56

327 6 0
                                        

ညနေက ကြုံရတာလေးပြောပြပါမယ် အဲ့တာ ဘာလဲတော့မသိပေမယ့်….

ကျနော်ညနေက အဖိုးအိမ်မှာ ခဏအလည်သွားနေတာ အမေက ဘုရားကျောင်းသွားမယ်ဆိုပြီး ကျနော့်ကိုအဖိုးအိမ်မှာ ချခဲ့ပေးတယ်ဗျာ

အိမ်ကတော့ ရိုး”သာမာန် ၁ထပ်အိမ်လေးပဲ ကျနော်ကအဖိုးရဲ့အိပ်ခန်းထဲမှာ ဖုန်းသုံးနေတာ။ အဖိုးအိပ်ခန်းရဲ့ပြတင်းပေါက်က အပြင်ကိုတန်းမြင်ရတယ်ဗျ အိမ်ရှေ့တံခါးမကြီးကို ရှင်းနေအောင်မြင်ရတယ်။

အဲ့တာညနေ အမေက ဘုရားကျောင်းကပြန်လာတော့ အမေလာပြီဆိုပြီး အဖိုးအခန်းကပြတင်းပေါက်ကနေထကြည့်လိုက်တာ ကားထဲမှာ လူ၁ယောက် အမေကမောင်းနေတာ သူ့ဘေးက passenger seat မှာထိုင်လိုက်လာတာ
လူကြီးတစ်ယောက် ခန့်မှန်းချေအသက်၃၀ကျော်၄၀လောက် ဆံပင်က သပ်”ရပ်”နဲ့အတိုလေး အင်းကျီက T shirtလိုမျိုးရှင်းနေအောင်မြင်ရတယ်

အဲ့တာ ကျနော်က ဪအမေ ဧည့်သည်အိမ်အလည်ခေါ်လာတာပဲဆိုပြီး ကျနော့် အင်္ကျီကစုတ်နေတော့ အပေါ်ထပ်လေးထပ်ပြီး အမေ့ကိုသွားကြိုတာ ။ အမေထွက်လာတဲ့အထိ အဲ့လူကမထွက်လာသေးဘူး အဲ့တာနဲ့ ကားထဲကလူကမထွက်လာတော့ အမေ့ဟိုကားထဲကဧည့်သည်ကောလို့မေးလိုက်တာ အမေကဘယ်သူလဲဆိုပြီး ကျနော့်ကိုပြန်မေးတော့ ကားထဲပြန်ကြည့်လိုက်တာ အဲ့လူမရှိတော့ဘူး ….

ကျနော်အံ့ဩလို့မဆုံး မယုံလို့ကားတံခါးဖွင့်ကြည့်တာဗျာတကယ်ဘယ်သူမှမပါလာတာ ကိုယ့်ကို” အမြင်မှားစရာလဲမရှိဘူး အတိအကျကြီးသူ့ပုံကိုမှတ်မိနေတာ
အဲ့အရာကဘာကြီးလဲ?

Admin approve pls🙏🏻

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now