ဆေးရုံနာမည်တော့ထည့်မရေးတော့ဘူးနော်
2019 သကြ်န်တုန်းက အဖွားအသည်းသန်ဖြစ်လိူ့ အရေးပေါ်နီးစပ်ရာဆေးရုံတင်လိုက်ရတယ်
သကြ်န်တွင်းဆိုတော့ accident တွေနဲ့ရောက်လာတာလဲမနည်းဘူးပေါ့ အဘွားလဲအသက်ကြီးနေပီ
ဆိုတော့ လူအများနဲ့ဆူဆူညံညံနဲ့ဆို မနေတက်မှာ
ဆိုလို့ vipအခန်းယူလိုက်တယ် ကိုယ်တွေနေတဲ့အခန်းက 2လွှာမြောက် ဓတ်လှေကားနဲ့ မနီးမဝေးလေး အဲ့နေ့မှာဖြစ်ခြင်တော့ မေမေကလဲအလုပ်ကိစ္စနဲ့ Nptရောက်နေတာ မနက်ဖြန်မှပြန်ရောက်မှာ ဖေဖေကလဲ Ygnရောက်နေတာ ကိုကြီးရယ် ညီမရယ် ညီမအမရယ် အဘွားရယ်ပေါ့ အမက အိမ်စောင့်ဆိုပြီးပြန်သွားတယ် ကိုကြီးကလဲ လက်ဖက်ရည်ဆိုင်ခဏဆိုပြီး တော်တော်နဲ့ပေါ်
မလာဘူး 10နာရီဘဲရှိသေးတယ် အဲ့မှာဇတ်လမ်းကစတာဘဲ တံခါးကိုလာခေါက်တယ် အစက nurseမလေးတွေထင်နေတာ ဖွင့်ကြည့်တော့ဘယ်သူမှ မတွေ့ရဘူး နောက်တစ်ခေါက် ဒေါက်ဒေါက်ဒေါက် ဆိုပြီးခေါက်တယ် ဖွင့်ကြည့်တော့လဲဘယ်သူမှထက်မတွေ့ပြန်ဘူး အဘွားကလဲ ဆေးအရှိန်နဲ့အိပ်နေတာပေါ့ အခန်းထဲမှာ ကိုယ်တစ်ယောက်ထဲလိုကြီးဖြစ်နေတာ အဲ့မှာ ရေချိူးခန်းထဲကနေ ရေဆွဲချသံကြီးကြားရတာ ပြီးတော့ အပုတ်နံ့ကြီးကတော်တော်ဆိုးတယ် အဲ့အချိန်မှာ ကိုကြီးမြန်မြန်ပြန်လာပါတော့လို့စိတ်ထဲမှာဆုတောင်းနေရတာ အဘွားကုတင်ဘေးမှာ တံခါးတစ်ခြပ်ကိုဖွင့်ထားတာ တစ်ခြပ်ကိုပိတ်ထားတာ ပိတ်ထားတဲ့ဘက်ကနေ လက်ကောက်ဝတ်ထိဘဲပါတယ် လက်ပြတ်ကြီးက မှန်တံခါးကိုလာခြစ်တာ မှန်ကိုလက်သည်းအရှည်ကြီးနဲ့ ဂျစ်ဂျစ်ဂျစ်ဆိူပြီး အဲ့တာကြီးမြင်တော့ အဘွားလက်ကိုဆုတ်ထားတာ နောက်မရတော့တဲ့အဆုံး ခွက်ထဲရေထည့်ပြီး 24ပစ္စည်းရွတ်ပြီး မှန်ခြစ်တဲ့နေရာကို ပက်ထည့်လိုက်တာ တောက် ဆိုပီး
မိန်းအအသံကြီးကြားလိုက်ရတယ် ပြီးတော့ဘာအသံမှမပေးတော့ဘူး အိမ်ကအကိုအားကိုးရချက်ကတော့ 11ခွဲမှပြန်ရောက်လာတယ် ဂိမ်းထိုင်ဆော့နေတာတဲ့ ကိုယ့်မှာတော့တစ်ယောက်ထဲ ကမ္ဘာတွေပါပျက်လို့🙂

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်