39

360 7 0
                                        

လူသားတယောက်မွေးဖွားရင် သူနဲ့အတူ( ဟမ်ဇား) မြန်မာလို( လိပ်ပြာ )အတူပါလာတယ်လို့သိရတယ် ထူးခြားချက်က လူသားအိပ်စက်နေချိန် သတိမေ့မျောနေချိန် အဲဒီလိပ်ပြာက တနေရာရာသွားနေတာတို့ တခုခုလုပ်နေတာတို့က လူသားအနေနဲ့အိပ်မက်အဖြစ်သိရှိရတာရှိတယ် နောက်တခုက ဂျင်န် အဂ်လိပ်အခေါ် ဂျီးနီ မမြင်ရတဲ့လူသားလိုမျိုး မျိုးနွယ်တခု ထူးခြားချက်ကသူ့ခန္ဓာကပေါ့ပါးလို့ ခရီးတခုခုကိုအမြန်ရောက်နိုင်သလို လူတွေနဲ့အတူနေထိုင်ကြတာရှိပီး တောတောင်တွေမှာလည်းနေထိုင်လေ့ရှိတယ် သူတို့စားတဲ့အစာသည် လူတွေစားပီးပစ်လိုက်တဲ့ကြက်ရိုး အမဲရိုး သားကောင်တခုခုရဲ့အရိုးက သူတို့အတွက်အစားသောက်တွေပဲ့ လူလိုမမြင်ရတာရယ် စီးပွားရေးမလုပ်ရတာရယ်ပဲ့ကွာတာ ကျန်တာအကုန်ရှိတယ် သာရေး နာရေး လူမှုရေး   ဘာသာရေး  အိမ်ထောင်ပြုတာတွေ ရှိတယ် သူတို့ထဲကမကောင်းဆိုးဝါးတွေကိုတော့ ရှိုင်သာန် မြန်မာလို မာရ်နတ် လို့ခေါ်တယ် သူတို့ကလူသားတွေရဲ့အသွေးထဲအသားထဲကနေ မကောင်းတာတွေပြုလုပ်ပြောဆိုအောင် စိတ်ကိုညို့လိုရသလို အိမ်မက်ထဲမှာလည်း နှောင့်ယှက်လို့ရတယ်   လူသားတဦးသေဆုံးပီးမြေချတဲ့နေ့မှာ သူနဲ့အတူမွေးဖွားလာတဲ့ဟမ်ဇား  မြန်မာလိုလိပ်ပြာ ကိုပါမြေချဖို့အတွက် စာပိုဒ်လေးဆိုလိုက်ရင် လိပ်ပြာက လောကကြီးမှာမရှင်သန်တော့ဘူးပေါ့  တကယ်လို့လိပ်ပြာကမသေဆုံးခဲ့ရင် သူကသေဆုံးသူရဲ့ရုပ်ပုံစံအတိုင်း  နဲ့သွားလာလှုပ်ရှားပီးတခါတလေအောက်လမ်းဆရာတွေက ဖမ်းပြီးခိုင်းစားတတ်တယ်  သူတို့သည်လူသားတွေကိုခြောက်လှန့်ရုံကလဲဲပီး ကိုထိလက်ရောက်လုပ်လို့မရဘူး မကောင်းဆိုးဝါး ရှိုင်သာန်ခေါ် မာရ်နတ်ကျတော့ အသွေးအသားထဲဝင်ပူးတာတို့ စိတ်ကိုညို့တာတွေ မကောင်းမှုပြုလုပ်ဖို့စိတ်ကိုနိုးဆွပေးကြပါတယ်   လူသားအသက်ရှင်နေတဲ့အချိန်မှာ သူနဲ့ပုံစံတူတဦးကိုတနေရာရာမှာတွေ့ရှိပါက ထိုသူသည် ဂျင်န်ခေါ် ဂျီးနီ မျိုးနွယ်စုထဲက ဖြစ်တယ် ဂျင်န်တွေကလူသားပုံစံ တိရိစ္ဆာန်ပုံစံ ပြောင်းလဲဖို့အစွမ်းရှိကြပါတယ် အများအားဖြင့်မြွေပုံစံပြောင်းနေတတ်တယ် ရိုးရိုးမြွေကကောက်ကွေးပီးသွားပီး မြွေဟန်ဆောင်ထားတဲ့ဂျင်န် က တည့်တည့်မတ်မတ်သွားကြတယ်  ဂျင်န်တွေရဲ့ခြေဖဝါးသည် လူသားနဲ့ပြောင်းပြန်ပုံရှိတယ် လူသားခြေထောက်ကအရှေ့လှည့်ပေမယ့်သူကပြောင်းပြန်အနေအထားပေါ့ တခါတလေသူတို့ခြေရာတွေကို လူသားတွေမြင်အောင်ပြလေ့ရှိတယ်  ကမ္ဘာကြီးတခုထဲမှာ မြင်ရတဲ့လူသားတွေနဲ့ မမြင်ရတဲ့ ဂျင်န်မျိုးနွယ်တွေ အတူတကွနေထိုင်ကြရတာဆိုတော့ တခါတလေ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့လူသားတွေရဲ့ ပုံစံကို အတုခိုးပီး သွားလာလှုပ်ရှားတတ်ကြတယ်  သူတို့ကိစ္စနဲ့သူတို့သွားနေချိန်ကိုကတွေ့လို့ နှုတ်ဆက်ရင်တောင် သူတို့က ကို့ကိုမသိကြဘူး
အနှစ်ချုပ်က အိမ်မက်ထဲမှာအန္တရာယ်မရှိတဲ့နေရာတခုခုကိုသွားလာလှုပ်ရှားခြင်းသည် လိပ်ပြာကြောင့်ဖြစ်ပြီးတော့ ကို့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်နေရင် ရှိုင်သာန်ခေါ် မာရ်နတ်က ပြုလုပ်နေတာပါ  အသက်ရှင်နေချိန် ပုံစံတူလူတွေ့ခဲ့ပါက ကို့ကိုအန္တရာယ်မပြုသော ဂျင်န်မျိုးနွယ်က ခဏတာ ပုံစံယူလိုက်တာပါ
       နောက်ပီးကမ္ဘာဂြိုလ်မှာရှိနေတဲ့ လူသားတွေအတိုင်း တခြားသောဂြိုလ်မှာလည်းရှိတယ်လို့ သိရပါတယ် ဥပမာ ဦးဖြူကဒီကမ္ဘာမှာရှိသလို တခြားဂြိုလ်မှာ ပုံစံတူဦးဖြူရှိတယ်ဆိုပီး ဒါပေမယ့်သူတို့နဲ့ပတ်သက်ပီးအသေးစိတ်မသိရပေမယ့် ကမ္ဘာတခုတည်းသက်ရှိတွေနေထိုင်ကြတာမဟုတ်ဘူးလိူ့သိရတယ်  ကျနော်ထင်တာကတော့ ဂျင်န်တွေရှိတယ်ဆိုပီးသိရပေမယ့် ဂျင်န်ကိုမမြင်ရဘူးလေ အဲလိုမျိူးဆိုရင် တခြားကမ္ဘာတွေမှာ ရှိကြပေမယ့်မျက်စိနဲ့မမြင်ရသလိုပေါ့
တခါမှပိုစ်မရေးတတ်ဘူး စာအရေးအသားလိုအပ်ချက်တွေ မတူကွဲပြား အမြင်လေးတွေအပေါ် နားလည်ပေးပါလို့ မေတ္တာရပ်ခံလျက်

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now