99

87 3 0
                                        

ဒီနေ့မှာတော့ တလရထဲကရဲဘော်တစ်ယောက်အကြောင်းပြောပြချင်လို့ပါ။ ပြီးတော့သိချင်တာလေးလဲရှိလို့ပါ။
သူကတော့ညီမအကိုတစ်ဝမ်းကွဲပါ။
အကိုကလွန်ခဲ့တဲ့1နှစ်လောက်ကရှမ်းမြောက်ဘက်မှာတိုက်ပွဲဖြစ်ရင်းကျသွားခဲ့ပါပြီ။
တစ်ဝမ်းကွဲဆိုပေမဲ့မောင်နှမအရင်းတွေလိုပါပဲ။

အကိုကညီမထက်၇နှစ်ကြီးပါတယ်။သူဆုံးတော့23ပဲရှိပါသေးတယ်။အရင်နှစ်ဒီဇင်ဘာမှာအကိုဆုံးသွားတာပါ။ ဆုံးပြီးနောက်ပိုင်းဝင်ပူးတာတွေအိမ်မက်ပေးတာတွေရှိခဲ့ပါတယ်။စာရှည်သွားမှာစိုးလို့အဲ့တာတွေမပြောတော့ပါဘူး။

အကိုကအခုထိမကျွတ်သေးပါဘူးရွာကတောထဲကတဲမှာနေတယ်လို့သိရပါတယ်။
မကြာသေးခင်ကဝင်ပူးတော့သူကညီမတို့အဒေါ်ဆီမှာဝင်စားမယ်လို့ပြောပါတယ်။
အခုလက်ရှိမှာလဲညီမ‌အဒေါ်ကကိုယ်ဝန်နဲ့ပါ 2လလောက်ပဲရှိပါသေးတယ်။

တနေ့ကတောထဲကိုခဲအိုရဲ့‌ညီလေးကနတ်တင်ဖို့အတွက်အုန်းသီးလာယူရင်းနဲ့ပြောသွားခဲ့တာပါ။
သူကအကြားအမြင်ရတယ်လို့ပြောပါတယ်။
ညီမအဒေါ်ကမမေးပဲနဲ့ "ကြီးကြီးနောက်ကိုအကိုတစ်ယောက်လိုက်နေတယ်" လို့ပြောပါတယ်တဲ့။

"ကြီးကြီးဆီကိုဝင်စားချင်တာလို့ ကြီးကြီးကခွင့်မပြုလို့ဝင်စားလို့မရသေးပဲကြီးကြီးနောက်ကိုလိုက်နေတာ"

"ဒီည12နာရီကျရင်ညောင်ပင်‌ေအာက်သွားပြီးဝင်စားခွင့်ပြုတယ်လို့ပြောလိုက်နော် လုပ်ဖြစ်အောင်လုပ်နော်" ဆိုပြီးပြောတာပါ(တဲနားမှာညောင်ပင်ရှိပါတယ်) ပြီးတော့ရွာကအခြေအနေမကောင်းလို့တောထဲကတဲမှာပဲတစ်မိသားစုလုံးနေကြတာပါ။အဲ့ကောင်လေးရဲ့အကိုညီမခဲအိုတို့လင်မယားကတောထဲကိုစပါးရိတ်အငှားခေါ်ထားတာပါ။သူတို့ကတခြားရွာမှာနေတာပါ။

သူ့ကိုခနဝင်ပူးသွားပါတယ်။ဝင်ပူးပြီးတော့ "အမေကြီး(အဘွား) ကျနော်ပြန်လာတော့မှာ" ဆိုပြီး ငိုပြီးတော့ပြောပါတယ်တဲ့။ ပြီးတော့ "ညီမလေးကကျနော့်အကျီတွေကိုသူများကိုပေးနေတာ ကျနော်ပြန်လာပြီမပေးနဲ့တော့လို့ပြောလိုက်ဦး" လို့ပြောပါတယ်။ အဲ့ကောင်လေးကအကြာကြီးအပူးမခံတော့ခနပဲပူးလို့ရတယ်ဆိုပြီးထွက်သွားပါတယ်။အဲ့ညကျတော့ညီမအဒေါ်ကအိပ်ပျော်သွားတယ်။ အမေကြီး(အဘွား)ကို "အမေကြီးမအိပ်နဲ့နော်  အမေကြီးမအိပ်နဲ့နော်" ဆိုပြီးပြောတာကိုကြားနေရတယ်တဲ့
အဲ့တာနဲ့12ထိုးတော့အဒေါ့်ကိုနှိုးပြီးတော့ အဒေါ်ညောင်ပင်အောက်သွားပြီးပြောလိုက်ပါတယ်တဲ့။

ဝင်စားတာကအဲ့လိုခွင့်ပြုမှဝင်လို့ရတာလားရှင့်။အကိုကမကျွတ်သေးဘူးဆိုတာတော့သိပါတယ်။
သူရှိကြောင်းကိုလဲခနခနပြပါတယ်။
အကိုကဝင်စားမယ်ပြောလို့အဒေါ်တို့ကကလေးထပ်ယူတာပါ။ အဲ့တာလေးသိတဲ့သူရှိရင်ပြောပြခဲ့ကြပါဦးရှင့်။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now