17

527 12 0
                                        

၂၀၀၁/၉/၂၀ရက်နေ့ ကအဖေဆုံး၂၂နှစ်
ပြည့်ခဲ့ပြီ။ ပရလောကဆိုတာ မရှိဘူး မယုံဘူးလို့ပြောလို့မရပါဘူး။  အဖေ့ကဝအစာအိမ်ရောဂါနဲ့ဆုံးသွားတာပါ။ အဖေ့ရက်လည်နေ့ ညပေါ့ ညစောင့်ပေးတဲ့အကိုတယောက်နဲ့မောင်လေးပဲရှ်တယ် သူများတွေလိုလောင်းကစားဝိုင်းလဲမထောင်ဘူး ခင်မင်သူအချို့ကူစောင့်ပြီး ညနက်ရင် အိပ်ကြတယ်
၁၂နာရီ ထိုးခါနီး ကိုယ်နိုးလာတယ် အဖေ့အဝတ်အစားတွေလျှော်ပေးဖြစ်လို့ ရနေကြ အနံ့ကိုရလာတယ် စိတ်ထဲနည်းနည်းခြောက်ခြားသွားတယ်။ အဖေများလာပြီလားပေါ့ ပြောရဦးမယ်အဖေက ကိုယ့်တို့အခန်းနဲ့တွဲရပ်အခန်းမှာတယောက်ထဲအိပ်တာ
ကိုယ်ရယ် အမေရယ် နားမကောင်းတဲ့အဒေါ်အပျိုကြီးကတခန်းအတူတူအိပ်ကြတာ။ နောက်တော့မုန့်ပုံးအသံကြားတယ် အဖေတရေးနိုးဆာရင်စားဖို့မုန့်ထည့်ပေးထားတဲ့ပုံးအသံ
ဒီတော့မှ ကိုယ်လဲသက်ပြင်းချပြီး ဪ ကြွက်ကလဲတမျိုးနော် ဟဲ့ကြွက်ဟဲ့ကြွက်လို့ ခပ်တိုးတိုးမောင်းလိုက်တယ်။ ဒီတော့ ခဏကြာတိတ်သွားတယ် ကိုယ်လဲပြန်အိပ်မယ် လုပ်ရော ယပ်တောင် တဖြန်းဖြန်းခပ်သံကြားရပါရော  အဖေက တရေးနိုးအပေါ့ထသွားပြီးခြင်ထောင်ထဲဝင်ရင် ခြင်ဝင်မှာစိုးလို့ ခြင်ထောင်လှန်ရင်း လက်ကယပ်တောင်တဖျပ်ဖျပ်ခပ်နေကြလေ
ကိုယ် ချွေးပြန်သွားတယ် ဘုရားဘုရား ဒါဆိုအဖေပဲသေချာတယ် ဘယ်သူမှမရှိတဲ့အခန်းထဲကယပ်တောင်ခပ်သံ
ကိုယ်လှုပ်တောက်မလှုပ်ပဲအသေချာနားစွင့်တယ် ထူးဆန်းတာရောထိတ်လန့်တာရောနဲ့ ခုချိန်မဖေ့ကို အမျှထပေးရမလား ဒါဆိုသူများတွေကငါ့အဖေကိုသရဲဖြစ်သွားပြီ ပြောကြမလားတွေးပြီးစိုးရိမ်ခဲ့ ဘေးရပ်ကပ်အိပ်နေတဲ့ နားပါးတဲ့အမေကတုပ်တုပ်မလှုပ်ဘူး ကိုယ့်မှာချွေးတွေတကိုယ်လုံးပျံတာ  ဒယပ်တောင်ခပ်တာသျသိသာသာလုပ်ပြီးနောက်တိတ်ဆိတ်သွားတယ်။ ကိုယ်လဲ မနက်ထိအိပ်မပျော်တော့ဘူး မနက်က ပြောကြတော့ နားလေးတဲ့အဒေါ် အိပ်တဲ့ဘက်ကို ကုတင်ပုတ်အသံပေးပြီးနှုတ်ဆက်တယ် တဲ့အိမ်ခေါင်းရင်းကအကိုတို့ကိုခြေခံတဘုတ်ဘုတ်ပေးပြတယ်တဲ့ အဖေ့အခန်းကိုဝင်ကြည့်တော့ကုတင်အောက်မှာရက်လည်အလှုဟင်းရည်အိုးပေါ်မှာယပ်တောင်အကြီးကြီးထားချရက်သားတွေ့ရတယ် အမေ့ကငါ့ကိုတော့မနှုတ်ဆက်ဘူး တရေးမှမနိုး ဘာမှကိုမကြားရတာတဲ့။ ဒီတော့ ပရလောကသားတွေဆိုတာရှိကိုရှိပါတယ်။မယုံလို့မရပါဘူး။မဆုံဖြစ်ကြသေးလို့မယုံကြတာပါ။
စိတ်မကောင်းစရာက မဆုံးခင် ညဘက်က သမီးရေ မနက်ကြအဖေ့ကိုပဲပြုတ်နဲ့ ထမင်းလေးကြော်ပေးပါတဲ့။ အဖေ့ကိုမကျွေးလိုက်ရဘူး မဆုံးခင် ရေဆာတယ်ပြောလို့ ထတိုက်လိုက်ရတာပဲ ရှိတယ်။😭 အဖေကသတိရှိတယ် သူရေသောက်တာအဆင်ပြေမပြေကြည့်နေတာကိုသွားအိပ်တော့ ကြည့်မနေနဲ့တဲ့
ကောင်းရာဘဝရောက်ပါစေအဖေ နီးစပ်ရာ ကုသိုလ်လေးတွေ လုပ်ပေးရင်းအမြဲအမျှဝေဖြစ်ပါတယ်။ 🙏

ပရလောကနဲ့ဆိုင်တာတစ်ချို့
နောက်ထပ်မျှဝေစရာရှိပါသေးတယ်။ခုတော့ဒီလောက်ပါပဲနော်

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now