Admin ခွင့်ပြုပေးပါရှင် နတ်ကိုးကွယ်မှုနဲ့ပတ်သတ်ပြီး တခုလောက်ပြောချင်လို့ပါ ကျမဉာဏ်ရှိသလောက်ပေါ့
တချို့က နတ်ကိုးကွယ်ကြတယ် တချို့ကအယုံအကြည်ကိုမရှိဘူး တချို့က မယုံကြည်ပေမယ့် မစော်ကားဘူး **ကျမက မကိုးကွယ်ပေမယ့် မစော်ကားတဲ့အထဲကပေါ့ရှင်။ ဘုရားရှိခိုးပြီးရင် သူတို့ကိုအမျှပေး မေတ္တာပို့တယ်**
ဒီထဲမှာမှ တချို့က အုန်းဆွဲထားတဲ့စင်ကို ခြေထောက်နဲ့ကန်ပစ်တာတို့ နတ် အုန်းသီးကိုခြေထောက်နဲ့ကန်ပစ်တာတို့ ကန်တော်ထဲ ဝက်သားထည့်ပြီးနယ်တာတို့ နတ်တွေကိုစိန်ခေါ်ပြီးဆဲတာတို့ စသည်ဖြင့်လုပ်ကြတာကို ကြားဖူးတွေ့ဖူးတယ်
ဒီနေရာမှာပြောချင်တာက ကိုယ့် အိမ်ရှေ့မှာ ကိုယ့် နာမည်တပ်ပြီး လာအော်ဆဲနေရင် ကြိုက်ကြမလား အိမ်ရှေ့တည့်တည့်မှာ သေးလာပန်းတာမျိူး အိမ်ဝင်းထရံကိုခြေထောက်နဲ့ကန်တာမျိုး လာရမ်းကားနေရင် ကြိုက်မလား လာလုပ်တဲ့လူကိုပြန်တုံ့ပြန်ကြမှာဘဲ အဲ့မှာမှ လုပ်တဲ့သူက ရပ်ကွက်လူမိုက် သို့ အမူးသမားချဉ်ဖတ်ဆိုရင် ပြိုင်ရန်မဖြစ်ချင်လို့ သည်းခံလိုက်ရပေမယ့်အောင့်သက်သက်နဲ့ပေါ့ တလေးတစားနဲ့မဆက်ဆံရင်နေ အဲ့လိုလာလုပ်တာတော့ ဘယ်သူမှ ကြိုက်မှာမဟုတ်
ခုလဲအဲ့လိုဘဲ သူတို့ကိုစော်ကားတယ် ကိုယ်က ကံမြင့်နေတော့ သူတို့ဘာမှလုပ်လို့မရလို့ သူတို့ သည်းခံကြတယ် ကံနိမ့်တဲ့အချိန်ဆိုရင်တော့ သူတို့အလှည့်ပေါ့
***ကံနိမ့်တဲ့အချိန်ဆိုတာရှိပါတယ် ကံနိမ်တဲ့အချိန်မျိုးမှာ သရဲတွေကတောင်လူစားလဲချင်လို့ ဆိုင်ကယ်ကိုတွန်းပစ်တာမျိုး(ဟိုတနေ့ကတောင်အကိုတယောက်တင်ထားသေးတယ် သူ့ဆိုင်ကယ်ကိုတွန်းပြီး ကောင်မလေးတယောက်အသံနဲ့ သေစမ်း သေ လို့ပြောတယ်တဲ့) ရထားလမ်းကူးတဲ့အချိန်တွန်းပစ်မျိုး ရထားလာတာမကြားအောင်လုပ်ထားတာတို့ မျိုးစုံပါပဲ***
သူတို့ (နတ်တွေ)ဆိုတာလဲ တကယ်တမ်း အစိမ်းသေတွေပါပဲ မောင်လေးတယောက်ကမေးတယ် သူတို့ကတကယ်ရှိလို့လားတဲ့ ရှိတာပေါ့ သရဲ တစ္ဆေ ရှိတာကိုလက်ခံရင် သူတို့ရှိတာကိုလဲ လက်ခံရမှာဘဲ ဘာလို့ဆိုသူတို့ကအတူတူပဲလေ နှစ်ကြီးတာမကြီးတာပဲကွာမယ်
ဒါကြောင့် မယုံကြည်ချင် မကိုးကွယ်ချင်နေ အဲ့လိုကြီးတွေမလုပ်ကြတာကောင်းပါတယ် (ကိုးကွယ်ယုံကြည်ခိုင်းတာမဟုတ်ရပါ)
ဘယ်သူမဆိုကိုယ့် စော်ကားတာတော့ ဘယ်သူမှမကြိုက်ကြဘူးလေ ဘုရားကိုယ်တိုင်ကတောင်မှ မေတ္တာဘဲထားခိုင်းတာမလား
အားလုံးပဲ ချမ်းမြေ့ကြပါစေရှင်

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်