ညက အဖြစ်ပျက်လေး တစ်ခု ပြောပြချင်လို့
ညက သူငယ်ချင်းအိမ်မှာ အိပ်ဖြစ်ပါတယ်
သောကြာေန့ဆို ဂိမ်းဆော့လိုက် ကိုယ်လဲလုပ်စရာရှိတာလုပ်ရင်း သူငယ်ချင်းအခန်းမှာအိပ်ကြတာပါ
ဖြစ်ပုံက မနက်၄နာရီလောက်မှစတာပါ သူငယ်ချင်းကဘေးနားမှာအိပ်ပါတယ် အဲ့မှာစပြီး ဖလူးစီးပါတယ် ဒီတစ်ခါက တကယ်ကိုမကြုံဘူးအောင် ဆိုးတာပါ အကုန်ဝိုင်းချုပ်ထားသလိုခံစားရတယ် အိမ်မက်ထဲမှာ သားမိ၃ယောက်က ကျနော်ကိုလာမိတ်ဆက်ပါတယ် ကျနော်နဲ့ကျနော်ဘေးမှာအိပ်တဲ့သူငယ်ချင်းပါအိမ်မက်ထဲပါလာတာပါ ကျနော်တို့က ခရီးတစ်ခုသွားရင်း ဟိုတယ်တစ်ခုအရောက်မှာ လာမိတ်ဆက်တာပါ ကျနောါတို့ကို သူတို့အိမ်မှာ လာတည်းပါဆိုပြီးခေါ်ပါတယ် ကျနော်တို့လဲ လိုက်သွားပါတယ် အဲ့မှာ သူတို့အိမ်က အရမ်းဟောင်းနွမ်းနေပြီး ပွဲရုံတစ်ခုလိုဖြစ်နေတာပါ ပွဲရုံဆိုတာ ကျနော်တို့ အညာဒေသမှာ ပဲတို့ နှမ်းတို့လောင်တဲ့ပုံစံကိုပြောတာပါ အပေါ်ထပ်တတ်သွားရင်း သူတိူ့သားမိ၃ယောက်က ကျနော်ကိုကူညီတောင်းပါတယ် မပြန်ဘဲဒီမှာနေဖို့သူတို့ကို ကူညီဖို့ပါ ကျနော်လဲဘာဖြစ်လို့လဲမေးတော့ ငါတို့က ဘာမှမလုပ်နုိင်တော့လို့ပါတဲ့ အဲ့မှာ သိလိုက်တာက သူတို့က သေပြီးသားလူတွေဆိုတာပဲ ကျနော်ကိုဘာလိုအပ်လဲပြောပြပါ အကုန်လုပ်ပေးမယ်ပြောတော့ ဒီမှာပဲတသက်လူံးနေပေးဖို့ပြောပါတယ် ကျနော်က နေလို့မရဘူးပြန်ရမှာပြောတော့ သူတို့ကပြန်ခွင့်မပေးဘူး ထသောင်းကျန်းပါတယ် အဲ့မှာ ကျနော်အော်တာတွေကောရုန်းကန်တာတွေကောနဲ့ ဖလူးစီးတာကနေ အိမ်မက်ထဲမှာ နောက်ထပ်တဆင့်နိုးသွားပါတယ် ပြောချင်တာက အိမ်မက်ထဆင့်မက်တာပါ အဲ့မှာနိုးတော့ သူငယ်ချင်းက ဘေးနားမှာထိုင်ရီနေပါတယ် သူကဘာဖြစ်လို့လဲမေးတော့ ဒီလိုဒီလိုဖြစ်လို့ပြောတော့ အေးငါလဲမင်းကိုလာခေါ်တာဆိုပြီး ပြောပါတယ် ဘေးနားကြည့်တော့ သူငယ်ချင်းကအိပ်နေပါတယ် ရှေ့မှာလဲတစ်ယောက်ကထိုင်နေပါတယ် အဲ့မှာရှေ့မှာထိုင်တဲ့လူကချက်ချင်းကြီးစောန မက်နဲ့အိမ်မက်ထဲက မိန်းမကြီးပြန်ဖြစ်သွားပါတယ် အဲ့မှာလန့်နိုးပါတယ် ဒါလဲအိမ်မက်ထဲမှာပဲ ထပ်နိုးတာပါ ၃ဆင့်ေမြှာက်ပါ
အဲ့မှာစျေးပွဲတော်တစ်ခုမှာလန့်နိုးလာတာပါ ဘေးနားမှာသူငယ်ချင်းက laptop သုံးနေတာမြင်ရတယ် ငါတို့ဘယ်မှာလဲမေးတော့ 1935 ခုနှစ် 11လပိုင်း 2ရက်နေ့ဆိုတဲ့
နေ့စွဲတစ်ခုကိုပြပါတယ် ကျနော်လဲ လာမကြောင်နဲ့ ဟေျောင်အဲ့ခေတ်က Laptop မရှိသေးဘူး ကျနော်ကပြောလိုက်ပါတယ် အဲ့မှာ သူငယ်ချင်းက အေးဟုတ်တယ်
ငါလဲသိတယ် ဟိုမှာမြင်လား အဲ့အစ်မက ငါတို့ကိုခေါ်လာတာလို့ပြောပါတယ် အဲ့မှာကျနော်ကြည့်တော့ ဟိုမိန်းမပဲဖြစ်နေတာပါ သူက ကျနော်နားလာပြီးတော့ ငါ့မောင် မင်းပြေးလို့မလွတ်ပါဘူးဆိုပြီး ပြောပါတယ် အဲ့မှာထပ်ပြီးနိုးသွားပါတယ် ဒီတသ်ခါအပြင်လောကမှာနိုးတာပါမနက်၈နာရီရှိပါပြီ သူငယ်ချင်းက ခုံပေါ်ကနေ ဟျောင့်ဘာဖြစ်တာလဲဆိုပြီးတော့မေးတော့တာပဲ တခါမှမကြုံဘူးပါပြီး အခုလိုအိမ်မက်မျိုးကို မနက်ကတော်တော်စဉ်းစားနေရပါတယ်အခုထိပါပဲ စာအစီစဉ်မကျရင်တောင်းပန်ပါတယ်

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်