29

428 8 0
                                        

ဒီတခေါက်တော့ ပုပ္ပါးရောက်ချိန် သနားမိတဲ့ ပြိတ္တာကြီးအကြောင်းပေါ့

ပုပ္ပါးဆိုရင် - ကိုယ်တွေက မိဘတွေနဲ့အတူ အဘမင်းခေါင်ကို ယုံကြည်ကိုးကွယ်ကြတဲ့ သူတွေဆိုတော့ ၂၀၀၉၊၂၀၁၀ မှာ တလကို ၃ကြိမ်လောက် ပုပ္ပါးကိုရောက်ဖြစ်တယ်။ အမေရေ ပုပ္ပါးသွားချင်တယ်ပြောတာနဲ့ စီစဥ်ပြီး သွားကြတာပဲ

သွားတိုင်းလည်း ဇေယျာသိင်္ဂီဟိုတည်မှာသာတည်းပါတယ်၊ အမေတို့နဲ့ဆို တော်တော်ခင်နေပြီပြောရမယ်။ ဘုရားခန်းကြီးရှိပြီး ညနေဖက်ဆို အမေက ဘုရားခန်းမှာဘုရားရှိခိုးရင် ည၉နာရီလောက်မှပြီးတတ်တယ်။
ခြံဝန်းလေးလည်းသန့်ပြီး တကယ်နေလို့ကောင်းတာပါ။ နောက်ပိုင်း ခေတ်တွေပိုကောင်းလာတော့  ဘိုကင်တင်ရင်တောင် အမြဲပြည့်နေတတ်လို့ မရတဲ့အခါမျိုးတွေရှိလာတယ်။

ဇာတ်လမ်းကတော့ ဇေယျာသိင်္ဂီ မှာ တည်းဖို့မရလိုက်လို့ ဖြစ်ရတဲ့ဇာတ်လမ်း
( Popa Mountain Resort)  မှာတည်းကြမယ်လေ ဆိုတော့ ထုံးစံတိုင်း ကျမရဲ့အစ်မက ဆန့်ကျင့်ဖက်ပါတီက 😐
ဝေးတယ်ဟဲ့ တောင်ပတ်လမ်းမောင်းရဦးမယ်၊ မနက်တောင်ကလပ်သွားဖို့ တခါပြန်ဆင်းရနဲ့ ပျင်းတယ်တဲ့ ။တညထဲပဲဟာ ဒီ မိုတည်လေးတည်းကြမယ်တဲ့
(မြို့နာမည်လေးနဲ့မိုတည်) အဆောင်က ၃ဆောင်လား ၃ခန်းလားမမှတ်မိတော့

ကျမအစ်မလေ ဘယ်လောက်တောင် အကြောကပ်လဲဆိုရင် သူတို့အဖွဲ့ တခါ ပက်ပက်စက်စက်အခြောက်ခံပြီးပြီနော်။ မပြောပဲနဲ့ ကျမတို့ကိုအရောက်ပို့တာ 😑

ဝန်းထဲရောက်တော့လေ အခန်းနေရာယူကြတာပေါ့။ ကျမအစ်မလေ ဘာထပြောတယ်ထင်လဲ (  ကျမတို့ကအခြောက်ခံပြီးပြီ မကြောက်ဘူးတဲ့၊ခြောက်လည်းအိပ်မှာ၊ ဟိုဖက်ခန်း ကျမတို့အခန်းနဲ့အစွန်အခန်း(အဖေနဲ့အမေခန်း) ဖက်သွားခြောက်ကြည့်တဲ့

ညီမတွေဆိုတော့ ကျမကတော့ လက်ခလယ်တွေထောင်ပြပြီးဆဲတာပဲ 😁

မိုတည်နဲ့မနီးမဝေး (ဇေယျာသိင်္ဂီဟိုတည်ဘေး) ရန်ကုန်စားသောက်ဆိုင်ရှိတယ်၊အဲ့မှာက သွားတိုင်းစားနေကျ၊အဲ့ကအစ်မနဲ့ဆိုတော်တော်ခင်နေတာ။ ညဖက်စားသောက်ပြီးအပြန် အဲ့အစ်မကအသီးတွေစားဖို့လက်ဆောင်ပေးတာရယ်၊ လက်ပံပျားကကြက်ကြော်ကို ဆိုင်ကပြန်နွေးပေးတာလေးရယ်ကို ပါဆယ်ထုပ်ပြီး မိုတည်ကိုပြန်ကြမယ်ပေါ့၊ အဲ့မှာကျမ အစ်မကထပြောရော  အသားတော့မယူနဲ့တော့တဲ့။မသယ်နဲ့တဲ့ဒီမှာတင်အကုန်စားတဲ့။ဟဲ့ဗိုက်တင်းနေပြီဟ ညလည်ကြမှရေနွေးလေးနဲ့ စားချင်တာ( ငါဗိုက်ဆာတတ်တယ်လို့) ။ သူကဘာပြောတယ်မှတ်လဲ အေးလာတောင်းစားလိမ့်မယ်တဲ့ 😑

အာ့နဲ့အကုန်ပြန်ဖွင့် စားသောက်ပြီး၊ပြန်ကြမယ်ပေါ့။ အဖေက ညဖက်တကြွပ်ကြွပ်ဝါးတတ်တော့ စာလေးခွေထုပ်လေးတော့ သယ်လာတယ်။

ညဖက်အိပ်ကြ ပြီပေါ့
Twin Bed Trauma တွေအဲ့က စရတာပဲ

ရေချိုးခန်းမှာ တရုတ်ကပ်မှန်တွေရှိတယ်၊လေတိုးတယ်လို့ထင်ရတယ်။ တညလုံး ရေချိုးခန်းတံခါးက ဖွင့်လိုက်၊ပိတ်လိုက်နဲ့ တညလုံးပဲ ။ မနက်လင်းတော့ ရေချိုးခန်းထဲဝင်ပြီးသေချာ ကြည့်တော့မှ မှန်တွေကအစိတွေ😐(ဘာလေပေါက်မှမရှိဘူး)။ ရေချိုးခန်းတံခါးကိုသေချာပိတ်ထားတဲ့အတွက် လေတိုက်တောင် အဖွင့်ပိတ်လုပ်လို့မရဘူး။ (ခြောက်ခံရမှန်း ကျမမသိလိုက်ဘူး)

မနက်ကြမှ ယောကျ်ားကပြောတာ ညက အဖေ့သံနဲ့သူ့ကိုခေါ်တာတဲ့ ၊သူလန့်နိုးတော့ ၁၁နာရီခွဲနေပြီတဲ့ ပြန်မထူးလိုက်ဘူးတဲ့ ။ပြောနေတုန်းရှိသေး ဟိုးဖက်ခန်းက အဖေက တညလုံးမအိပ်ရလို့ မှုန်သုန်သုန်နဲ့ ကျမတို့ဖက်အခန်းကူးလာရော၊အမေကနောက်ကလိုက်လာတာပေါ့

ညက တညလုံးမအိပ်ရဘူးတဲ့၊ ကုတင်နားလာထိုင်နေတာ မမြင်ရပေမဲ့ တချက်ချက်မြင်လိုက်ရတယ်တဲ့။
"ငါ့ကိုသနားပါကွာ ငါ့ကိုကျွေးပါ ငါဆာလွန်းလို့ပါ ငါ့မှာ ငါ့ခါးကို ဆားနဲ့တို့ပြီးပြန်စားနေရတာတဲ့" အဖေ့ကိုနား နားကပ်ပြောတာတဲ့

အဖေကလည်းကြောက်တတ်တယ်
လူးလှိမ့်ပြီးဘုရားစာတွေချည်းတညလုံးရွတ်နေရတာတဲ့၊ အမေကလည်း သမီးရေ တညလုံးဟယ် ရေချိုးခန်းကနေ ဝင်လိုက်၊ထွက်သွားလိုက်၊ဝင်လာလိုက်နဲ့ တချက်မှမအိပ်ရပါဘူးဟယ်။နင့်အဖေလည်း ဘုရားစာတွေရွတ်လိုက်တာ ငါ့ဖြင့်တခါမှအာ့လိုကြောက်တာမမြင်ဖူးဘူးတဲ့။ အဖေကသနားနေတာ အမျှပေးရမလား၊လှူပေးရမလား ဆိုပြီး မိုတည်ကဝန်ထမ်းတွေကိုမေးဖို့ရာလည်း မွေးထားတာလားမသိဆိုတော့လေ

တညပါပဲ ၊ ခုထိအာ့မိုတည်လှည့်တောင်မကြည့်တော့ဘူး

အပြန်ကြမှကားပေါ်မှာပြောတော့တာပဲ
ကျမအစ်မလေ " အရင်တခေါက်က ဘဲကင်တွေသယ်လာမိလို့ တညလုံးသောင်းကျန်းပြီးလာတောင်းစားတာတဲ့"
မနှောက်ယှက်နဲ့ကျွေးမယ်ဆိုပြီး အပင်အောက်ထွက်ကျွေးမှငြိမ်သွားတာတဲ့
မိုတည်တခြံလုံးနှစ်ရှည်ပင်ကြီးတွေရှိတယ်လေ။

တမိသားစုလုံး
သူ့ကိုမျက်လုံးအပြူးသားနဲ့ကြည့်ပြီး
ဝိုင်းဆဲကြတာပေါ့😑

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now