လက်ရှိသက်ဆိုင်သူကိုအားနာလို့Anonymousနဲ့ပဲတင်မယ်နော် 2018 fbမှာ ရာမညမြေကကောင်လေးနဲ့ဆုံခဲ့တယ် ကိုယ်ကလည်းမွန်ဗမာကပြား သူကသထုံမှာနေတာ ကိုယ်ကတော့ရန်ကုန်နဲ့မုဒုံကူးချည်သန်းချည်ပေါ့ မွေးတာကတော့ရန်ကုန်မှာပါပဲ သူနဲ့ကonlineချစ်သူဆိုပေမယ့်ကိုယ့်ပေါ်အရမ်းကောင်းခဲ့တယ် ကုန်ကုန်ပြောရရင်ခေါင်းစခြေဆုံးပူစရာမလိုအောင်ထားပေးတာပါ 2019ကျိုက်ထီးရိုးမှာဆုံကြမယ်လို့ကတိတွေပေးခဲ့ကြတယ်(ညီမကတနှစ်တခါကျိုက်ထီးရိုးဘုရားလာဖြစ်ပါတယ်) အပျော်ရွင်ဆုံးအဲ့နေ့လေးကိုရောက်လာတယ် ကိုယ်ကမိသားစုနဲ့လာတာဆိုတော့ရင်ပြင်ပေါ်ကအခန်းမှာပဲတည်းတာသူကတော့သူ့အသိအိမ်မှာတည်းတယ် သူနဲ့ာေန၅နာရီအတိချိန်းထားပေမယ့်သူမရောက်လာဘူးဖုန်းဆက်တော့လည်းစက်ပိတ်ထားတယ် ကိုယ်လုံးဝနားမလည်နိုင်အောင်ဖြစ်သွားတယ် ရှက်လည်းရှက်ဒေါသလည်းထွက်တာပေါ့ ည၆ခွဲလောက်ကျသူရောက်လာတယ်တကိုယ်လုံးရေတွေရွဲပီးကျိုက်ထီးရိုးဘုရားရင်ပြင်မှာညီမကိုသူလက်ပြနေတာ(သူ့ကိုသိတယ်ဆိုတာကအမြဲvcပြောဖစ်လို့ပါ) ပျော်ပီးသူ့ဆီပြေးသွားမလို့လုပ်တော့မှသူ့သူငယ်ချင်းphဆက်တာညီလေးရေနစ်ပီးဆုံးပီတဲ့ညနေကညီမအရူးလိုငြင်းတာပေါ့ခုတင်မြင်တာဘာညာပေါ့ ခံစားခဲ့ရတာရူးမတတ်ပါပဲ သူ့နာရေးကိုမသွားနိုင်ပေမဲ့vcထဲကနေနောက်ဆုံးအချိန်ကိုမြင်ခဲ့ရပါတယ်သူ့အသိအိမ်နားကချောင်းမှာညီမဆီထွက်လာခါနီးရေကူးရင်းဖြစ်ရတာပါ သူ့အကောင့်လေးကမီးမစိမ်းတော့ပေမဲ့အိမ်မက်တွေအမြဲပေးပါတယ် ညီမနေမကောင်းဘူးဆိုအနားမှာလာဂရုစိုက်နေသလိုမျိုးပါ ဒီလိုနဲ့covidတွေဖြစ်တော့ညီမဆေးရုံတက်ရတော့သူ့ကိုထပ်မြင်ပါတယ်ညီမလက်ကိုသေချာကိုင်ထားပီးငယ်လေးဘာမှမဖြစ်ရဘူး ကိုကို့ဆီမလာနဲ့ အားတင်းထားလို့သူပြောသွားတာပါအဲ့ချိန်ကသတိမေ့သလိုဖြစ်နေတာပါ ဒီလိုနဲ့နေလာရင်း အိမ်ကယောက်ျားပေးစားဖို့စီစဉ်ပါတယ်အဲ့ထဲကညဆိုဗိုက်ကမခံမရပ်နိုင်အောင်အောင့်ပါတယ်ေဆးခန်းလည်းစုံေနပီကုမရပါဘူးအိမ်မှာနတ်ကန္နားပေးတော့ ဝင်စီးပီးနတ်ကပြောတယ်ဝိညာဉ်တကောင်
ကကပ်တွယ်နေလို့အိမ်ထောင်ပြုမရတာတဲ့ညီမကသိလိုက်ပါတယ်ဘယ်သူဆိုတာ ညီမလည်းဘာအစီအရင်မှမလုပ်ပဲသီလရှင်ဝတ်ခဲ့ပါတယ်သူ့ကိုကောင်းမှုတွေလုပ်ပေးတယ်တညမှာတော့သူအိမ်မက်ပေးတယ်ငယ်လေးကိုလက်လျော့လိုက်ပြီတဲ့ ဒါမဲ့အိမ်ကပေးစားမဲ့သူကလူကောင်းမဟုတ်လို့သူတားရတာပါတဲ့ သူလည်းသွားတော့မယ်တဲ့ ငယ်လေးကိုခိဉ်းကပ်တဲ့သူထဲက (ယခုညီမလက်ရှိရည်းစား)ပေါ့သူကိုတွဲပါငယ်လေးတဘဝလုံးစိတ်ချမ်းသာမယ်ဆိုပီး နောက်ဆုံးအိမ်မက်ပေးပီးထဲကသူထွက်သွားတာ နောက်ဘာအရိပ်အယောင်မှမပြတော့ပါဘူးလက်ရှိကောင်လေးကိုအားနာလို့အဲ့အကြောင်းတော့မပြောပြဖြစ်ခဲ့ပါဘူး (ညီမကိုယ်တွေ့ဖြစ်ခဲ့တာပါ)

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်