48

335 8 0
                                        

ဒီကိစ္စဖြစ်တာ ဒီနှစ်၈လပိုင်းကပေါ့ဗျာ အဲ့အချိန်က ကျနော်က ကျောင်းတစ်ကျောင်းမှာတက်နေတဲ့အချိန်
(မအလကျောင်းတော့မဟုတ်ပါ🥲)

ခါတိုင်းနေ့တွေလိုပဲ ကျောင်းမှာစာသင်လိုက် သူငယ်ချင်းတွေနဲ့စကားများလိုက်ပေါ့ဗျာ အဲ့အပါတ်က ခါတိုင်းလတွေလိုပဲ တစ်လတစ်ခါ ထိုင်ခုံ Position တွေ change သူငယ်ချင်းအချင်း”တွေ ပိုရင်းနှီးပြီး closeဖြစ်အောင်နေရာတွေလဲကြတဲ့အချိန်ပေါ့ဗျာ ကျနော်ကအဲ့အပါတ်ကျတော့ တစ်ခန်းလုံးမှာ စာအတော်ဆုံး သူငယ်ချင်းမိန်းကလေးနဲ့အတူထိုင်ရတာ သူစာတော်ချက်ကတော့လက်လန်တယ်ဗျာ  သူနဲ့ကျနော်နဲ့က ဟိုးး၃တန်းလောက်ကတည်းကအတူတူတစ်ခန်းထဲဗျ ဒါပေမယ့် ကျနော်နဲ့ကီးမကိုက်တော့ အဲ့လောက်မပေါင်းဖြစ်ဘူးပေါ့ဗျာ

တစ်နေ့တော့ နေ့လည်စာထမင်းစားချိန်ပြီး နောက်တစ်ဘာသာဝင်တော့ ဆရာမစာမေးရင်အမြဲတမ်း Active ဖြစ်နေတဲ့ အဲ့တစ်ယောက်က ငြိမ်ကုတ်နေရော ခေါင်းကြီးအောက်စိုက်ပြီး ကျနော်ကလဲအော် သူအိပ်ငိုက်နေတာဆိုပြီးဒီတိုင်းစာလိုက်နားထောင်နေတာ အဲ့အချိန်မှာဆရာမက ကျောင်းသားတွေကိုမပြီးသေးတဲ့ project လုပ်ခိုင်းတာ အကုန်လုံးက ကိုယ့်အဖွဲ့ကိုယ်စီနဲ့စည်းလုံးနေကြတာပေါ့ဗျာ

ဒါပေမယ့် အဲ့သူငယ်ချင်းက သူ့နေရာမှာသူငြိမ်ကုတ်ပြီးထိုင်နေတုန်းပဲ ခဏနေလောက်ကျ သူကအကျယ်ကြီးထရီတာဗျာ လုံးဝအကျယ်ကြီး ကျနော်သူရီတာ ကိုအရမ်းစိတ်ဆိုးသွားတာ ဆရာမကသူ့အရှေ့မှာ ဆရာမကအသက်အရမ်းကြီးတော့ အဲ့လိုကြီးအကျယ်ကြီးမရီနဲ့လေ respect မရှိသလိုဖြစ်သွားမယ်နော်ဆိုပြီးပြောလိုက်သေးတယ် အဲ့လိုပြောပြီးတော့ ရီနေရင်းတန်းလန်းကနေ ရုတ်တရက်ကြီးထငိုတာ အဲ့တာနဲ့ဆရာမက ထလာပြီး သမီးဘာဖြစ်တာလဲမေးတော့ သူကဆရာမကို အော်ပစ်တာအကျယ်ကြီးပဲ အဲ့တာနဲ့သူမေ့လဲသွားတာလားမသိဘူး သတိရလိုက်မရလိုက်နဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကသူ့ကိုဖက်ထားပေးပြီး ဘာဖြစ်တာလဲမေးတော့ ဝင်ပူးတယ်သူ့ကို မေတ္တာသုတ်ရွတ်ပေးဆိုလားဘာလား အဲ့လိုပြောတော့ သူ့သူငယ်ချင်းကရွတ်ပေးနေတာသူ့ခေါင်းကိုကိုင်ပြီး အဲ့တာနဲ့ကျနော်လဲဘာလုပ်ရမလဲမသိတော့ ဆရာမတွေပြေးခေါ် ရေတွေပြေးခပ်တာပေါ့ ဆရာမတွေကလဲ ဘုရားစာဆိုပေးတာ နဂိုအတိုင်းပြန်ဖြစ်သွားရောသူက လူကတော့လုံးဝပျော့ခွေပြီးလူမမာပုံဖြစ်နေတာ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now