ဘုန်းကြီးကျောင်းမှာ နတ်ပွဲ လုပ်မယ်တဲ့
ကျွန်တော့် တသက်နဲ့တကိုယ် တခါမှ မကြားဖူး မကြုံဖူးတဲ့ ကိစ္စပါဘဲ။ ရဟန်း သံဃာ နဲ့ နတ်( အစိမ်းသေ) က လားလားမှ မဆိုင်တာကိုး
အချိန်က 2011 ပတ်ဝန်းကျင်ပေါ့
ဘယ်က စပြီးဖြစ်သလဲ ဆိုရင် ကျွန်တော်တို့ ဘေးရွာက ဘုန်းကြီးကျောင်းမှာ ဖြစ်တာ
အဲ့တုန်းက ဘုန်းကြီးကျောင်းမှာ အုတ်တံတိုင်း မရှိသေးဘူး။ ဝါးကပ်တွေနဲ့ ကာထားတဲ့ အဆင့်ဘဲ ရှိသေးတယ်။ အဲ့အချိန်မှာဘဲ ရန်ကုန်က အလှူရှင်တွေက အုတ်တံတိုင်း ခတ်ပေးမယ် ဆိုပြီး ဖြစ်လာရော
ဘုန်းကြီးကလဲ ဝမ်းသာအားရပေါ့
အုတ်တံတိုင်းခတ်မယ်ဆိုပြီးတော့ ခြုံတွေရှင်း
အပင်တွေ ခုတ် လုပ်ကြတာ.....အဲ့အချိန်မှာ ပြဿနာက စ တာဘဲ
ဘုန်းကြီးကျောင်း အပေါက်ဝမှာ ကညင်ပင်ကြီး နှစ်ပင် ရှိတယ်
အပင်သက်တမ်းက တော်တော်လေးကို ကြာနေပြီ
အဲ့အပင်ကြီး နှစ်ပင် ကို လှဲ ပစ်မှ ရမှာ။ ညဘက်ကျတော့ ဘုန်းကြီး ကို အိပ်မက်ပေးပါရော
အပင်မှာ ရှိတဲ့ မောင် နှမ နှစ်ယောက်က "သူတို့က အပင်ပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ အပင်ခုတ်မယ်ဆိုရင် နတ်ပွဲပေးရမယ်ဆိုတဲ့ အကြောင်း၊ မပေးရင် အပင်လှဲတဲ့ သူတွေ ဒုက္ခရောက်မယ် ဆိုတဲ့ အကြောင်း" အိပ်မက်ပေးတာပေါ့ ။ဘုန်းကြီးက လက်ခံပေမဲ့ ရွာက သူတွေကို ပြောပြတာ ရွာက သူတွေက လက်မခံဘူး ။
အဲ့တာနဲ့ ကညင်ပင်ကြီး ၂ ပင်ကို အတင်းလှဲကြတာ
အပင် မလှဲခင် အပေါ်က အကိုင်းတွေကို တက်ပြီး "သင်" နေတုန်း "သင်" တဲ့ တယောက်ပြုတ်ကြတာ
အသက်ထွက်သွားတယ်တယောက်သေသွားတော့ နည်းနည်း လန့်လာပြီ
အဲ့တာနဲ့ နောက်တယောက်တက်ခုတ် နောက်တယောက် ထပ်ပြုတ်ကျတာ ခြောက်ထောက်ကျိုးသွားတယ်အဲ့မှာဘဲ နတ် က မယ် ဆိုပြီး ဖြစ်လာတာ
နတ် က ပြီးတော့ အပင်ကြီးတွေ လှဲ လိုက်တာ အဆင်ပြေသွားတယ်
အဲ့ဒီ "ဂေါစဂါမ်" တဝိုက်က အခြား ဘုန်းကြီး တွေက လဲ ဘာမှ မပြောကြဘူး

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်