ပြောပြဦးမယ် သူငယ်ချင်းတို့ကြုံတွေ့ခဲ့ရတာတွေရှဲနေတာလေးတွေတွေ့လို့ ကိုယ်လည်းကိုယ်တွေ့လည်းဝေမျှချင်
ထင်မြင်ချက်လေးတွေလည်းရေးသွားကြဦးနော်
စာလေးတော့နည်းနည်းရှည်ပါမယ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေအကုန်ရှဲပေးထားတာမို့
ကိုယ်ကဒူဘိုင်းမှာနေပါတယ်
အခုပြောပြမှာက ဒူဘိုင်းကကိုယ်ငှါးနေတဲ့ ရေချိုးခန်းအိမ်သာတွဲရက်ပါတဲ့အိပ်ခန်း လင်မယားနှစ်ယောက်ရယ် ကြောင်တစ်ကောင်ရယ်
တိုက်နံပါတ်က ၆၀၆ ၆လွှာ အဲ့တိုက်က၂၂လွှာရှိတဲ့အဖြူရောင်တိုက်ကြီး အပြင်ဘက်ဆေးရောင် ကတော်တော်ဟောင်းပြီး ကြက်သွေးနီရောင်ပါပေါက်နေတယ်အခန်းထဲစစပြောင်းတော့ စိတ်ထဲသိပ်မသန့်သလိုဖြစ်တယ် ညဘက်ဆိုကိုယ့်ကိုယ်တစ်ယောက်ယောက်စိတ်ကြည့်သလိုနဲ့နောက်ကျောတွေမလုံ စိတ်ထင်တာပဲပေါ့
စနေတဲ့ညကနေစပြီး ညအိပ်တိုင်း အိပ်မက်ဆိုးမက်တယ်
အိပ်မက်ထဲမှာ အမှောင်တစ်နေရာကနေ ပိန်ခြောက်အဝတ်အစားလုံးဝမဝတ်ထားပဲကိုယ်တုံးလုံးကြီးနဲ့ခွေကြုံ့ထိုင်ပြီး ယောကျာ်းမျက်နှာကြီးနဲ့ ဖြူဖက်ဖြူရော ဆံပင်အရှည်ကြီးမျက်နှာရှေ့ကျလို့ ဆံပင်ကရေစိုစိုကြီးနဲ့ရေစက်တွေပါကျနေတယ် အပြုံးအေးကြီးနဲ့ပြုံးပြီးကိုယ့်ကိုစိုက်ကြည့်နေတာတဲ့ (အခုစာရိုက်ရင်းကြက်သိန်းတွေပါထတယ်ရယ်) ဆက်ပြောပြမယ် ကိုယ်ကအိပ်ယာကုတင်ပေါ်လှဲနေတာတဲ့လှုပ်မရဘူး ကိုယ်အိပ်နေတဲ့ဘက်ကုတင်ဘေးကြမ်းပြင်ပေါ်မှာသွေးတွေအိုင်လို့ဆိတ်ခေါင်းမဲမဲပြတ်ကြီးအဲတာကြီးမက်ပြီးရင် ကိုယ်ကတစ်ယောက်ယောက်ကို tat လိုက်တာတ်ို့ ကိုယ့်ကိုtat လိုက်တာတို့ သွေးထွက်သံယိုတွေပဲအိပ်မက်အမြဲဆက်မက်တယ်
မှတ်”ရ”၂ခါမက်ဖူးတယ် ဘာလဲဆို
အိပ်မက်ထဲမှာတဲ့ အဲ့အပြုံးအေးကြီးနဲ့အမြဲကြည့်နေတဲ့သရဲလိုဘာလိုကောင်ကြီးကို ကိုယ့်မျက်နှာကို ရိုက်လိုက်တာတဲ့ လန့်နိုးလာရော အဲ့အိပ်မက်ထဲကအတိုင်းရိုက်ခံလိုက်ရတဲ့ဘယ်ဘက်ကိုယ့်မျက်နှာပါးရိုးကြီးကနာပြီးရောင်ကိုင်းနေရော အစာစားတာတောင်၃ရက်လောက်ကောင်း”မဝါးနိုင်ဖြစ်သွားတယ်

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်