25

467 9 3
                                        

Edit-အဲ့အန်တီကြီးကိုနောက်ရက်ကျတော့တောင်းပန်ခဲ့ပါတယ်နော်
#မီးနေသည်သရဲ
လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်ကအဖြစ်ပျက်လေးပါ ကျွန်မတို့မိသားစုရန်ကုန်ကနေနယ်မြို့လေးကိုရွှေတွင်းလုပ်မယ်ဆိုပြီးပြောင်းရွှေ့ခဲ့တယ် ဦးလေးကသူတစ်ယောက်ထဲမဦးစီးနိုင်လို့အဖေ့ကိုခေါ်ခဲ့တာပါဒါနဲ့ကျွန်မတို့သားမိကအဖေကိုမခွဲနိုင်လို့အဖေနဲ့အတူလိုက်ခဲ့ကြတာပါတောင်ငူမြို့နယ်လေးရဲ့အစွန်းဖက်ကတောတွင်းတစ်နေရာမှာပေါ့အလုပ်သမားသုံးဆယ်ကျော်လောက်ရယ်ကျွန်မတ်ို့မိသားစုရယ်ဦးလေးရယ်ထမင်းချက်တဲ့အန်တီကြီးမိသားစုရယ်ပဲရှိတာပါ တစ်ခြားရွှေတွင်းတွေနဲ့ကနှစ်မိုင်နီးပါးလောက်ဝေးပါတယ် ရွှေတွင်းကိုဝင်တဲ့လမ်းကတောင်ငူမြို့အထွက်ဖက်ကတ္တရာလမ်းလေးကစဝင်ပြီး လမ်းကြမ်းလေးတွေတောလမ်းတွေဖြတ်ပြီးရင်ညီမတို့ရွှေတွင်းရှိရာသို့ရောက်ပါတယ်...ကဲဆက်လိုက်ကြရအောင် ညီမတို့ရောက်ပြီးတစ်ပတ်လောက်ကြာတော့ညီမဓမ္မာတာစဖြစ်ပါတယ်တောထဲမှာရှိတဲ့အမျိုးသမီးတွေကအကုန်အသက်ကြီးပိုင်းတွေမို့သူတို့ဆီမှာလစဥ်သုံးမရှိပါဘူးအဲ့ဒါနဲ့အမေကအနီးအနားကရွာမှာသွားဝယ်မယ်ဆိုပြီးအလုပ်သမားအကိုကြီးနဲ့ဆိုင်ကယ်နဲ့ထွက်သွားပါတယ်ရွှေတွင်းကနေကတ္တရာလမ်းကိုနာရီဝက်နီးပါးလောက်ထွက်ရပါတယ်အမေတို့ကညနေ၄နာရီလောက်ကနေထွက်သွားကြတာ ည၈နာရီထိုးတဲ့အထိပြန်မလာတော့ညီမတို့စိတ်ပူလို့ဆိုပြီးညီမရယ်ထမင်းချက်တဲ့အန်တီကြီးရယ်ကဓာတ်မီးနဲ့အမေတို့လာမယ့်လမ်းနားမှာသွားစောင့်ကြပါတယ် အန်တီကြီးကတော့ပြောပါတယ်သမီးရယ်အန်တီတို့မှောင်နေပြီမို့မသွားသင့်ဘူးနော် ဒီနေရာတွေကညဖက်အန္တာရယ်ရှိတယ်တဲ့ ကျွန်မကအတင်းပူဆာတော့သူလဲအဖော်လိုက်ခဲ့ပေးတာပါ အဲ့ဒါနဲ့ညီမတို့အမေတို့လာမယ့်လမ်းရဲ့တဲအပျက်အနီးအနားမှာစောင့်နေခဲ့ကြပါတယ်၁၀မိနစ်၁၅မိနစ်လောက်ကအေးဆေးပါပဲ ခနကြတာတော့ခိုငြီးတဲ့အသံလိုမျိုးကြားနေရပါတယ် ကျွန်မကဒီတိုင်းတောထဲကလာတဲ့အသံဆိုပြီးလျစ်လျူရှုလိုက်ပါတယ်အန်တီကြီးကသမီးရယ်ပြန်ရအောင်တစ်တွက်တွက်ပြောနေပေမယ့်ကျွန်မကတော့အမေလာမှပြန်မယ်လို့ပြောပါတယ်ငါးမိနစ်လောက်နေတော့န်တီကြီးကနေ အသံစူးစူးဝါးဝါးကြီးနဲ့ ကျွန်မကိုကြည့်ပြီး 'ငါ့နေရာကထွက်သွား'ဆိုပြီးအော်ပြီးတော့ပြောတာပါညီမကအန်တီ''ဘာဖြစ်လို့လဲပြောတော့ ငါ့အသားမထိနဲ့ပူတယ်ဆိုပြီးပြောပါတယ် ကျွန်မသတိထားမိသွားပါပြီ ကျွန်မလဲကြောက်ပြီးတော့ထွက်ပြေးတာအန်တီကြီးကိုအဲ့နေရာမှာတစ်ယောက်တည်းထားခဲ့မိပါတယ်ရွှေတွင်းဆီရောက်သွားတော့ညီမအဖေနဲ့ဦးလေးကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပြီး အဖေရယ်ဦးလေးရယ်အလုပ်သမားနှစ်ယောက်လောက်ရယ်ကအန်တီကြီးဆီကိူထွက်သွားကြပါတယ်ပြန်လာတော့အဖေတို့ပြောပြတာကအန်တီကြီးကအဲ့နေရာမှာသတိမေ့နေတာတဲ့ ပွေ့ချီပြီးခေါ်လာရတယ်တဲ့ အဖေက ကျွန်မကိုဆူပါလေရော နင့်အမေတို့ကမိုးချုပ်သွားလို့မြို့ကဦးလေးအသိအိမ်မှာပဲအိပ်လိုက်တော့မယ်လို့ငါ့ကိုဖုန်းဆက်တယ်တဲ့ငါအလုပ်မအားသေးလို့နင့်ကိုမပြောရသေးတာတဲ့ ဒီနေရာကမြေကြမ်းတယ်တဲ့နင်သွားချင်တိုင်းသွားလာချင်တိုင်းလာလို့ရတဲ့နေရာမဟုတ်ဘူးတဲ့ ဆူပါလေရော မနက်ရောက်တော့အန်တီကြီးရဲ့ညီမကပြောပြတာ အဲ့နေရာကရွှေတွင်းအလုပ်သမားရဲ့ဇနီးကကလေးမမွေးနိုင်လို့သေ သွားတာတဲ့ မိုးချုပ်ရင်အဲ့နေရာကိုဘယ်သူမှမသွားရဲကြဘူးတဲ့ တစ်ခါတုန်းကဆိုဦးလေးကရွှေတွင်းကအလုပ်သမားအကိုကြီးတစ်ယေညက်ကိုမြို့ထဲတတ်ပြီးလိုအပ်တာတွေရောစားစရာတွေရောဝယ်ခိုင်းလိုက်တာအဲ့အကိုကြီးကဝယ်ပြီးပြန်လာတော့မိုးနည်းနည်းချုပ်နေပြီးတဲ့အဲ့နေရာလဲရောက်ရောဆိုင်ကယ်ကိုတွန်းချပစ်တာဆိုင်ကယ်မှောက်သွားပြီးတော့အဲ့အကိုကြီးနှစ်ရက်လောက်ဖျားသွားတယ်တဲ့အဲ့နေရာမှာလူတိုင်းအခြောက်ခံရတယ်တဲ့ အဲ့နေရာကညီမတို့ရွှေတွင်းနဲ့နီးနီးလေးပါ ညီမတို့ရွှေတွင်းဆီလာမယ်ဆိုရင်အဲ့နေရာကိုဖြတ်ပြီးလာရတာပါ အခုတော့အဲ့နေရာကိုအစိုးရကသိမ်းလိုက်ပါပြီ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now