ကျနော်ကြုံခဲ့ရတာတော့အခုထိအစဆုံးပြန်မှတ်မိနေတုန်းဘဲဘာလို့ဆိုရင်ကအသံဘာညာနဲ့ခြောက်ခံဖူးပေမဲ့အခုဟာကျလုံးဝကိုရှော့ခ်ရသွားတဲ့ထိဘဲ။
စပြောပြရမယ်ဆိုရင်ကျနော်ကဆယ်တန်းပီးတော့နယ်စပ်ဘက်အဖေတာဝန်ကျတဲ့စီကိုသွားပီးလိုက်နေတာပေါ့အမေရယ်ကျနော့်ညီမလေးရယ်နဲ့တူတူနေတာဗျ ဝန်ထမ်းအိမ်ယာကတော့ အဲ့မြို့ကလူတွေပြောကြတာ
အရင်ကခေတ်ကသူပုန်တွေဆောက်သွားတာတဲ့ ဝန်းအကျယ်ကြီးမှာအိမ်က မှတ်မှတ်ရ'' လေးလုံးရှိတယ် ရုံးရော်အပါဆိုရင်တော့ငါးလုံးပေါ့ အိမ်ပုံစံကလည်းကျွန်းနဲ့ဆောက်ထားတာကိုတအိမ်လုံးကိုရေနံဂျီးတွေမဲနေအောင်သုတ်ထားတာ ရုံးဝန်းထဲမှာကလည်းအပင်အကြီးကြီးတွေကအရမ်းပေါတယ်ကျနော်အဲ့ကိုစရောက်ထဲက စိတ်ကတော့နည်းနည်းသဘောမကျတာတော့အမှန်ဘဲနေရတာကိုတမျိုးကြီးဖစ်နေလို့ပီးတော့ညကဘက်ဆိုလည်းတဝန်းလုံးက အိမ်ကိုယ်စီမှာထွနလးထားတဲ့မီးလေးတွေလောက်ဘဲလင်းတာ တခါတလေကျနော်ထမင်းစားပီးလို့ ရုံးဝန်းထဲလမ်းလျှောက်ရင် နောက်ကနေတခုခုကကိုယ်လျှောက်သလိုလျှောက်နေသလိုမျိုးခံးစားရတယ်ဒါမဲ့ကျနော်ကအဲ့လောက်ကြီးတော့အရေးမလုပ်ပါဘူးအဲ့တာတွေအဲ့လိုနဲ့နေလာတာအရေးအခင်းတွေဖစ်တဲ့ခါကျတော့ကျနော်တို့စီက မြို့ကြီးတွေလောက်တော့ဆန္ဒပြတာတွေမရှိဘူးဗျ
ဒါမဲ့တရက်ကျညပိုင်းကြီး လူအိပ်ချိန်လောက်ပေါ့ အဲ့နေ့ကမိုးတွေကလည်းရွာနေတာ ကျနော်ကညဆိုအိပ်တာနောက်ကျတယ်ဗျအဲ့နေ့ ကျနော်တို့ရဲ့ရုံးဝန်းရဲ့အနောက်ဘက်လောက်ကနေ လက်နက်ကိုင်တွေ စကတွေနဲ့တောင်ကုန်းကိုအမြှောက်နဲ့လှမ်းပစ်တာ အသံကအိမ်ခေါင်းမိုးကိုကျော်သွားတာကိုကြားနေရတာ ဝီးဆိုပီးတော့အဲ့တုန်းကဆိုအိမ်ပေါ်ကျလာရင်ဒုက္ခဆိုပီးဒါပေမဲ့အာ့နေ့ညကတော့ဘာမှမဖစ်ဘူး မနက်ကျတော့တမြို့လုံးကိုမီးဖျက်ထားတာ ပီးတော့ စက ဘက်ကလည်းတင့်ကားတွေအကူတွေကဘောလုံးကွင်းမှာစုပီးရောက်နေကျပီ တမြို့လုံးလည်းအသွားအလာကမရှိတော့ဘူး ဒီနေ့တော့ချကုန်တော့မယ်ထင်တယ်ဆိုပီး ထင်ကျတာတော်တော်များများက
အဲ့တာနဲ့ကျနော်လည်းအိမ်နားကမီးစက်နိုးတဲ့စီPowerbankဘာညာအားသွင်းထားတာပေါ့ကြားဖြတ်ပြောရရင်အဲ့ချိန်ကအိမ်မှာကအဖေကတခြားနေရာအော်ဒါထွက်လို့ပြောင်းသွားပီဗျကျနော်တို့ကမန်းလေးကိုဘဲပြောင်းတော့မယ့မလိုက်တော့ဘူးဆိုပီးပစ္စည်းသိမ်းရင်းနေခဲ့တာခုနကဟာပြန်ဆက်ရရင် ညနေပိုင်းရောက်တော့တမြို့လုံးကမှောင်မဲနေပီပီးတော့အိမ်တံခါးတွေကျနော်တို့ရုံးဝန်းခြံတံခါးတွေကအစကအကုန်ပိတ်ထားကျပီမီးကလည်းမလာဘူးဆိုတော့ အဲ့တာနဲ့ကျနော်ရယ်အမေရယ်ညီမလေးရယ်ကညစာစောစောစားတာပေါ့ စားပီးတော့အမေကဘုရားရှိခိုးတယ် ကျနော်ကတော့ ကျနော်ကတော့ညီမလေးကိုအမေဘုရားရှိခိုးနေတုန်းစောင့်ပေးတာပေါ့ ကျနော်တို့အိမ်ပုံစံကအတွင်းပိုင်းက ခေါင်းရင်းကတခန်း အလယ်ကဧည့်ခန်း ခြေရင်းဘက်မှာကျနော်အခန်းဗျ ကျနော်အခန်းကမီးဖိုချောင်ရယ်နောက်ဘေးအပေါက်ရယ်နဲ့တွဲရက်ဘဲတံခါးလေးဘဲခြားတယ်ပီးတော့ ဒီဘက်ကဧည့်ခန်းနဲ့လည်းကပ်ရပ်ဘဲတံခါးပေါက်လေးနဲ့တွဲထားတာ လိုက်ကာလေးတပ်ထားတာပေါ့
အဲ့လိုနဲ့ခုနကဟာကိုပြန်ဆက်ရရင်အမေလည်းပီးရော်အမေနဲ့ညီမလေးကခေါင်းရင်းခန်းမှာအိပ် ကျနော်ကတော့ကျနော့်အခန်းထဲပြန်လာပီးတွေးတာပေါ့တခုခုဆိုအရေးနဲ့အကြောင်းမနိုးမှာရယ်မသိမှာရယ်ဆိုးတာနဲ့ဒီညတော့မအိပ်တော့ဘူးဆိုပီး ကျနော်ဖုန်းကြည့်ပီးနေနေတာအစပိုင်းတော့သူငယ်ချင်းတွေကိုလည်းခြေနေလှမ်းပြောတာပေါ့အဘွားတို့ကိုရော်သူတို့ကတော့ဆင်ပြေသွားမှာပါဘာညာနဲ့နှစ်သိမ့်ပေးတာပေါ့ အဲ့လိုနဲ့ဖုန်းအားက20လောက်ဘဲကျန်တဲ့ခါကျ တခုခုဆိုသုံးရအောင်ဆိုပီးမသုံးဘဲထားလိုက်တာ စာအုပ်တွေပြန်ရှာပီးဖတ်တာပေါ့အားသွင်းမီးသီးလေးနဲ့ အဲ့လိုနဲ့မီးသီးအားနည်းလာတော့စာ
ကောင်း''ဖတ်မရတော့ထိုင်စဥ်းစားနေတာပေါ့အကြောင်းစုံဘဲ အဲ့လိုစဥ်းစားနေရင်းက နေ ကျနော်ခြင်ထောင်ထဲကနေဧည့်ခန်းနဲ့ဆက်ထားတဲ့တံခါးပေါက်ကိုကြည့်နေရင်းလူပုံစံအဖြူရောင်ကြီးကဝင်လာတာခန်းစီးလည်းမလှုပ်ပါဘူးဖောက်ဝင်လာသလိုဘဲပီးတော့သူကကျနော်ခန်းထဲဝင်လာလိုက်ဧည့်ခန်းဘက်ထွက်သွားလိုက်နဲ့တော်တော်ကြာတယ်ကျနော်စက သူခိုးဘာညာတွေးသေးတယ်ဒါမဲ့မဖစ်နိုင်ဘူးလေသေချာကြည့်တော့သူကလေပေါ်ပျံနေသလိုဘဲလူတွေလမ်းလျှောက်တာနဲ့မတူဘူး ပီးတော့မျက်နှာကလည်းပြောင်ချောကြီးဘာမှမပါဘူး🥲ကျနော့်မှာကြ က်သေသေနေပီခြင်ထောင်ထဲကနေကြည့်ရင်းဒါမဲ့သူကကျနော့်ဘက်ကိုတော့မလာဘူးမတွေ့တာလားဘဲအဲ့လိုမျိုးအကြာကြီးဗျာ ပီးတော့ပျောက်သွားရော် အဲ့လိုနဲ့ တွေးမိတာငါတော့သရဲခြောက်ခံရပီထင်တယ်ဆိုပီးဘုရားစာတွေရွတ်နေတာ ကံကောင်းချင်တော့အဲ့လိုဖစ်ပီးနည်းနည်းကြာတော့မီးကလာခဲ့တာအဲ့နေ့ညက တိုက်ပွဲဘာညာတွေတော့ မဖစ်ဘူးဒါမဲ့မီးလည်းလာရော်ကျနော်လည်း ဖုန်းအားဘာညာသွင်းပီး အကြောက်ပြေအောင်ဟာသဘာညာကြည့်လည်းတော်တော်နဲ့ခေါင်းထဲကမထွက်ဘူးအဲ့လိုနဲ့မိုးလည်းလင်းခါနီးပီဆိုတော့အိပ်လိုက်ရော်မနက်ရောက်တော့ဖျားသွားတာဘဲနောက်ညဆိုရင်မီးလာရင်မီးဖွင့်အိပ်တာမလာရင်မီးထွန်းအိပ်ရတဲ့ခြေနေပါဖစ်သွားရော်😂
အခုမှစရေးလို့အမှားပါသွားတာဖတ်ရအဆင်မပြေတာရှိရင်တောင်းပန်ပါတယ် နောက်ကြုံရတဲ့ဟာတွေလည်းရှိပါသေးတယ် နောက်ကျအားရင်ရေးတင်ပေးပါမယ်ဗျ။

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်