41

429 11 0
                                        

အိပ် နေရင်းလိင်ဆက်ဆံခံရတယ်အကောင်းထည်မမြင်ရဘူးဆိုတဲ့ပိုစ့်လေးတွေတွေ့တွေ့နေလို့..ကိုယ်ကြားဖူးတာလေးပြန်ပြောပြမယ်နော်...ကိုယ်ကြုံခဲ့ဖူးတာရောပါ...
ကိုယ်တွေနဲ့အရမ်းခင်ရတဲ့အကြားမြင်ဆရာတစ်ယောက်ကပြောပြတာ..သူငယ်ငယ်ပညာတွေလေ့လာလိုက်စားနေတုန်းကအညာဖက်ကရွာတစ်ရွာမှာရှိနေခဲ့တာပေါ့..
သူ့ကိုသင်ပေးနေတဲ့အထက်လမ်းဆရာကြီးတို့လင်မယားနဲ့အတူတူနယ်လှည့်ကြတာမျိုးပါ...ကူရင်းပညာတွေလည်းယူရင်းပေါ့..
တစ်ရက်ကျတောအနီးနားကရွာတစ်ရွာကနေအဒေါ်ကြီးနဲ့အမျိုးသမီးတစ်ယောက်ရောင်လာတယ်တဲ့..ပါလာတဲ့အမျိုးသမီးက အသားညိုစိမ့်စိမ့်နဲ့ကိုယ်လုံးကိုယ်ပေါင်လှလှဆံပင်ရှည်ရှည်နဲ့မြန်မာချောချောတာပေါ့..ဒါပေမယ့်တော်တော်ကိုနေမကောင်းဖြစ်နေတဲ့ပုံဖစ်နေတာတဲ့..ကြောင်တောင်တောင်နဲ့ဖစ်နေတာပေါ့..သူ့တူမပါ..ဆရာကြီးရယ်ကြည့်ပေးပါဆိုပီးရောက်လာတာ...
ဆရာကြီးကမေးမြန်းတော့မှ..အဲ့အမျိုးသမီးကငိုယိုပီးပြောပြတာပါ..သူညမအိပ်ရဲဘူးတဲ့..သူအိပ်ပျော်သွားတာနဲ့လူတစ်ယောက်ကအိမ်မက်လိုနဲ့ရောက်လာပီးအလိုမတူပဲသားမယားကျင့်တာကိုမက်တယ်ပေါ့...လန့်နိုးလာရင်လည်းအပြင်မှဖစ်နေသလိုကြောက်လန့်ပီးပြန်အိပ်တာနဲ့ပြန်မကိတာတဲ့...ပထမတော့ရက်ခြားပေါ့..နောက်ကျတော့ညတိုင်းဖြစ်လာတာတဲ့..ညဘက်တွေမအိပ်ရဲတော့တဲ့အထိဆိုးလာတာပေါ့..အဲ့လူကလာရင်တဲ့..ထွေးညိုသီချင်းကိုညည်းလာတာတဲ့..😫😫ပီးတာနဲ့အဲ့လိုမက်တော့တာပဲ..သူတို့ကအဒေါ်နဲ့တူမနှစ်ယောက်တည်းနေကြတာ..ကြီးတော်ကိုလည်းဘယ်လိုပြောရမှန်းမသိနဲ့...
ကြာတော့လူကလူနဲ့မတူတော့ပဲမျက်တွင်းတွေကျပီးနေမကောင်းတဲ့ရုပ်ဖြစ်လာတာ...အဲ့လိုနဲ့နောက်ကြတော့လေ..ရေးရမှာတောင် သနားမိတယ်...လူကမခံနိုင်တော့အိပ်ပျော်တာပေါ့နော်..ကြာလာတဲ့အခါကြတော့..အဲ့လူကတဲ့သူကဘေးကနေပဲရပ်ကြည့်ပီးအဲ့သီချင်းကိညည်းနေတာတဲ့..သူ့ကိုဘာတွေကတတ်လုပ်လည်းဆိုသရဲတွေကတဲ့...😭😭 ရုပ်ပျက်ဆင်းပျက်တွေနဲ့..တခါတလေ၂ကောင်တောင်လို့ပြောတယ်...အဲ့လူရဲ့မျက်နှာကိုမမြင်ရဘူးတဲ့..ပြောလည်းပြောငိုလည်းငိုသူ့ပြောတာတွေယုံပေးဖို့ခြေသလုံးဖက်ပီးကိုတောင်းပန်တာတဲ့..သူ့ကိုလည်းကယ်ပေးဖို့ပေါ့နော်...
ဆရာကြီးကအစဆုံးသေချာနားထောင်ပီး..ချက်ချင်းပဲဒီညလုပ်မယ်ဆိုပီး..ညရောက်တဲ့အထိစောင့်..အိပ်ခန်းမှာကန်လန်ကာအပါးတစ်ခုကို အမျိုးသမီးအိပ်မယ့်နေရာနဲ့သူထိုင်မယ့်ကြားကိုကာတယ်...အမျိုးသမီးလက်နဲ့ခြေထော်မှာဆရာကြီးစီရင်ထားတဲ့ကြိုးကိုပတ်ပီးအိပ်ခိုင်းတယ်..သူတို့ကထိုင်စောင့်နေတာပေါ့...ဆရာကြီးရဲ့အမျိုးသမီးကအဲ့လိုဟာတွေကိုမြင်နိုင်တယ်လို့ပြောတယ်...အိပ်ပျော်သွားတာနဲ့..အဲ့ဟာတွေရောက်လာတာအဲ့လူလှေကားကနေတတ်လာတာအကုန်ပြောပြနေတာဆရာကြီးမိန်းမကလေ...သရဲကဘယ်နှစ်ကောင်..ဟိုလူက ကပ်လာပီ..လက်ကိုကိုင်နေပီကိုင်တာနဲ့ကြိုးရှိတော့ပူပီးလွှတ်ရတာပေါ့..လက်ကိုင်ကြည့်လိုက်လွှတ်ချလိုက်..ခြေထောက်ကိုင်ကြည့်လိုက်လွှတ်ချလိုက်နဲ့..မျက်စိမျက်နှာပျက်နေတာပေါ့တော်ကြာတဲ့ထိကိရပ်ကြည့်နေပီးဘာမှလုပ်မရေတော့ပြန်ဆင်းသွားတာတဲ့..
ဆရာကြီးမိန်းမကလူပုံမျက်နှ၊အကုန်တွေ့လိုက်ရတာမို့မနက်လင်းတော့..တိတ်တဆိတ်မေးမြန်းကြတော့လေ...အမလေး..အဲ့တူ၀ရီး၂ယောင်ရဲ့ အိမ်၀ိုင်း၃၀ိုင်းကျော်က..လူဖြစ်နေတာ...သူ့ကိုသူလည်းဆရာဆိုပီးဒီရွာထဲနေတာပေါ့..အောက်လမ်းဆရာဖြစ်နေတာ...သူကဒိအမျိုးသမီးကိုကြိုက်ပီးအဲ့လိုအတတ်တွေနဲ့အိမ်မက်ထဲလာနေတာတဲ့...ယူဖို့ထိချစ်တာကြိုက်တာမဟုတ်ပဲသတ်သတ်ယုတ်မာတာပေါ့..သူနေလို့၀တော့..သူမွေးထားတဲ့သရဲတွေကိုပါပေးနေတာတဲ့...ယုတ်မာလိုက်တာများ...ဆရာကြီးတို့ကသိရပီဆိုတော့ကာယကံရှင်ကိုမေးတယ်..ဘာဖစ်ချင်သလဲ..ဘာလုပ်ချင်သလည်းပေါ့...တောသူတွေဆိုတော့ရိုးအရှာတယ်..ကြောက်တာကအထိကပေါ့နော်...ဆရာကြီးတို့ကအမြဲရှိမှာမဟုတ်တော့..ပြန်ပီးမလုပ်ချင်ပါဘူး...လုပ်လိုက်ပီးဆရာကြီးတို့မရှိမှအသတ်ခံရမှာကြောက်လို့ဆိုပီးအိပ်၀ိုင်းကိုရောင်းပီးပြောင်းသွားကြတယ်တဲ့..ဆရာကြီးကတော့လုပ်စရာရှိတာတွေလူပ်ပေးလိုက်ပါတယ်...ကိုယ်သာဆိုလို့ကတော့..အဲ့လိုကောင်ကိုသရဲတောင်မှနှစ်ချို့နေတဲ့အကောင်တွေနဲ့မသေမချင်းတတ်လုပ်ခိုင်းပစ်မှာ....အဲ့တာတကယ်ကြုံခဲ့ပီးတကယ်ရှိခဲ့တာပါ...အဲ့လိုတွေမက်တတ်ရင်..သရဏဂုံရွတ်အိပ်တဲ့နေရာတည်းတဲ့နေရာကိုစည်းချပီးမှအိပ်ကြပါနော်..ကိုယ့်ကိုတမင်ကြံစည်ပီးမှအောက်လမ်းအတတ်နဲ့လုပ်တာဆိုရင်တော့..သိနားလည်တဲ့ဆရာကူမှရပါလိမ့်မယ်...
ကိုယ်ကြုံဖူးတာကြတော့..
ကိုယ်ကအင်ဒိုနီးရှားကို ၅လလောက်သွားနေရမယ့်ကိစတစ်ခုပေါ်လာတာကြောင့်ဂျာကာတာမှာသွားနေရတယ်..နေရတဲ့အိမ်ကလုံးချင်း၂ထပ်ခွဲတိုက်လေးပေါ့..အိမ်ကရေကူးကန်တောင်ပါတယ်လှလှလေးပဲ..ပတ်၀န်းကျင်ကလည်းလူနေသန့်တယ်ဖော်ရိန်နာများတယ်ပေါ့..ကိုယ်နေရတဲ့အခန်းကအပေါ်ဆုံးထပ်လှေကားတတ်တတ်ချင်းအခန်း..အခန်းထဲမှာနဲရံကပ်ဘီဒိုကြီးတွေအပြည်နဲ့လူတစ်ရပ်ကျော်မှန်ကြီးတွေအပြည့်ကပ်ထားတာ..၆ချပ်၇ချပ်လောက်ရှိတယ်..မှန်တွေကြောက်တော့..အိပ်ယာကိုထောင့်ကပ်လို့ရသလောက်ကပ်မှန်တွေအုပ်ပီးအိပ်ရတာ..အိမ်ကကောင်းပေမယ့်နေရတာတမျိုးပဲ..ဆိုးရွားမသန့်တာမျိုးမဟုတ်ပေမယ့်တခုခုရှိသလိုခံစားနေရတာမျိုးပေါ့..တံခါးခဏခဏလာခေညက်တယ်...လှေကားကတတ်လာတဲ့အသံခဏခဏကြားရတယ်..ကိုယ့်အခန်းရှေ့လျှောက်လမ်းမှာခြေသံကြားရတယ်..အခန့်းရှေ့ရောက်ရင်ရပ်သွားတယ်..ထူးဆန်းတာကသိပ်မကြောက်ပဲရှိတယ်ဆိုတာကိုအသိပေးချင်ယုံလောင်ဆိုတော့..တအားမကြောက်မိဘူး...တစ်ညကျတော့အိပ်နေရင်အိမ်မက်မက်တာ..အဲ့တုန်းကကိုယ့်အသက်က ၂၅ လောက်ရှိပါပီအပျိုစစ်စစ်ပါ..😅 တစ်သက်လုံးလည်းအဲ့လိုအိမ်မက်မျိုးတွေတခါမှကိုမမက်ဖူးဘူး...အိမ်မက်ထဲမှာအဲ့အခန်းထဲမှာပဲကိုယ်ကယောက်ကျားတစ်ယောက်နဲ့ရှိနေတာ..သူကကိုယ့်ကိုဆံပင်လေးသပ်လိုက်တာပါးလေးကိုင်လိုက်တာကိုသိနေတာ..အိမ်မက်ထဲမှာလည်းဒီလူကဘယ်သူလည်းကိုယ်ကလည်းကြောက်လန့်ရုန်းကန်မနေပေမယ့်လန့်တော့လန့်နေတာမျိုးပေါ့..ဒါပေမယ့်မငြင်းပဲမရုန်းပဲသူလုပ်သမျှကိုငြိမ်နေတာမျိုး...ပြောရရင်ကိုယ်ကြောက်ရတဲ့သူနဲ့အတူတူရှိနေရသလိုမျိုးပေါ့...အကုန်လုံးအစဆုံးထင်ထင်ရှားရှားကြီးမဟုတ်ပေမယ့်အဲ့လိုဆက်ဆံနေတဲ့အိမ်မက်မက်ပဲ..ထူးဆန်းတာကအပြင်မှာတကယ်လိုပဲလိုပြောပြောနေသလို..အဲ့ဖိလင်ကိုသိနေတာ...စိတ်ကျေနပ်မှု့ရှိနေတာခံစားလို့ကောင်းနေတာကိုသိနေတာကွာ..မနက်နိုးလာတော့အကုန်ပုံမှန်ပဲ..ဘာမှထွေထူးမဖြစ်နေဘူး...အဲ့တစ်ခါပဲမက်တာပါ..အဲ့လိုနဲ့ကိုယ်ပြန်ရမယ့်နေ့ရောက်လာရော..ကိုယ်လည်မေ့မေ့ပျောက်ပျောက်ပဲ..သိမ်းဆည်းထုတ်ပိုးပီးလေယျာဥ်ကွင်းပို့မယ့်ကားရောက်တော့အထုတ်တွေချေပေးနေတာ..အခန်းတံခါးလည်းဖွင့်ထားတယ်...အခန်းထဲကိုပြန်၀င်လာပီးကျန်တဲ့အထုတ်နဲ့ ကိုယ်လိုက်ကိုင်အိပ်အကြီးကိုဆွဲလိုက်ရုံပဲရှိသေးတယ်..ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်က သူ့သူနဲ့ကိုခလွမ်းဆိုပီးအကျယ်ကြီးထကွဲတာ...လန့်လိုက်တာဆိုတာလိပ်ပြာတောင်လွှင့်ပီထင်တာ..တခြားသူတွေကပြေးတတ်လာကြည့်ကြတော့..မှန်ကမြုတ်ထားတာမျိုးလေ..အဲ့ကနေအသားလွတ်ကြီးထကွဲတာ...ရှင်းပြုပီးကိုယ်လည်းပြန်လာလိုက်တာပေါ့..ရန်ကုန်ပြန်ရောက်အကုန်ပုံမှန်ပဲ...နေရင်းနဲ့ပိုက်ဆံအိပ်လဲရော...ကိုယ်ကတစ်အိတ်ဆိုတစ်အိတ်ကောင်းကောင်းကိုင်ပီးခဲမယ်ဆို မှအသစ်၀ယ်တာမျိုးဆိုတော့..အိတ်အသစ်လဲတဲ့ချိန်ရောက်လာလို့ပစ္စည်းတွေထုတ်ဒီဘက်အသစ်ထဲထည့်ပေါ့..ဘာတွေ့တယ်မှတ်လဲ..🥲 အင်ဒ်ုနီးရှားအိမွကမှန်ပကွဲစလေးတော်ရေ...နည်းကြီးတယ်...အမလေးကြောက်လိုက်တာဆိုတာလေ...ကိုယ်ကကုလားဆင်ေချာေခိာတာဆိုေတာ့သရဲအထိးကငါ့ကြိုက်ပီးဒီထိလိုက်လာတာလားမသိဘူးဆိုပီးအဲ့အိတ်ထဲအဲ့မှန်စနဲ့တခါတည်းလွှင့်ပစ်လိုက်တာ...တကယ်လိုက်လာတာဆိုရင်တော့မျက်စိလည်နေလောက်ပီ..တတ်သလောက်မှတ်သလောက်တော့ပြောဆိုလိုက်တယ်...🥲..ဘာတွေပြောခဲ့လည်းတော့မမှတ်မိတော့ဘူး...ပြန်လာကတည်းကအနားမှာတခုခုလေးရှိနေသလိုခံစားနေရတာတော့ရှိတယ်..ပြောမပြတတ်ဘူးပေါ့...ဒီဂရုကသူငယ်ချင်းတွေကိုခင်လို့လာပြောပြတာ..အိမ်ကယောက်ကျားတောင်မသိဘူး. ..သူမထိရက်မကိုင်ရက်လေးဥထားတဲ့သူ့မိန်းမကိုတကယ်သာအဲ့လိုတွေဖြစ်ခဲ့တယ်..အိမ်မက်မဟုတ်ပဲခုပြောနေရေးနေကြသလိုအဲ့လိုတကယ်နေလို့ရခဲ့တာဆိုရင်..ရူးသွားမှာဆိုးလို့သူ့တောင်မပေုာပြဖူးဘူး...အပြင်မှာတော့သူနဲ့ယူတဲ့အထိအပျိုအစစ်ပါပဲ..😅..
တော်သေးပီနော်...

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now