မနေ့ညက မေမြို့မှာ မြူတွေကျ သူငယ်ချင်းက အိမ်မှာလုပ်တဲ့ပွဲကည7နာရီပြီးပေမဲ့စကားကောင်းနေကြရင်းနဲ့ ည10:30မှပြန်တာ သူ့ကိုမြူတွေအရမ်းကျနေတယ် မီးတွေကလဲမလာ ကားမောင်းဖို့အဆင်ပြေမှာမဟုဘူး အိမ်မှာအိပ်ဆိုတာ ယောကျ်ားလေးကိုယ်ရှိနေတော့ သူငယ်ချင်းတွေပေမဲ့လဲမသင့်တော်တော့ သူပြန်မယ်ဆိုတော့ကျနော်အမေနဲ့သူ့ကိုလိုက်ပို့မယ်ပြောနေရင်းမီးကလာတော့ သူလဲပြန်မယ်ပြန်ရဲတယ်ကားလဲဖြေးဖြေးပဲမောင်းမယ် ဆိုပြီးထပြန်သွား မနက်ရောက်တော့ ဖျားနေတယ်လို့ phဆက်ပြော ညကမှအကောင်းကြီး ဘယ်လိုဖြစ်တာလဲမေးတော့ ညက လမ်းမှာ မြူတွေကျနေလို့ကားကိုဖြေးဖြေးမောင်းသွားနေချိန် Ruby Mark အကျော် သူတို့လမ်းထဲအဝင် ကားမီးအောက်လမ်းဘေးမှာ ငုတ်တုတ်ကြီးထိုင်နေတာ မြူတွေနဲ့အေးနေတာ ဘာလုပ်နေလဲဆိုပြီးဖြေးဖြေးမောင်းရင်းကြည့်တာ သူ့ကိုလက်ယက်ခေါ်နေတာတဲ့ အနားကားဖြတ်သွားချိန် မျက်နှာကပြောင်ကြီးတဲ့ သူကလဲလန့်ပြီး မောင်းမပြေးပဲ ကားရပ် လန့်ပြီးထိုင်ငိုနေတာတဲ့ နောက်သတိရလို့ကြည့်တော့ အာ့လူကမရှိတော့ဘူးတဲ့ သူလဲဒီမနက်ဖျားပါလေရော အခုထိ အဖျားမပျောက်သေး
Comment ⬇️⬇️⬇️
Ruby mark နားက guest house တစ်ခုမှာ ၁၀ ရက်တည်းခိုအနားယူသော မီ မနက်ဆိုပန်းအိမှာသွားစား
နေဝင်ဆည်းဆာချိန်မှာ
Ruby mark မှာ လိုချင်တာမွှေ စားချင်ရာစားပြီး နေဝင်မိုးချုပ်စမှ ကားလမ်းကူးပြန်တိုင်း
စိတ်မသန့်ခဲ့ အိမ်တစ်ချို့ကလဲ
လူရှိမနေတော့ ပြန်လာချိန်ဆို
စိတ်မသန့်ပဲ တစ်မျိုးကြီးဖြစ်နေတာ ဒါကြောင့်ကိုး
ညစာအတွက် ကြက်ကြော်နဲ့မုန့်က ဝယ်လာခဲ့ရတာမို့ အခုမှတွေးပြီးလန့်လာတယ်
ပထမကိုဗစ်ပြီးကာစဆိုတော့
မီးကကောင်းကောင်းလာနေသေးတာ
မှောင်မိုက်တော့မနေဘူးပေါ့Comment ⬇️⬇️⬇️⬇️⬇️
ကျွန်တော့်အကိုဖြစ်ခဲ့တာကလည်း
အဲ့လိုပဲဗျ. လွန်ခဲ့တဲ့ 15နှစ်လောက်ကပေါ့ ဆိုင်ကယ်တွေ ခေတ်မစားသေးဘူး မိသားစုကလည်း ဆင်းရဲတော့ စက်ဘီးလည်း မဝယ်နိုင်ဘူး နေတာတော့ မြစ်ကမ်းတဖက်က ရွာမှာပေါ့ အဲ့ကျ မနက်ဆို အလုပ်ကို ခြေလျင်သွားရတယ် မြစ်က ရေကြီးချိန်လောက်ပဲ သွားမရတာ ပုံမှန်အချိန်ကတော့ လမ်းတွေဘာတွေ အကုန် ရှိတယ် တနေ့ကျ အလုပ်က နောက်ကျတော့ အိမ်ပြန်ချိန်လည်း နောက်ကျတာတဲ့ ၁၀နါရီလောက်မှ ပြန်တာတဲ့ လမ်းတလျှောက်မှာက အုတ်ဖိုတွေ ရှိတယ်
အဲ့အုတ်ဖိုတွေ နားရောက်တော့ ဘေးကနေ လူတယောက် လိုက်လာသလို ခံစားရတာတဲ့ အဲ့တာနဲ့ အနောက်လှည့်ကြည့်တော့ သူ့ဘေး ရောက်နေပြီတဲ့ အမျိုးသမီးတယောက်တဲ့ ဆံပင်က ရှည်သလောက် မျက်နှာကျ ပါမလာဘူးတဲ့ သူ့ကို ကျော်တက်သွားပြီးတော့ အုတ်တွေ စီထားတဲ့ နေရာထဲကို ဝင်ပြီး ပျောက်သွားတဲ့ အဲ့နောက်ပိုင်းက စပြီး ညနေဆိုတာနဲ့ ရွာပြန်လမ်းကို တယောက်ထဲ ခြေလျင် ဘယ်တော့မှ မပြန်တော့ဘူးတဲ့

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်