66

322 10 0
                                        

#နှစ်ချို့သရဲရွာတန်း

ကိုယ်တွေ့မဟုတ်ပေမယ့်ဖြစ်ရပ်မှန်ပါ ကိုယ့်ရွာက ဒေါ်လေးဝမ်းကွဲကိုယ်တိုင် ကြုံခဲ့ရတာပါ.......

ကျမတို့နယ်ဘက်မှာ တာသစ်ကောက်(အမည်လွဲ)
လို့ပြောရင် မသိတဲ့သူ မရှိပါဘူး နာမည်တအားကြီး
လွန်းတဲ့ နေရာမို့ ညမပြောနဲ့ နေ့ဘက်တောင် သွားရဲသူမရှိပါဘူး။ ဒီနေ့ထိလည်း တာသစ်ကောက်ဆို
သွားရဲသူ ဖြတ်ရဲသူ မရှိသေးပါဘူး .....မဖြတ်ရဲဆို
သူကလည်းရာဇ၀င်နဲ့‌ လေ လွတ်လပ်ရေးမရခင်
နိုင်ငံရေးတွေမတည်ငြိမ်သေးတဲ့ အချိန်
ကရင်တော်လှန်သူ(အရပ်အခေါ်ကရင်သူပုန်)တွေမိသားစုလိုက် အခြေချနေထိုင်ခဲ့ပြီး သတင်းပေးကြောင့် တစ်ရွာလုံးမှာရှိတဲ့ ကလေးလူကြီး၊သက်ကြီးရွယ်အိုတွေပါမကျန် အရှင်လတ်လတ်မီးရှို့thetခံခဲ့ရတာပါ။

အဲ့လိုသမိုင်းကြောင့်ရော မကျွတ်မလွတ်သူတွေရှိတယ်ဆိုတဲ့ ကြုံရသူတွေပြောစကားအရရော သက်သက်ကြီးဖယ်ကျဉ်ခံထားရတဲ့နေရာပါ

ဒီနေရာ ကရွာအဆုံးပဲဖြစ်ပြီး အပင်ကြီးတွေက
ဖောက်ပေးထားတဲ့‌ လျှောက်လမ်း တာ‌လေးဘေး
တစ်ဖက်တစ်ချက်စီမှာ အစီအရီစိုက်ထားသလို
တစ်ကယ်ကို အုံ့အုံ့မှိုင်းမှိုင်းနဲ့ကြည့်ရုံနဲ့
အသည်းအေးစရာပါ ဘေးနှစ်တာစာလောက်လွန်ရင်က ရွာချောင်းပါ ရွာအဆုံးဆိုပေမယ့် အဲ့နေရာ
ကိုလွန်ရင် တော့ ဘုန်းကြီးကျောင်းလေး ရှိပါတယ်
သွားချင်ရင် ချောင်းထဲကပဲသွားကြပါတယ်။
ဆွမ်းကွမ်းတော့ အတော်လေးရှားပါတယ်။

ဖြစ်ချင်တော့ ကျမအရီးလေးက အဲ့အချိန်အပျိုဖော်
ဝင်စအရွယ်ပါ ၁၄နှစ်လောက်ပေါ့နော် သူ့မောင်လေး ကတော့ ၁၂နှစ်သားလောက်ရှိမယ် သူတို့မောင်နှမနှစ်ယောက် ဆွမ်းချိုင့်ပို့ဖို့ သွားတာကို လှေ
မလှော်ချင်ဘူး တာသစ်ကောက်ကနေ သွားမယ်ဆိုပြီး ကလေးတွေပီပီ လက်တဲ့စမ်းချင်ကြတာပေါ့နော်
သရဲဆိုတာတကယ်မရှိပါဘူး ဘာညာပေါ့ ပြောရင်းနဲ့ အမလုပ်သူက တာသစ်ကောက်က ငါသွားရဲတယ်
နင်လိုက်ရဲလား စမေးလိုက်တော့ မောင်လုပ်သူက
နင်တောင်သွားရဲတာငါလည်းသွားရဲတာပေါ့ အဲ့ကွေ့
မှာနေတဲ့သရဲတွေက အသက်ကြီးလွန်းလို့ မျက်စိမှုန်နေပြီ ငါတို့ကိုတောင်မြင်ရမှာမဟုတ်ဘူးဆိုပြီး ပါးစပ်လည်းဆော့လိုက်တာပေါ့ နော် ပြီးတော့
ဆွမ်းချိုင့်ပို့ဖို့ တာသစ်ကောက်ကနေ သွားလိုက်ကြတယ်။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now