87

276 7 0
                                        

ကျွန်တော်အခုမှ ကြောက်ကြောက်နဲ့
ရေးလို့ တချို့မှားတာရှိရင်လဲ
တောင်းပန်ပါတယ် မနေ့ကပေါ့
ကျွန်တော် အရှေ့ဒဂုံ ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်မှာ
ည 9နာရီလောက် မြောက်ဥကာလာ ကန်သာယာကို
ပြန်ဖို့ ဆိုင်ကယ်ကယ်ရီစောင့်နေတုန်း
အဒေါ့်ကြီးတယောက် အသက်က 40.50၀န်းကျင်ပဲ
အနားကို ရောက်လာတယ်ဗျ သူကဗျာ
သူ့ဗိုက်ကို လက်နဲ့အရမ်းနာတဲ့ ပုံစံအုပ်ထားတာ
ကျွန်တော်ကတော့ အဲ့အဒေါ် ဗိုက်အောင့်နေတာထင်တယ်
‌ခဏအကြာ ကျွန်တော်ကိုလာကြိုမဲ့ ကယ်ရီသမားစီက
ဖုန်း၀င်လာတယ် ညီလေးတဲ့ အကို 8သမ ထဲက ဖြတ်လာပြီ ခဏစောင့်ဦးတဲ့ ရတယ်ကိုကြီး အေးဆေးလို့
ပြောနေတုန်းရှိသေးတယ် အဲ့အဒေါ်ကြီးက ဘုတ်ဆိုပြီး
ခွေကနဲ ပစ်လဲ သွားတယ် အဲ့အချိန် မီးကပျက်နေတာ
စမ်းတဝါးဝါးပဲ ကျွန်တော်သေချာကြည့်တော့မှ
ထက်ပိုင်းဖြတ်နေတာဗျာ မြင်လို့တောင်မကောင်းဘူး
ကျွန်တော်လဲ ချွေးစီးတွေပြန်ပြီး သရဏဂုံတင်
ဘုရားစာတွေရွတ် လူကတအားလန့်နေပြီ မျက်လုံးပြူး
မျက်စံပြူး‌ဖြစ်နေပြီ ငါတော့ရူးပြီလို့
ပုဆိုးကို မပြီး ထပြေးရောပဲ
ကံကောင်းချင်လို့ဗျာ ရှေ့မျက်နှာချင်းဆိုင် လက်ဖက်ရည်ဆိုင်ဘက်ကိုပြေးတာ
ကျွန်တော်ကိုလာကြိုတဲ့ ကယ်ရီသမားရောက်လာရော
သူက ညီလေးဘာဖြစ်တာလဲ ဘာဖြစ်တာလဲ
အသည်းအသန်မေး ကျွန်တော်က သွေးပျက်နေပြီလေ
ဘာမှ မဖြေ‌နိုင်တော့ဘူး သူက သူမှာ ပါတဲ့ရေနဲ့
မျက်နှာကိုပက်လိုက်တော့မှ ကျွန်တော် ငိုပြီးပြောပါလေရော ကျွန်တော် ခါးတပိုင်းပြတ်ကြီးတွေ့တယ်ဗျာလို့
ကျွန်တော်အိမ်ကို မြန်မြန်ပို့ပေးပါဗျာ ဆိုပြီးပြောတော့မှ
သူက ပြောတယ် အဲ့အဒေါ်ကြီးက ဆုံးတာ မကြာသေးဘူး ယာဉ်တိုက်မှုကြောင့် ဆုံးတာတဲ့ ကျွနိတော်တော့သိပ်မသိဘူး အဲ့ဒီဘုန်းကြီးကျောင်းကွေ့နားမှာ နေတဲ့သူရှိရင်
ကော်မနိ့လေး၀င်ရေးပါဦးဗျာ အခုတောင်တွေးရင်း
ကြက်သီးတွေထလာလို့ 🤧

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now