#doppleganger
#adminapprove
အစ်မကြုံခဲ့ဖူးတဲ့ Dopplegangerအဖြစ်အပျက်က၂ခု ရှိခဲ့ဖူးပါတယ်။
၂၀၁၅ လယ်ဝေးမှာတစ်ခါ၊၂၀၁၉ အိမ်ထောင်စကျခါစအချိန်မှာတစ်ခါ ကြုံခဲ့ရတာပါ။၂၀၁၅ခု နှစ်က ကြုံခဲ့ဖူးတဲ့အဖြစ်အပျက်ကိုတော့ အစ်မ Accountမှာ Publicနဲ့တင်ခဲ့ဖူးပါတယ်။၂၀၁၉ကအဖြစ်အပျက်ကိုတော့ မရေးဖြစ်ခဲ့ဘူး။အခုမှ ရေးချင်စိတ်လေးဖြစ်လာလို့ အခုညရေးလိုက်တာပါ။
၂၀၁၉ အိမ်ထောင်ကျပြီး ၄လပိုင်းမှာ တရားစခန်းဝင်ပြီးအိမ်အပြန်ရက်တွေမှာကြုံရတာပါ။အဲ့တုန်းကဆို ဆရာပါခေါ်ပြီး အိမ်ကိုသန့်အောင်ရှင်းလင်းရွတ်ဆိုလိုက်ရပါသေးတယ်။တ်ိုက်ခန်းအသစ်ကိုပြောင်းပြီးနေတာမကြာသေးတာလည်းပါမှာပေါ့နော်။
အဲဒီညက ရေချိုးခန်းမီးကျွမ်းသွားတော့ အမျိုးသားကမီးသီးလဲပြီး အိပ်ယာထဲအရင်ဝင်အိပ်သွားတယ်။ကိုယ်ကတော့ဖုန်းထဲကဇာတ်လမ်းကြည့်ပြီး မနက်ကျောင်းတက်ရမှာမလို့ ငါလဲအိပ်တော့မယ်လေဆိုပြီး ဖုန်းနဲ့မဟာသမယသုတ်လေးဖွင့်ပြီး အိပ်ပျော်သွားတော့တာ။
ဖြန်း ဖြန်း ”
အိပ်ပျော်နေရင်းမျက်နှာကိုရေတွေနဲ့လာဖြန်းလိုက်တာ လူလည်းလန့်ပြီးန်ိုးလာရော။မျက်နှာကိုလက်နဲ့ သုတ်လိုက်တော့ ရေတွေ တကယ်ပဲ ရွှဲနေတာ။အဲတာနဲ့ခေါင်းရင်းကိုကြည့်တော့ ဘာမှမရှိဘူး။မွေ့ရာဘေးကိုကြည့်လိုက်တော့ အမျိုးသားက မတ်တပ်ကြီးရပ်ပြီး ပြုံးကြည့်နေတာများ လန့်သွားတယ်။ဝတ်ထားတာလည်း အလုပ်သွားရင်ဝတ်သလို ကော်လံကတုံးအဖြူနဲ့ ပုဆိုးအသစ်နဲ့ ဆိုတော့ ဒေါသကတော်တော်ထွက်သွားတယ်။
*နင်ဘာလုပ်နေတာလဲ* လို့ပြောလိုက်ပေမဲ့ အသံက မထွက်လာဘူး။လည်ပင်းမှာတစ်နေတာ။
အဲ့အချိန်မှ စိတ်ကထင့်ခနဲဖြစ်ပြီး ညာဘက်ဘေးကိုကြည့်လိုက်တော့မှ အမျိုးသားက ဟိုဘက်လှည့်ပြီးအိပ်ပျော်နေတာတွေ့လိုက်ရတာ။မျက်လုံးတွေပါပြာပြီး ရင်တွေခုန်လာတာ လူကချွေးစေးတွေပါပျံလာရော။ပထမတစ်ခါကြုံဖူးပြီးပေမဲ့ အခြေ အနေချင်းမတူတော့ အရမ်းလန့်နေပြီး အမျိုးသားကို လှမ်းနှိုးဖို့လက်အကြွ အပြင်က အပြုံးကိုယ်တော်က ခြင်ထောင်မပြီးလက်ကိုလာကိုင်တယ်။အတွင်းထဲထိသူဝင်လို့မရပဲ ခြင်ထောင်အဖျားလေးပဲဟပြီးလာထိတာ အသားကို၊ ရေခဲ လိုအေးစက်နေတာပဲ။အဲ့အချိန်မှာပဲ လူကသတိဝင်လာပြီး *ကိုရေ ထ ထ* ထပါအုံးနဲ့ အော်နှိုးပြီး ငိုတာပဲ။မျက်စိမှိတ်ပြီးအသားကုန်အော်မှ ညာဘက်က လူအစစ်ကနိုးလာတော့တယ်။အဲ့အချိန်အပြင်ကလူက မရှိတော့ဘူး။ သူကနိုးနိုးချင်း ဘာဖြသ်တာလဲပြောပြီး မျက်နှာမှာရေစိုနေတဲ့အပြင်ငိုနေတော့ မျက်နှာသစ်တာ လိုက်ဖို့နိုးမရလို့ ငိုတယ်ပဲထင်နေတာ။လူက အရမ်းလန့်ပြီး ၃ရက်လောက်ဖျားတော့တာပါပဲ။အမျိုးသားကမနေ့ကအိပ်နေရင်းသူ့မျက်နှာလည်း ရေတွေလာဖြန်းလို့န်ိုးလာတယ်တဲ့။ဘေးကြည့်တော့ကိုယ်ကအိပ်နေတာနဲ့ သူကပြန်အိပ်လိုက်တာတဲ့။သူလည်း မော့ကြည့်ဖြစ်ရင်ကိုယ့်ပုံစံ တစ်ယောက်များတွေ့ မလားမသိနိုင်ဘူးနော်။အဲတာနဲ့အသိဆရာကအိမ်ထိရောက်လာ သေချာလုပ်ပေး၊စစ်ပေးနဲ့ နောက်ပိုင်း ဘာမှမတွေ့ရ၊မကြားရတော့ဘူး။ကြုံမဲ့သာကြုံရတာ အဲ့တုန်းက ပရိတ်ရွတ်၊ပုတီးစိပ်၊ပဌာန်းကျမ်းကြီးရွတ်၊တရားထိုင်နဲ့ ဘုရား၊တရားလည်းလုပ်ဖြစ်နေတာမို့ နာနာဘာဝလို့ ပြောရမှာအခက်ဖြစ်ခဲ့တာပါ။ခုရေးနေရင်းတောင် ပြန်မြင်ယောင်မိနေသေးတယ်။

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်