ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေး ပြောပြချင်လာလို့ပါ
ကျွန်တော် အလုပ်သင်ဆရာဝန်ဘဝတုန်းက တစ်ရက်မှာ သူငယ်ချင်းတွေစုပြီး တခြားဆေးရုံတစ်ခုက သူငယ်ချင်းတွေဂျူတီညကို သွားဝိုင်းကူကြပါတယ် လူနာမနိုင်လို့မဟုတ်ပဲ သူငယ်ချင်းတွေအလုပ်အတူတူလုပ်ရင်း ပျော်ချင်တာပေါ့ အဲ့ဆေးရုံမှာက သူငယ်ချင်း သုံးယောက် ကျွန်တော်တို့ကလေးယောက် အားလုံး ခုနှစ်ယောက်ပေါ့နော် မိန်းကလေးက သုံးယောက် ယောက်ျားလေးကလေးယောက် ဂျူတီက သားဖွားဆောင်မှာ ဆင်းရတာပါ ပထမတော့ အလုပ်တွေလုပ်လိုက် စလိုက်နောက်လိုက် ပျော်နေကြတာပေါ့နော် သားဖွားဆောင်က လူနာဆောင်နဲ့ တော်တော်လေးလှမ်းပါတယ် ဆရာဝန်တွေနားနေခန်းကျတော့ သားဖွားဆောင်ပြီး ဆက်သွားမှ ရောက်တာဆိုတော့ ဂျောင်ပိုကျတယ်
ဇာတ်လမ်းက အာ့ဆရာဝန်နားခန်းမှာ ဖြစ်တာပဲ အလုပ်တွေလဲအကုန်ပြီး ညသန်းခေါင်လဲရောက်ရော လူနာဆောင်လဲ အိပ်တဲ့လူနာတွေလူနာစောင့်တွေနဲ့တိတ်ဆိတ် သူနာပြုတွေလဲ သူ့နားခန်းနဲ့သူဝင်နား ကျွန်တော်တို့လဲ ဝင်အိပ်ကြမယ်ပေါ့ အဲ့အခန်းထဲမှာက ကုတင်ခပ်ကျယ်ကျယ် နှစ်လုံးရှိတော့ ယောက်ျားလေးလေးယောက်က တစ်ကုတင် မိန်းကလေးသုံးယောက်က တစ်ကုတင် အိပ်ကြတာပေါ့နော် ခြင်ထောင်တွေဘာတွေထောင်ပြီးတော့ အကုန်လုံးလှဲနေကြတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သီချင်းဖွင့်ထားပါတယ် မှတ်မှတ်ရရ အာ့အချိန်မှာ လာနေတဲ့သီချင်းက ချမ်းချမ်းရဲ့ ရှိသည်ဖြစ်သည် ပါ
အဲ့သီချင်းရဲ့အစမှာက သီချင်းက ညည်းသံလေးနဲ့စတာ အဲ့အချိန်မှာလဲ မိန်းမတစ်ယောက်ညည်းသံ အခန်းထဲကထွက်လာပါတယ် ကျွန်တေယ့သူငယ်ချင်းက အယ့အချိန်မှာ လှမ်းပြောလိုက်ပါတယ် မိန်းကလေးဖက်ကို အသံလဲ မကောင်းပဲနဲ့ လိုက်ဆိုမနေနဲ့ သီချင်းပျက်တယ်ပေါ့နော် အဲ့မှာ မိန်းကလေးဖက်က ဟဲ့ငါတို့ ဘသူမှ လိုက်ဆိုမနေဖူး ဆိုပြီးပြောလိုက်တော့ အကုန်လုံးက ကြောင်ပြီး ငြိမ်သွားတဲ့အချိန်မှာပဲ ညည်းသံကြီးက ပီပီသသကြီးထပ်ထွက်လာပါတယ် လူတွေနဲ့ဝေးတဲ့အခန်းထဲမှာမှ ကြားရတာလဲဖြစ် အခန်းထဲကလာတဲ့အသံဆိုတာလဲ သေချာနေတော့ ကျွန်တော်တို့အားလုံး ကိုယ်စီသိလိုက်တာ သရဲခြောက်နေပြီဆိုတာပါပဲ ဒါပေမယ့် ဘယ်သူမှလဲ ထွက်မပြေးရဲ လှုပ်လဲမလှုပ်ရဲဖစ်နေတာပေါ့နော် အဲ့အချိန်မှာ ဘယ်သူကစပြီးထွက်ပြေးလဲတော့မသိလိုက်ဖူး တယောက်လဲထပြေးရော အကုန်လုံးနောက်ကလိုက်ပြီး နောက်ကျခြေထောက်ဆိုပြီး ဝရုန်းသုန်းကားပြေးထွက်လာရတယ် အပြင်ရောက်တော့ သူနာပြုတွေနဲ့တွေ့တော့ပြောပြကြ အခန်းထဲလဲပြန်မဝင်ရဲ ဖြစ်နေတာပေါ့နော် သူနာပြုတွေကတော့ပြောပါတယ် ဒီရက်ပိုင်းခြောက်နေကြောင်း အိမ်သာမှာ လူမရှိပဲရေလောင်းသံကြားရတာနဲ့ လူနာဘီးတပ်ကုတင်တစ်ခုက လော့ချထားလဲ ညညဆို လမ်းအလည်ရောက်ရောက်လာကြောင်း သားဖွားလူနာတစ်ယောက် ဆုံးပါးပြီးမှဖြစ်တဲ့အကြောင်းပြောပြတော့မှသိရတယ်
နောက်အကြောက်ပြေသွားတော့လဲ အရမ်းအိပ်ချင်လာတော့လဲ အာ့အခန်းထဲပဲပြန်ဝင်အိပ်ရတာပါပဲ တနေကုန်ပင်ပန်းထားတာဆိုတော့လဲ ခဏလေးနဲ့အိပ်ပျော်သွားကြတာပါပဲ ခြောက်တာမခြောက်တာလဲ ဂရုမစိုက်နိုင်တော့ပါဖူး

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်