သိချင်တာလေးတစ်ခုရှိိလို့ပါ
လွန်ခဲ့တဲ့၆လလောက်ကအိပ်မက်တစ်ခုမက်တယ်ဗျ အိပ်မက်ထဲမှာကျနော်ကို့လူနှစ်ယောက်ကစကားတပြောပြောနဲ့ပုခုံးပေါ်ထမ်းပြီးခေါ်သွားတာဘယ်ကိုခေါ်သွားမှန်းလည်းမသိဘူး ပတ်ဝန်းကျင်တစ်ခုလုံးကလည်းအလင်းမရှိဘဲမှောင်နေရော မျက်နှာတွေတော့သဲသဲကွဲကွဲမမြင်ရပေမယ့်လူအရိပ်လောက်တော့မြင်နေရတယ် ထမ်းခေါ်သွားနေရင်းလူစုလူဝေးလိုနေရာနားရောက်တော့ပုခုံးပေါ်ကချပြီးလမ်းဆက်လျောက်ပြီးခေါ်သွားပါတယ်အဲ့ဒီလူတွေရဲ့အလယ်တော်တော်မြင့်တဲ့နေရာလောက်မှာပုလ္လင်တစ်ခုလိုမျိုးပေါ်ထိုင်နေတဲ့လူတစ်ယောက်ရှေ့ရောက်တော့ဘေးနားမှာရှိတဲ့လူတွေအကုန်လုံးကဒူးတုပ်ပြီးထိုင်ချလိုက်ပါလေရောကျနော်လည်းဘုမသိဘမသိနဲ့ဘေးကလူတွေလုပ်သလိုလိုက်လုပ်လိုက်တော့ပုလ္လင်ပေါ်ကလူကစကားပြောလာတယ်
'''' ငါကိုယ်တိုင်ခိုင်းထားတာကိုမလုပ်ဘဲလူ့တွေကြားထဲမှာပျော်ပြီးတာဝန်တွေမေ့သွားပြီလားးမေးတယ် ကျနော်လည်းဘာတာဝန်လည်းမေ့သွားပြီအခုချက်ချင်းအိမ်ပြန်ပို့ပေးဆိုပြီးဒေါသတကြီးပြောတော့အဲ့ဒီလူကဟက်ဟက်ပက်ပက်ရီပြီးဒါမင်းအိမ်ဘဲလေငါ့သားရဲ့ဆိုပြီးပြန်ဖြေတယ် ပြီးတော့ဆက်ပြောတယ် မင်းကိူခိုင်းလိုက်တဲ့တာဝန်တွေကိုမေ့မှာစိုးလို့ခေါ်ပြောရုံသက်သက်ပါကွာ ခဏနေရင်မင်းပြန်ရမှာပါမင်းကိုခေါ်လာတဲ့ကောင်လေးနှစ်ယောက်ကမင်းကိူပြန်ပို့ပေးပါလိမ့်မယ်ပြောတော့ ကျနော်ကမရဘူးဒီနေရာကအရမ်းမှောင်လွန်းတယ်အခုပြန်မယ်ပြောတော့ပုလ္လင်ပေါ်ကလူကကျနော့်ကိူခေါ်လာတဲ့လူနှစ်ယောက်ကိုပြန်လိုက်ပို့ခိုင်းပြီးကျနော့်ကိူမှာလိုက်တယ် နောက်ဆိုသူပြောချင်တဲ့တာတွေကိုကောင်လေးနှစ်ယောက်နဲ့မှာလိုက်မယ်အခုတော့ပြန်တော့ဆိူပြီးလွှတ်တော့ကျနော့်ကိုခေါ်လာတဲ့နှစ်ယောက်ကဘဲကျနော်ကို့လမ်းပြပြီးခေါ်သွားတယ်အိမ်ပြန်တဲ့လမ်းမှာ ကျနော်နဲ့ပါလာတဲ့နှစ်ယောက်ကကျနော့်ကိုတစ်ယောက်တစ်ပေါက်နဲ့စကားတွေပြောတယ်တစ်နေရာရောက်တော့သူတို့ကလက်ညိုးညွန်ပြပြီးအဲ့ဒီလမ်းအတိုင်းသွားအကိုကြီးကျနော်တို့ဒီအထိဘဲလိုက်ပို့လို့ရမယ် နောက်မှတွေ့ကြတာပေါ့ဆိုပြီးနှုတ်ဆက်တော့ကျနော်လည်းအေးအေးနောက်မှပေါ့လိူ့ပြောပြီးခပ်သုတ်သုတ်လေးလျှောက်သွားနေရင်းအိပ်ယာကနိုးလာရော ကျနော်လည်းဒီတိုင်းပေါက်ကရအိပ်မက်ဆိုပြီးမေ့မေ့ပျောက်ပျောက်ထားလိုက်တယ်။တစ်လနှစ်လလောက်ကြာတော့ထပ်မက်တယ်ဗျ ဒါပေမယ့်အမှောင်ထဲမှာတော့မဟုတ်တော့ဘူးကျနော်ဆိုင်တစ်ဆိုင်ကိုရောက်နေတာပြီးတော့စားပွဲထိုးလာချပေးတဲ့ရေကိုသောက်ပြီးဆေးလိပ်သောက်နေတုန်းဆိုင်အပြင်ကနေအသက်၂၀ဝန်းကျင်ကောင်လေး၂ယောက်ဝင်လာပြီးကျနော့ရှေ့လာထိုင်တော့ကျနော့်ကိုပြုံးစိစိနဲ့ကြည့်နေပြီးအဖေကျနော်တို့ကိုလာခိုငး်လိုက်လို့ဆိုပြီးပါလာတဲ့အထုပ်တစ်ထုပ်ကိုခုံပေါ်တင်ပေးတယ်အထုပ်ကိုဖြေကြည့်လိုက်တော့သားရေချပ်ဝတ်လိုလိုချပ်ဝတ်တစ်ခုရယ်လက်အိပ်တစ်စုံရယ်ဖိနပ်တစ်ရံပါလာတယ်ပြီးတော့ကောင်လေးနှစ်ယောက်ကကျနော့်ကိုနေရာတစ်ခုကိုသွားခိုင်းတယ်(နာမည်ကြီးဘုရားတစ်ခု)အဲ့ဒီမှာကျနော့်လူတွေရှိတယ် သူတို့ကိုစုပြီးတာဝန်ကိုဆက်လုပ်ဖို့ပြောပြီးပြန်သွားတယ် ကျနော်လည်းမေ့မေ့ပျောက်ပျောက်ထားလိုက်တာ ကောင်လေးနှစ်ယောက်ကအမြဲတမ်းရောက်ရောက်လာပြီးထပ်ခါထပ်ခါသွားဖို့ဘဲလာလာပြောနေတယ်အဲ့တာကျနော်သွားလိုက်သင့်လားသွားလိုက်ရင်ရောဘာဖြစ်သွားနိုငိလဲတစ်ချက်လောက်ဖြေပေးကြပါအုံး

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်