ကိုယ်ဟိုတစ်လောက ဒူဘိုင်းကိုယ်နေတဲ့အိမ်မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်ပျက်မျှဝေဖူးတယ်
အခုတစ်ခေါက်မျှဝေချင်တာက ဒူဘိုင်း UAEက Companyတစ်ခုမှာအလုပ်တုန်းကအလုပ်ကပေးတဲ့အဆောင်မှာအခြောက်ခံရတဲ့အကြောင်းအရာလေးပါ
စာလေးနဲနဲရှည်တာစိတ်မရှိပါနဲ့ ဖတ်ရင်း အတွေ့ကြုံကိုအတူ
ထိမိဂွိလိုက်ခံစားမိစေဖို့ အဖြစ်ပျက်အသေးစိတ်ရေးထားတဲ့အတွက်ကြောင့်ပါအကြံညဏ်ထင်မြင်ချက်လေးလည်းရေးသားသွားကြပေးပါနော်
တိုက်တစ်ခုမှာအိပ်ခန်း၃ခန်း အခန်းနံပါတ်တော့မမှတ်မိတော့ဘူး တစ်ခန်းစီကို၂ထပ်အိပ်ကုတင် ၄ လုံး အခန်းကြီးဆို ၂ထပ်အိပ်ကုတင် ၆လုံး ထားတယ်
မိန်းကလေးတွေကြီးပဲ အဲ့တစ်တိုက်တည်းနဲ့တင် မိန်းကလေးစုစုပေါင်းအယောက် ၃၀ကျော်လောက်ရှိမယ်
အများစုက ဟိန္ဒူလူမျိုးတွေ ..၅ယောက်လောက်ကဖိလစ်ပင်း ..၂ယောက်လောက်က အာဖရိကန် မြန်မာဆို ကိုယ်အပါအဝင် မိန်းကလေး၃ယောက်နေကြတယ်ရေချိုးခန်းတွဲရက်ပါတဲ့အိမ်အတွင်းဆုံးအခန်းကျယ်ထဲအခန်းနံပါတ်၃ မှာကိုယ်က အခန်းအလယ်ပြူတင်းပေါက်အကြီးကြီးနဲ့ကပ်ရပ်နှစ်ထပ်ကုတင်ရဲ့ အောက်ကုတင်မှာအိပ်ပါတယ်
ကိုယ့်အိပ်ယာအပေါ်မှာမြန်မာမလေးရယ်အဆောင်စနေကြချင်းတုန်းကအိမ်ကသန့်တယ် သရဲခြောက်တာလုံးဝမရှိဘူး
ဖြစ်ပုံကဒီလို အခန်း၃ခန်းရှိတဲ့ထဲက အခန်း၁ အိမ်ထဲစစဝင်ချင်းအိပ်ခန်းထဲနေတဲ့Indian Hindu ကုလားမလေးတစ်
ယောက် ဆုံးသွားပြီး တစ်ပတ်အတွင်းထဲမှာပဲသူကသူ့ရည်းစားနဲ့ ကိုယ်ဝန်ရှိနေတာ အဲတာကိုဖျက်ချပြီးသွေးအထွက်လွန်
ပြီးဆုံးသွားတာ အဲ့တုန်းကသူရုံးတစ်ပတ်လောက်လာတာမတွေ့လို့နေမကောင်းဖျားနေလို့ဆေးရုံးတက်နေရတယ်ပေါ့
အဲ့တုန်းကကိုယ်ဒီတိုင်းပဲသူသက်သာရင်ရုံးပြန်တက်မယ်ပေါ့တစ်ညကိုယ်ဖြစ်တာက ညဘက်ဆိုကိုယ်ညလည်မနက်၃နာရီ၄လောက်ဆို ဆီးသွားတယ်
ဆီးသွားပြီးအိပ်ယာထဲပြန်ဝင်ပြီဆိုတာနဲ့ ကိုယ့်ကုတင်ခြေရင်းနဲ့အိမ်သာခန်းက ခြေ၁၀လှမ်းလောက်ဝေးတယ် အဲ့ရေချိုးခန်းအိမ်သာရှေ့ကနေ ခြေညပ်ဖိနပ်ကိုမှရေချိုးခန်းထဲကရေချိုးပြီးရေစိုထွက်လာတဲ့ဖိနပ်သံကို ခေါက်တုံ့ခေါက်ပြန်ကြားနေရတာ

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်