#သေမင်းတကယ်ရှိသလိုအိမ်စောင့်နတ်လဲတကယ်ရှိပါတယ်#
လွန်ခဲ့တဲ့ဆယ်နှစ်ဆယ့်ငါးနှစ်လောက်ကကိုယ်တွေ့လေးပါ ကျွန်တော်တို့အိမ်နဲ့မျက်နှာချင်းဆိုင်အိမ်မှာဆရာလေးဦးသိန်းဆိုတဲ့သူရှိတယ် ကျွန်တော်တို့ကိုစာသင်ပေးတဲ့ဆရာပါပဲ ကျန်းကျန်းမာမာပါပဲ တနေ့ မှတ်မှတ်ရရ အဲ့နေ့ကမနက်လေးနာရီဝန်းကျင်လောက်ရှိမယ်ထင်တယ် ကျွန်တော်ကပူအိုက်လို့အခန်းထဲမအိပ်ပဲအဲ့နေ့ကအခန်းပြင် အိမ်ဧည့်ခန်း အိမ်ရှေ့ပေါ့ အိမ်ရှေ့ဆိုတော့လမ်းနဲ့နီးသွားတယ် ပြောချင်တာကကျွန်တော်မနက်စောစောအိပ်မှုံစဝါးနဲ့နိုးနေတုန်း လမ်းဟိုဘက်အခြမ်း အဲ့ဆရာလေးတို့အိမ်ရှေ့ ဖုန်းတိုင်အောက်ကဖြစ်မယ် အသံဩဩအသံကြားလိုက်တယ် မေးတဲ့အသံ 'ဒီအိမ်မှာ ဆရာလေးဦးသိန်းဆိုတဲ့သူရှိလား' ဆိုပီးသူံးခါမေးတယ် ကျွန်တော်လဲ လန့်သွားတယ်ကျွန်တော်ထင်တာက လူတယောက်ဆရာလေးကိုလာရှာတာလား လာရှာရင်လဲ မနက်မှမဟုတ်ပဲ ဗွေလီဗွေလင်းကြီး အဲ့လိုကျွန်တော်တွေးပြီးပြန်အိပ်ပျော်သွားတယ် မနက်မှမေးကြည့်မယ်ပေါ့ ဘယ်သူလာရှာတာလဲဆိုပီးတော့ မနက်လဲရောက်ရော ကျွန်တော်သွားမေးတယ် မနက်စောစောက ဆရာလေးကိုလူတယောက်လာခေါ်တာဟုတ်လားဆိုတော့ ဘယ်သူမှလာမခေါ်ပါဘူးတဲ့ ကျွန်တော်လဲအံ့ဩသွားတယ် ကျွန်တော်ပဲအိပ်မှုံစဝါးနဲ့ကြားမိတာနေမှာပါ အိပ်မက်လားဘာလားပေါ့ အဲ့အကြောင်းကိုမေ့ပြောက်နေလိုက်တယ် ဒါပေမယ့် နောက်သုံးလေးရက်လဲကြာရော ဆရာလေး ဦးဏှောက်သွေးကြောပြတ်ပီးရုတ်တရက်ကြီးဆုံးသွားတယ် ကျွန်တော်တို့ရှေ့တင်ပဲ ခြံထဲပန်းပင်ရေလောင်းတယ် မနက်စာစားတယ် အကောင်းကြီးပဲ ပီးတော့ အိမ်ဘေးမှာနေစာလှုံနေရင်း ရှေ့ငိုက်ကြသွားတာပဲ ဆေးရုံခေါ်သွားတော့အသက်ပါမလာတော့ဘူး တိုက်ဆိုင်တာလားမပြောတတ်ပေမယ့် ခေါ်မေးသံကြားပြီးသုံးလေးရက်အတွင်းအကောင်းကြီးကနေဆုံးရှာတာပဲ ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရပါပဲဗျာ#
#အိမ်စောင့်နတ်တကယ်ရှိတာလဲကိုယ်တွေ့ကြုံတာလေးနောက်ရက်ပြောပြပါ့မယ်#

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်