ရှေ့တပတ်က ရထားလမ်းကြောင်းတင်ထားဖူးတယ် ။အခုတခါက. သာကေတ ၆လွှာမှာတစ်ယောက်တည်းနေတုန်းက အကြောင်းလေးပြောပြချင်လို့ ။ ကြောက်စရာမကောင်းပေမဲ့ ထူးဆန်းလို့ရယ် ။ 2018 လောက်က အစ်မဖြစ်သူက အိမ်ခွဲနေတာ အတူနေတဲ့ သူ့သူငယ်ချင်းတွေက
အိမ်ပြန်သွားကြလို့ သူတစ်ယောက်တည်းမို့
ကိုယ်ကသွားနေပေးရတာသာကေတ ရှုခင်းသာပတ်လမ်းနားက
သာကေတ အရှေ့ ၄တောင်ရပ်ကွက်ဆိုလား ရပ်ကွက်နာမည် သိပ်မမှတ်မိတော့ဘူးရယ်
ထားပါတော့တိုက်ခန်းက ဟိုးးအမြင့်ဆုံး ၆လွှာ တခန်းပဲရှိတာအပေါ်ဆုံးက. အစ်မက တပတ်မှာ ၇ရက်လောက်
night out နေတာ ကိုယ်တစ်ယောက်တည်းနေရတယ် ။ 🙃 Cctv တော့ ၄လုံး တပ်ထားပေးတယ်။တစ်ယောက်တည်းနေရတော့ ညဘက်
ကိုယ်က အဓိဋ္ဌာန်ဝင်တယ် ည ၁၀ နာရီဆို ဘုရားရှိခိုး ပဋ္ဌာန်းရွတ်တာ ။ တလ အဓိဋ္ဌာန်လုပ်တာပေါ့ ။ ဘုရားစင် က အိမ်ရှေ့ အိမ်အဝင်တံခါး တည့်တည့် ဘုရားစင်အောက်မှာ cctv join ထားတဲ့ TV ရှိတယ် ။ ဘုရားစင်ကို မျက်နှာချင်းဆိုင်လိုက်ရင် တံခါးပေါက်ကိုကျောပေးထားရတာပေါ့ ။ ဘယ်ဘက်က ဝရံတာတံခါးပေါက် ။ ညာဘက်ခြမ်းက လျှောက်လမ်း နဲ့အိပ်ခန်းတွေရှိတယ် ။နေ့တိုင်း ဘုရားရှိခိုးတိုင်း ကြက်သီးဖြန်းဖြန်းထတာ
တစ်ယောက်တည်းပေမဲ့ စိတ်ကိုအတည်ငြိမ်ဆုံးထားပြီး နေတယ် ။ အဲ့အိမ်မှာက တစ်ယောက်ယောက်ရှိနေသလိုအမြဲခံစားရတယ် ။
ခြောက်တာလှန့်တာတော့ မရှိဘူး ။တရက်ကျ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ကောင်းတာ
၁၁ ထိုးနေပြီ အဲ့မှာ နောက်တပွဲက ထပ်ဝင်မိသွားရော သတိမထားမိပဲ ဆော့နေတာ ။မမ အခန်းထဲ ဝင်ဆော့ နေတာ
သူ့အခန်းမှာက မှန်တင်ခုံတခုကလွဲပြီး
ကျန်တာ ကအဝတ်ကို ကော်ဗုံး အကြီးကြီးတွေနဲ့ထားထားတာ ကိုယ်နေတဲ့အခန်းဆို အိပ်ရာရယ် အဝတ်ထုပ်ရယ်ပဲ ရှိတာ။ဆက်ပြောရရင် မမအခန်းထဲ ML ဆော့နေတာ
တံခါးလည်းပိတ်ထားတယ် ။ ဘုရားရှိခိုးဖို့မေ့ခါနီးဖြစ်တဲ့အထိစျာန်ဝင်ပြီးဆော့နေတာ အဲ့အချိန်မှာ
ကိုယ့်ရဲ့နား 👂နားကိုကပ်ပြီး
တစ်ယောက်ယောက်က
လက်ခုပ် အကျယ်ကြီးတချက် ထတီးလိုက်သလို
နားတောင်နဲနဲအူသွားတာ ဖြောင်းခနဲဆိုတဲ့အသံကြားလိုက်ရတယ် ကိုယ်ကရုတ်တရက်လန့်သွားတယ် ။ပြီးတော့ အခန်းထဲပစ္စည်းတခုခုပြုတ်ကျတယ်ထင်ပြီး အခန်းပတ်ပတ်လည် ကြည့်တော့လည်း ပြုတ်ကျစရာဆိုလို့ မှန့တင်ခုံပေါ်က make up ပစ္စည်းတွေပဲရှိတာ သံပန်တလင်းပေါ်လည်း ကျနေတာတခုမှမရှိ ။ အသံကတော့တကယ်အကျယ်ကြီးကိုမှပီပီပြင်ပြင် ကြားရတာ ဖြောင်းးးခနဲ ပဲ နားတောင်အူသွားတာပါဆို ။
ကိုယ်လည်းလန့်ပြီး ငါမဆော့တော့ဘူးငါဘုရားရှိခိုးရဦးမယ်ဆိုပြီး ဂိမ်းထဲကထွက်ပြီး အမြန် ၁၂ မကျော်ခင် ပဋ္ဌာန်းပြီးအောင်ရွတ်နိုင်လိုက်တယ်။
အဲ့အိမ်နေတုန်းက ကိုယ်ကဘုရားရှိခိုးအဓိဋ္ဌာန်ဝင်လို့လားမသိဘူး လပ်ကီးအရမ်းကောင်းပဲ မမဆိုသူသာအိမ်မကပ်တာ သူအလုပ်သမျှ အလုပ် က အဆင်ပြေပြီး ပိုက်ဆံဝင်တာဆိုတာပြောမနေနဲ့ ။
နောက်တော့ကျမလည်း အချိန်မှန်မှန်ဘုရားရှိခိုးဖြစ်သွားပါတယ်နောက်မကျရဲတော့ဘူး ။ အသံလောက်နဲ့ပဲသတ်ိပေးလို့တော်သေးတာပေါ့
ရုပ်ပြရင်ကျမလည်း လန့်thayမှာ ။အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်