက်သွားမှန်းမသိဘူးတဲ့ တဂယ်ကိုယ်လန့်သွားပြီး ထငိုရော ပြီးမှ အမေကမေးလို့ ညက ကိစ္စပြောပြလိုက်တာ အမေက အရီးကို သွားပြန်ပြောရော အက်တော့မှ အရီးပါလန့်ရော အဖြစ်ကဒီဘုရားပွဲမတိုင်ခင် လွန်ခဲ့တဲ့၂နှစ်က ဒီရွာမှာလာကတဲ့ ဆိုင်း၀ိုင်းအဖွဲ့က ဘုရားပွဲပြီးလို့ သိမ်းဆည်းပြီး ညတွင်းချင်းအိမ်ပြန်တာ ဒီရွာထိပ်မှာတင် ပွဲချင်းပြီးဆုံးသွားဖူးတယ်တဲ့.. အက်တာနဲ့ တစ်အိမ်လုံးလန့် ပြီးတော့ တရွာလုံးလဲသိပြီး ဓမ္မာရုံမှာ ဘုန်းကြီးပင့်ပြီး ရေစက်ချ အမျှေ၀လိုက်ရတယ်....တွေးကြည့်တိုင်းစဥ်းစားမရတာက သရဲတွေက ၂နှစ်တောင်သေပြီးခဲ့တာကို ကို့အလှည့်မှ ဘာလို့ခြောက်ရတာလဲ မသိတာရယ် ကားဘီးကိုဘယ်လိုတောင် ဖောက်နိုင်လဲဆိုတာရယ်ပဲ အက်လိုထိလို့ရလို့လားဗျ ဖြစ်ပျက်ခဲ့တာတော့ ဧရာ၀တီတိုင်းက ၀က်ထိုးကျေးရွာမှာပါပဲ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now